KoKoMoeHein  avatar

တရားပါသလား?

myanmarkoko

Published: 17 Feb 2026 › Updated: 17 Feb 2026တရားပါသလား?

တရားပါသလား?

မတရားတာကို မတရားဘူးလို့
မပြောရဲရင်
နှုတ်ပိတ်နေလိုက်ပါ
တရားပါတယ်လို့တော့ မပြောပါနဲ့...

အောင်ဆန်းစုကြည်


venice-sd35---free_2026-02-17T13-46-33-998Z.png

ကျွန်တော်တို့ကမ္ဘာကြီးမှာ အရာရာဟာ တရားမျှတပါတယ်လို့ ခုခေတ် အောင်မြင်ရေးတရားဟောသူတွေနဲ့ အဆင်သင့်လိုက်ပြောသူများက ပြောလေ့ရှိကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ယောင်လည်လည်နဲ့ "ဟုတ်တာပဲ" ဟုထောက်ခံခဲ့ဖူးတယ်။ မထိန်မချန်ပြောရရင် ဆရာဘွဲ့ခံ အောင်မြင်ရေးတရားဟော ဆရာကြီး "လင်းသိုက်ညွန့်" ရဲ့ဟောပြောချက်တွေကို လူငယ်ပီပီ သူမကို ချစ်သလိုမျိုး မျက်စိစုံမှိတ်ပြီး ယုံခဲ့ဖူးတယ်။ တကယ်တမ်း လက်တွေ့ဘဝမှာ ကြုံရတဲ့ အတွေ့ကြုံတွေ (သို့မဟုတ်) ရင့်သန်သော တွေးခေါ်မှုနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားကြည့်တော့ အရာလုံးဟာ တရားမျှတမှု ရှိပါရဲ့လားလို့? မေးခွန်းထုတ်မိလာတယ်။

လောကကြီးက တရားပါတယ်။ ဉီးထုပ်ကို ဉီးထုပ်နေရာ၊ ဖိနပ်ကို ဖိနပ်နေရာ ပေးထားပါတယ်

လင်းသိုက်ညွန့်


ဆရာလင်းသိုက်ညွန့်ရဲ့ အဲ့ဒီစကားကို သိပ်နှစ်ခြိုက်ခဲ့ဖူးတာပေါ့။ ဆရာ့ရဲ့ ပထမဆုံး ထုတ်ဝေခဲ့တဲ့ "ညီမလေးရယ်" ပြောပြမယ်ဆိုတဲ့ စာအုပ်လေးကို သိပ်သဘောကျ နှစ်သက်လွန်းလို့ ညီလေးကို လက်ဆောင်ပေးခဲ့တယ်။ ကျွန်တော့်ရဲ့ တိုးတက်အောင်မြင်ချင်တဲ့ စိတ်ကို ဒိုင်းကနဲ၊ ဒိုင်းကနဲ ပွင့်သွားအောင် လုပ်ပေးနိုင်ခဲ့တဲ့ စာအုပ်ပါ။ တကယ်တော့ လက်တွေ့ဘဝမှာ ဒီစာအုပ်တွေဟာ တချို့အတွက် အထောက်အကူပြုနိုင်ပေမဲ့၊ လူတိုင်းအတွက်တော့ လက်တွေ့ကျတဲ့ လမ်းညွန်မှု မဟုတ်ဘူးဆိုတာ သတိထားမိလာတယ်။ အောင်မြင်ရေး အကြောင်းနဲ့ ဆက်စပ်လို့ ရေးမိတာနဲ့ ပြောချင်တဲ့ ခေါင်းစဉ်က လွဲတော့မယ်။ ကဲ အရာအားလုံးဟာ တရားပါတယ်တဲ့။

venice-sd35---free_2026-02-17T13-46-39-030Z.png

လူ့လောကကြီးမှာ အရာအားလုံးဟာ သူ့နေရာနဲ့သူ၊ သူ့တာဝန်နဲ့သူ၊ သူ့အားသာချက်နဲ့သူ ပေးထားပါတယ်။ ဒါဆို နေလုံးကြီး ဘာလို့ ဂြိုလ်တွေအားလုံးထက်ကြီးနေရတာလဲ?။ ဘာလို့ ကမ္ဘာမှာပဲ လေရှိပြီး တခြားဂြိုလ်တွေမှာ လေမရှိရတာလဲ?။ လူတချို့က ချမ်းသာပြီး လူတချို့က ဘာကြောင့်ဆင်းရဲရတာလဲ? တကယ်တော့ အစတည်းက အရာအားလုံးဟာ တရားမျှတမှု မရှိနေခဲ့တာပဲ။ ဒါဟာ သဘာဝတရားပဲ။ မင်းကလျှောက်ပြောနေပြီ။ အရာအားလုံးဟာ တရားပါတယ်။ သူ့အကြောင်းနဲ့သူဖြစ်ပျက်နေကြရတာပါ။ ဒါဆို ဘယ်သူ့မှ မထိခိုက်ပဲ သမင်လေးတွေက ဘာလို့ ကျားရဲ့သတ်စားတာကို ခံရတာလဲ?။ သမင်လေးက သူကိုယ်တိုင် ကျားသတ်စားတာခံချင်လို့ သမင်ဘဝကို ရယူခဲ့တာမှ မဟုတ်ပဲ။ ဟုတ်တယ်ဆိုရင် ကျားလိုက်ရင် ငြိမ်ခံနေမှာပေါ့။ အရာအားလုံးဟာ တရားပါတယ်ဆိုတဲ့ စကားဟာ အောင်မြင်သူတွေ အများစု ပြောလေ့ရှိတဲ့စကားပါ။ အမှန်တရားကို လက်တလုံးကြားနဲ့ လိမ်ညာနေကြတာပါ။ သူတို့ပြောတဲ့အတိုင်းကြိုးစားရင် နေ့ချင်း၊ ညချင်းပဲ သူတို့လို အောင်မြင်နိုင်တော့မလိုနဲ့ ပြောတက်ကြတယ်။ တကယ့်အမှန်တရားကို ချန်ထားကြတယ်။ အဲ့တာက လူတိုင်း ငါပြောတဲ့အတိုင်းကြိုးစားလို့ ငါလိုတော့ မအောင်မြင်နိုင်ဘူးဆိုတာကိုပါ။

ကျွန်တော်က အောင်မြင်တဲ့ လူတွေ ချမ်းသာတဲ့လူတွေကို မနာလို အပုပ်ချပြီး ပြောနေတာ မဟုတ်ပါဘူး။ လောကကြီးမှာ အရာအားလုံးဟာ တရားမျှတမှု မရှိဘူးဆိုတဲ့ အမှန်တရားကို စဉ်းစားကြည့်ယုံပါ။ တရားမျှတမှုအတွက်ကြတော့ ICJ တရားရုံးမှာ အာပေါက်မတက်ပြောရ၊ ဘယ်လို၊ ဘယ်ညာ အစီရင်ခံစာအထပ်ထပ်နဲ့ တင်ပြရပေမဲ့ မတရားမှုကြတော့ မျက်စိတမိတ်အတွင်း ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကျူးလွန်နေကြတာ မဟုတ်လား? ဉပမာ မြန်မာနိုင်ရဲ့ အမှုကိုပဲကြည့်ပါ။ မင်းတို့နိုင်ငံရဲ့ ဝါဒက နျူပိုင်ရင် အန္တရယ်ရှိလို့ ငါတို့က ပိတ်ပင်ရတာ။ မင်းတို့ကြောင့်ဆိုပြီး လက်စားချေလို့ မဆိုင်တဲ့ ပြည်သူတွေ သိန်းပေါင်းများစွာသေဆုံးရတာ စတဲ့သတင်းတွေကို နေ့စဉ်ကြားနေရတယ်။ ဘယ်မှာလဲ တရားမျှတမှု။ တရားမျှတမှုဟာ အဲ့သလောက်ပြသဖို့၊ ပြောပြဖို့ ခက်နေရင် အရာအားလုံးဟာ တရားမျှတပါတယ် ဆိုတဲ့စကားကို လွယ်လွယ်မသုံးသင့်ဘူးလို့ ကျွန်တော်ထင်တယ်။

venice-sd35---free_2026-02-17T13-46-45-433Z.png

မတရားတာကို မတရားဘူးလို့
မပြောရဲရင်
နှုတ်ပိတ်နေလိုက်ပါ
တရားပါတယ်လို့တော့ မပြောပါနဲ့...

အောင်ဆန်းစုကြည်

#ai-images




Thanks for Reading

Written by:
#KoKoMoeHein
myanmarkokoHive account@myanmarkoko


Leave တရားပါသလား? to:

Written by

Thanks to every single day and smile

Read more #myanmar posts


Best Posts From KoKoMoeHein

We have not curated any of myanmarkoko's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From KoKoMoeHein