ခေါင်းစဉ်မဲ့ကဗျာ - ၁၄
ငါသွားနေတဲ့ခရီး ဘယ်မှာဆုံးမလဲ?...
လမ်းမသိလို့ ပျောက်တာလား?
လမ်းပျောက်လို့ မသိတာလား?
တကယ်တော့...
ပန်းတိုင်းတို့ ရည်မှန်းချက်တို့ဆိုတာလဲ
ဘဝနေမဝင်ခင် ခဏနားခိုရမဲ့
ဇရပ်ပဲမဟုတ်လား?
နောက်ဆုံးမှာတော့
လူသားတိုင်းရဲ့ ခရီးအဆုံးသတ်က အတူတူပါပဲ။
မိုးရွာထဲသွားနေတာချင်းအတူတူ
တချို့က မိုးကာအင်ကျီဝတ်ပြီး သစ်ပင်ရိပ်မှာ
မိုးခိုနေလေရဲ့...။
မိုးရွာထဲ မိုးကာအင်ကျီမပါပဲ
လမ်းလျှောက်နေတဲ့ ငါကပဲ ရူးတာလား?
မိုးကာအင်ကျီဝတ်ပြီး
မိုးခိုနေတဲ့လူတွေပဲ ထူးတာလား?
ဒါမှမဟုတ်...
ငါတစ်ယောက်တည်းပဲ မိုးနက္ခမိနေတာလား?
ဘာပဲဖြစ်ဖြစ်ပါလေ အိမ်ရောက်ရင်တော့
ဖလူဆာ (Fluza) သောက်ရမယ်...
ကိုကိုမိုးဟိန်း
#KoKoMoeHein
@myanmarkoko
Leave ခေါင်းစဉ်မဲ့ကဗျာ - ၁၄ to:
Read more #myanmar posts
Best Posts From KoKoMoeHein
We have not curated any of myanmarkoko's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.