မြန်မာ့နှစ်သစ်ကူးဆုတောင်း
ယနေ့သည် မြန်မာတို့ရဲ့ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။
မြန်မာလူမျိုးများသည် ဗုဒ္ဓဘာသာဝင် များဖြစ်ကြ၍ ဤကဲ့သို့ နေ့ထူး
နေ့မြတ် ချိန်ခါတွင် ဘုရားသွားကျောင်းတက် ကုသိုလ်ယူကြသည်။
သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း ၊ လက်သည်းခြေသည်း
ညှပ်ပေးခြင်း စသဖြင့် သက်ကြီးရွယ်အိုများကို ပြုစုပေးခြင်းဖြင့်လည်း
ကုသိုလ်ယူကြသည်။
နှစ်သစ်ကူး နေ့ဆန်းတစ်ရက် နေ့တွင် အဝတ်စားသစ်များ
ဝတ်စားဆင်ယင်ကြသည့်။ ဤကဲ့သို့ အဝတ်စားသစ်များ ဝတ်ဆင်ခြင်းသည် ကောင်းခြင်း မင်္ဂလာများ မိမိထံသို့ ရောက်လာလိမ့်မည်ဟု ခံယူထားကြခြင်းကြောင့်ဖြစ်သည်။
အဝတ်စားသစ်များ ဝတ်ဆင်ကြသလို မိမိ၏စိတ်ကို အသစ်ဖြစ်အောင် ထားရှိဖို့လိုအပ်ပါသည်။ နှစ်ဟောင်းမှာ တွေးတောခဲ့သမျှ ၊ ကြံစည်ခဲ့သမျှတွေကို မေ့ထားခဲ့ပြီး
နှစ်သစ်မှာ အတွေးသစ်အမြင်သစ်များဖြင့် ဘဝကို ဖြတ်သန်းကြဖို့ လိုအပ်ပါသည်။
နှစ်ဟောင်းမှာ မအောင်မြင်ခဲ့မှုတွေ ၊ ဆုံးရှူံးမှုတွေ ၊ ထိခိုက်နာကျင်ခဲ့ မှုတွေကို မေ့ပစ်ပြီး နှစ်သစ်မှာ ဘယ်လိုအောင်မြင်အောင်လုပ်ဆောင်မလဲ ၊ မိသားစုနဲ့ အတူ ပျော်ရွှင်စွာ ဘယ်လိုဖြတ်သန်းကြမလဲ ဆိုတဲ့ စိတ်ကူးသစ် ၊ အကြံဥာဏ်သစ်တွေဖြင့် အစီစဉ်များရေးစွဲကြကာ နှစ်သစ်ကို ဖြတ်သန်းကြမည်ဆိုပါက တကယ့်စစ်မှန်သော နှစ်သစ်ကို ပိုင်ဆိုင်ကြရမည်မှာ ဧကန်အမှန်ပင်ဖြစ်ပေသည်။
ထို့ကြောင့် နှစ်သစ်မှာ မြန်မာ စတီးမစ် မိသားစုဝင်များလည်း
စိတ်သစ် ၊ လူသစ် ဖြင့် ဘဝသစ်ကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ...
ဆက်လက်ပြီး ညနေက ဘုရားသို့ သူငယ်ချင်းများနှင့်အတူ သွားရောက် လယ်ပက်ခဲ့ကြပုံများကို ရှူစားပေးကြပါဗျာ...
ကိုကိုမိုးဟိန်း
သစ်အယ်သီး
KoKoMoeHein @myanmarkoko
MSC no.118
Leave မြန်မာ့နှစ်သစ်ကူးဆုတောင်း to:
Read more #myanmar posts
Best Posts From KoKoMoeHein
We have not curated any of myanmarkoko's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From KoKoMoeHein
- Buying Rising Star Card Packs And Drawing Chibi For R160 Melody
- Drawing Anime Style For 105 Louise And Buying Rising Star Card Packs
- Playing Rising Star Game Back: Drawing Anime For R180 Avril
- ခေါင်းစဉ်မဲ့ကဗျာ - ၁၅
- ခေါင်းစဉ်မဲ့ကဗျာ - ၁၄
- Rainy Season and Home
- ခေါင်းစဉ်မဲ့ကဗျာ - ၁၃
- My Today's Activities: Preparing To Plant Trees
- ခေါင်းစဉ်မဲ့ကဗျာ - ၁၂
- ခေါင်းစဉ်မဲ့ကဗျာ - ၁၁