Yin Naing Thu Lay
ဘဝဆိုတာ
အရူးမောင်းလာတဲ့
လေယာဉ်ပျံကိုစီးလာရတာပဲ
ပိုပြီး ပျော်ပျော်ရွှင်ရွှင်နေဖို့ စဉ်းစားတယ်
ပြန်ဆင်းလို့မရတော့ဘူးကိုး။
၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။
၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။
၃။ ရေချိုးစဉ် သီချင်းဆိုပါ။
ကားမောင်းသူအတော်များများ ကြုံလေ့ရှိတာက
ကားရှေ့က ဖြတ်ကြတဲ့လူတွေအပြင်
ကားရှေ့က ဖြတ်ကြတဲ့ ခိုတွေ ခွေးတွေ ကြောင်တွေပါ။
အချို့ဆို လူယဉ်လွန်းအားကြီးနေပြီး ကြောက်ရကောင်းမှန်းမသိ
တော်တော်နဲ့ ထမပျံ၊ တော်တော်နဲ့လမ်းမဖယ်ပေးတာတွေ ခဏခဏ ကြုံရပါတယ်။ အာကာသလမ်း
ဘဝဆိုတာ
အရူးမောင်းလာတဲ့
လေယာဉ်ပျံကိုစီးလာရတာပဲ
ပိုပြီး ပျော်ပျော်ရွှင်ရွှင်နေဖို့ စဉ်းစားတယ်
ပြန်ဆင်းလို့မရတော့ဘူးကိုး။
၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။
၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။
၃။ ရေချိုးစဉ် သီချင်းဆိုပါ။
ကားမောင်းသူအတော်များများ ကြုံလေ့ရှိတာက
ကားရှေ့က ဖြတ်ကြတဲ့လူတွေအပြင်
ကားရှေ့က ဖြတ်ကြတဲ့ ခိုတွေ ခွေးတွေ ကြောင်တွေပါ။
အချို့ဆို လူယဉ်လွန်းအားကြီးနေပြီး ကြောက်ရကောင်းမှန်းမသိ
တော်တော်နဲ့ ထမပျံ၊ တော်တော်နဲ့လမ်းမဖယ်ပေးတာတွေ ခဏခဏ ကြုံရပါတယ်။
ဒီနေ့ လမ်းကြားတစ်ခုထဲ ကားဖြတ်မောင်းရင်း မျက်နှာချင်းဆိုင်လာနေတဲ့ကားတစ်စီးရဲ့ လုပ်ရပ်တစ်ခု လှမ်းမြင်လိုက်ရတယ်။
မောင်းလာတာ ကိုယ်ပိုင်ကားပါ။ ကားအကောင်းစားကြီးပေါ့။
လမ်းကလည်း နည်းနည်းကျဉ်း ဘေးဝဲယာမှာ ကားတွေရပ်ထားတဲ့အခါ တော်တော်ကျဉ်းထဲကြပ်ထဲ သတိထားပြီး ဖြည်းဖြည်းမောင်းရပါတယ်။
သူ့ကားရှေ့မှာ ခွေးတစ်ကောင် ကိုးလိုကန့်လန့်လုပ်နေတယ်။
ကားသံကြားရဲ့သားနဲ့ လူယဉ်လွန်းနေတာလား
လန့်ရကောင်းမှန်း မသိတာလားတော့မသိ
လမ်းဘေးမဆင်းဘူး။
အဖြစ်အပျက်က မိနစ်ဝက်လောက်တောင် မရှိပါဘူး။
တကယ်တမ်းဆို ဟွန်းတီးရင်လည်း ပြီးတဲ့ကိစ္စ
ကားသမားက ခပ်ဆတ်ဆတ် တိုက်ပစ်လိုက်တယ်။
ခွေးက တစ်ချက်အော်ပြီး လမ်းဘေးရောက်သွားတယ်။
ကားက ဘာမှမဖြစ်သလို ဆက်မောင်းသွားတယ်။
ကိုယ်အရမ်း အံ့သြသွားမိတယ်။
လောကမှာ ခွေးနဲ့ပြိုင်မိုက်သူတွေ အများကြီးပါလားလို့။
ခွေးမှန်တယ်လို့ မဆိုလိုပါဘူး
ခွေးဆိုတာ မှန်တယ်မှားတယ် ဘယ်ခွဲခြားတတ်မှာမို့လဲ။
ဒါပေမယ့် ကားမောင်းသွားသူက ခွေးတစ်ကောင်မှ မဟုတ်တာ။
ကိုယ်ကတော့ ဒီလူ့မျက်နှာ မမြင်လိုက်ရပေမယ့် ခွေးနဲ့ပြိုင်ကိုက်တဲ့ကောင်လို့ပဲ ပျစ်ပျစ်နှစ်နှစ် သတ်မှတ်လိုက်တယ်။
ကိုယ်က တိရိစ္ဆာန်ချစ်သူတစ်ယောက်မဟုတ်သလို အရမ်းသနားကြင်နာတတ်တဲ့အထဲလည်း အရမ်းမပါလှပါဘူး။
ဒါပေမယ့် ကိုယ်ချင်းစာတရားဆိုတာကို ကိုယ်ကောင်းကောင်းနားလည်တယ်။
ကိုယ်မနာချင်သလို သူတို့လည်း ဘယ်နာချင်ပါ့မလဲ။
ဒါက ကိုယ်ချင်းစာတရားပါ။
ကိုယ်တောင် ကားလမ်းပေါ်တက်ရင် ကားတိုက်ခံရနိုင်မှန်း သိတာ၊ ခွေးကဘာလို့မသိတာလဲလို့
ကိုယ်နဲ့နှိုင်းယှဉ်စာနာတာဟာ ကိုယ်ချင်းစာတရားမဟုတ်ဘူး။ ငါဆိုတဲ့အတ္တကို အခြေခံတဲ့ ငါချင်းစာတရားပါ။
အရင်ကတော့ Onlineပေါ်မှာ ငါချင်းစာတရားကြီးနဲ့
ငါတောင်သိတာ ဒီကောင်ကမသိဘူး
သောက်ပိန်းကောင်ဆိုပြီး ဖင်ပိတ်ကန်မိခဲ့တာတွေ ပြန်တွေးရင် ဪ.. ငါလည်း တစ်ချိန်က ခွေးနဲ့ပြိုင်ကိုက်မိခဲ့တာပါလားလို့ အသိဝင်ရတယ်။
လောကမှာ ခွေးကို ခွေးလိုမြင်
ခွေးကို ခွေးလိုလက်ခံပေး
ခွေးဉာဏ်ရည်ကို ခွေးဉာဏ်ရည်လောက် နားလည်ပေးတတ်ဖို့ဆိုတာလည်း
မွေးမြူသင့်မွေးမြူထိုက်တဲ့ အရည်အချင်းတစ်မျိုးပါလားပေါ့။

Leave Yin Naing Thu Lay to:
Read more #esteem posts
Best Posts From We Love SMT
We have not curated any of moehein's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.