KoKoMoeHein  avatar

ခေါင်းစဉ်မဲ့ကဗျာ - ၁၅

myanmarkoko

Published: 13 Jul 2026 › Updated: 13 Jul 2026ခေါင်းစဉ်မဲ့ကဗျာ - ၁၅

ခေါင်းစဉ်မဲ့ကဗျာ - ၁၅

အနှစ် ၂၀ ကြာခဲ့ပြီးနောက်
အရာအားလုံးပြောင်းလဲသွားခဲ့ပြီ
တချို့က သားတွေ သမီးတွေနဲ့ ကိုယ်ပိုင်မိသားစုဘဝလေးမှာ
အတည်တကျ ရှိနေကြပြီ။
တချို့က ဆရာဝန်
တချို့က စစ်ဗိုလ်
တချို့က စီးပွားရေးသမားတွေ ဖြစ်နေကြပြီ။
တချို့ကတော့ ဒီလောကကြီးကို နှုတ်ဆတ်ထွက်ခွာသွားပြီ။
ဒါပေမဲ့ သစ္စာတရားကြီးမားပြီး
ဘယ်တော့မှ ပြောင်းလဲမသွားတဲ့
အမှန်တရားနှစ်ခုတော့ရှိတယ်
အဲ့တာ ကျွန်တော်နှင့် ကျွန်တော်ငယ်ငယ်ကတက်ခဲ့တဲ့
စာသင်ကျောင်းက မုန့်စျေးတန်းကလေးပါပဲ...။

IMG_20260627_101235.jpg

ကိုကိုမိုးဟိန်း
#KoKoMoeHein
myanmarkoko@myanmarkoko

Leave ခေါင်းစဉ်မဲ့ကဗျာ - ၁၅ to:

Written by

Thanks to every single day and smile

Read more #myanmar posts


Best Posts From KoKoMoeHein

We have not curated any of myanmarkoko's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From KoKoMoeHein