KoKoMoeHein  avatar

မတောင်းဆိုပဲနှင့်

myanmarkoko

Published: 10 Jun 2026 › Updated: 10 Jun 2026မတောင်းဆိုပဲနှင့်

မတောင်းဆိုပဲနှင့်

တစ်နေ့က ကိုဂျူမှုံ အိမ်ကိုလာတယ်။ ကိုဂျူမှုံဆိုတာက အဝတ်အထည်တွေကို ကြွေးစနစ်နဲ့ ရောင်းချသူပါ။ ကိုဂျူမှုံရဲ့ ခွေးဘီလူး ကားပေါ်က အထည်တွေကို အမေက ကြည့်ရှုနေတယ်။ ခဏကြာတော့ အမေက ကျွန်တော့်အတွက်ဆိုပြီး ခြင်ထောင်ဝယ်လာပေးတယ်။ လက်ရှိ ကျွန်တော့်ခြင်ထောင်က ဟောင်းပြီး ပေါက်နေတာကို အမေသတိထားမိသွားတယ် ထင်တယ်။ ဒီလပိုင်းမှာ အမေက ကျွန်တော့်အတွက် အဝတ်စားတွေကို ဝယ်ပေးတယ်။ ကျွန်တော်က မလိုအပ်ဘူး ရှိတာလေးနဲ့ ဝတ်စားနိုင်ပါတယ်၊ အလကားပိုက်ဆံကုန်တယ်လို့ ပြောပေမဲ့ မရဘူး။ ပြီးခဲ့တဲ့အပက်ကတောင် အပြာရောင် ပုဆိုးတစ်ထည် ဝယ်လာပေးပြန်တယ်။

အမေတစ်ယောက်ဟာ သားသမီးခြောက်ယောက်ကို လုပ်ကျွေးနိုင်တယ်။ ဒါပေမဲ့ သားသမီး ခြောက်ယောက်က အမေအိုတစ်ယောက်ကို မလုပ်ကျွေးနိုင်ဘူးတဲ့။

အမေဟာ သားသမီးတွေလိုရဲ့ အပ်ချက်တွေကို ခွန်အားရှိသလောက်၊ ဉာဏ်စွမ်းရှိသလောက် ဖြည့်ဆည်းပေးခဲ့တယ်။ အမေဟာ ကျွန်တော်တို့အတွက် မြင့်မိုရ်တောင်ကြီးပါပဲ။ ထိုမြင့်မိုရ်တောင်ကြီး နားဖျားခဲ့ရပြီ။ ဇရာရဲ့ ထုထောင်းခြင်းကို ခံခဲ့ရပြီ။ ပြီးခဲ့တဲ့ရက်က အမေဟာ ရုတ်တရက် လေဖြန်းသွားတယ်။ လမ်းကို ကောင်းကောင်း မလျှောက်နိုင်တော့။ စကားကို ကောင်းကောင်းမပြောနိုင်တော့။ တုန်ရီနေတဲ့ အမေ့လက်တစ်စုံကို ဆုပ်ကိုင်မိတော့ ကျွန်တော့်စိတ်ထဲ အရမ်းဝမ်းနည်းမိတယ် မေမေ။ စိတ်ချပါ အမေ။ အမေဟာ သားသမီးတွေအပေါ် တာဝန်ကျေခဲ့သလို သဖန်ပြန်ပြီး အမေ့အပေါ် တာဝန်ကျေစေဖို့ ကျွန်တော်ကြိုးစားသွားမှာပါ။ ဒီအတွက် အမေတောင်းဆိုဖို့ မလိုအောင် လိုလေးသေးမရှိ ဖြည့်ဆည်းပေးရင်း မွေးကျေးဇူး၊ ကျွေးကျေးဇူး ကိုပြန်ဆပ်ခွင့်ပေးပါ... အမေ။

IMG_20260610_182539.jpg

ကိုကိုမိုးဟိန်း
#KoKoMoeHein

myanmarkokoHive account@myanmarkoko

Leave မတောင်းဆိုပဲနှင့် to:

Written by

Thanks to every single day and smile

Read more #myanmar posts


Best Posts From KoKoMoeHein

We have not curated any of myanmarkoko's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From KoKoMoeHein