We Love SMT avatar

Thin Thin wai chit tel

moehein

Published: 09 May 2018 › Updated: 09 May 2018Thin Thin wai chit tel

Thin Thin wai chit tel

~
သူ့ ဘဝထဲ ထီးလေးတစ်ချောင်း ဖြစ်ခွင့်ရပါရစေ ...

မိုးရွာတဲ့အခါ ... image
သူ မိုးမစိုအောင် ကာကွယ်ပေး ...
နေပူတဲ့အခါ ...
သူ့ မျက်နှာနုနု နေမထိစေဖို့ ... အရိပ်ပေးခွင့်ပြုပါ ' သူ ~~~

#မယ်
#ဘယ်ချိန်တွေ မယ့်ကို သတိတရရှိတတ်လဲဟင်?
၁ အစားကောင်း သို့မဟုတ် မယ် ကြိုက်တဲ့အစားအစာစားနေချိန်

၂ ခံစားရတာ ရင်ဖွင့်ချင်လာချိန်

၃ ပျော်ရွှင်နေရချိန်

၎ အကူအညီလိုချိန်

၅ အသည်းကွဲလို့ နှစ်သိမ့်စကားကြားချင်ချိန်

၆ အပျင်းပြေစကားပြောချင်ချိန်

၇ စိတ်ဓါတ်ကျချိန်

၈ သိပ်လှတဲ့ရှုခင်းလေးတွေမြင်ရလို့ မယ့်ကို ပြချင်ချိန်

၉ Mae Coffee ကိုသတိရတာ coffee သောက်နေချိန်

ဘယ်အချိန်လဲဟင် သတိရမိတတ်တာ ...
ဒါမှမဟုတ် ...
ဘယ်ခါမှ သတိမရဘူးပေါ့နော်.

gn!

ချစ်တယ် 😍

#မယချစ်ခြင်းမေတ္တာကလား ...
သူအိပ်ချိန်ဆို ... လွမ်းနေရက်တောင် မတ်ဆေ့မပို့ရက် ...
ကိုယ့်မတ်ဆေ့သံနဲ့ သူနိုးသွားမလားစိုးရိမ် ...
ကိုယ့်အလွမ်းတွေ ကိုယ့်ဘာသာသိမ်းဆည်းမိတာမျိုး ...

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါစေ ... သူ ...

ကိုယ်လား ?
လွမ်းနေတယ် ...

#မယ်မယ့် စာအုပ်လေးတွေ ဒီလကုန် စာတိုက်ကနေ အားလုံးဆီ ပို့ပေးနိုင်ဖို့ကြိုးစားနေပါတယ်.
သင်္ကြန်ရက်တွေခံတော့ ဒီလမှာ ခရီးထွက်သူအတော်များပါတယ်.

မယ် သာခဏလေးရန်ကုန်အလည်ပြန် စာအုပ်ကိစ္စလုပ်နိုင်ရင် အဆင်ပြေမှာပါ.
မယ် အလည်မပြန်နိုင်တော့ ... ရန်ကုန်မှာ ဖေဖေ နဲ့ အဒေါ်ဘဲရှိပါတယ်.
ဖေဖေက သူ့အလုပ်တွေနဲ့သူမအားတော့ အဒေါ်ကို အကူအညီတောင်း ... အဒေါ်ကလည်း YTU စာမေးပွဲရှိတော့ သူစာသင်ချိန်တွေ သူ့ကျောင်းနဲ့ မယ့် ကိစ္စအာရုံမစိုက်နိုင် ...

စာတိုက်ကနေ စာအုပ် ၁၅၀ ကိုပို့ဖို့ သူအဆင်ပြေပါ့မလားစိတ်ပူပြီး ပုသိမ်က ဦးလေးက စာစီစာရိုက်လုပ်ငန်းရှိပြီး သူ့ဆိုင်က ကလေးတွေက စာအုပ်တွေစာတိုက်ကပို့ပေးဖို့ အကူအညီလှမ်းတောင်းတော့ အဆင်ပြေသွားပါတယ်. ဦးလေးကလည်း သူ့သား ၁၀ တန်းစာမေးပွဲဖြေတာနဲ့ ၁၀ တန်းစာမေးပွဲပြီး အဒေါ် YTU က ကျောင်းသားတွေ စာမေးပွဲပြီးမှ မယ့် စာအုပ်ကိစ္စစကားပြောရလို့ပါ.

စာအုပ်မှာ လက်မှတ်ပါဖို့ မယ် ဒီကနေ A4 စာရွက်တွေမှာစာရေး လက်မှတ်ထိုး အဒေါ်ဆီကို ဒီက courier service ကနေပို့ရပါမယ်. အဒေါ်ကနေ အဲ့စာရွက်တွေကို ပုသိမ်ပို့ ... စာရွက်တွေရောက်ရင် စာအုပ်တွေရှေ့မှာ ထည့်ချုပ်ဖို့ပါ

မြန်မာပြည်နေရာအနှံ့အတွက်စာအုပ်တွေ ပုသိမ်စာတိုက်ကနေ ဦးလေးဆိုင်က ကလေးတွေပို့ပါမယ်.
စာတိုက်ကနေ စာအုပ်တွေ ပို့တဲ့အချိန် ဖေ့ဘွတ်ကနေ ပြောပါမယ်. ခန့်မှန်းခြေ ဒီလကုန် သို့မဟုတ် နောက်လ ပထမအပတ်လို့ ခန့်မှန်းပါတယ်ရှင်.

ဒီနိုင်ငံ နဲ့ တစ်ခြားနိုင်ငံအတွက် စာအုပ်တွေ ပုသိမ်က ဦးလေးက ရန်ကုန်ကအဒေါ်ဆီပို့ ... အဒေါ်က စာအုပ်တွေကို courier service ကနေ မယ့်ဆီပို့ ... မယ်စာအုပ်တွေရရင် SingPost ကနေ ဒီနိုင်ငံ နဲ့ တစ်ခြားနိုင်ငံတွေကိုပို့ပါမယ်. မယ် SingPost ကနေ စာအုပ်တွေပို့မယ့်ရက်က မေလ ဒုတိယအပတ်လို့ ခန့်မှန်းပါတယ်.

ပုံနှိပ်တိုက်ကထုတ်ဝေ ... စာအုပ်ဆိုင်တွေဆီရောက်တာမဟုတ်ဘဲ ... ကိုယ့်ဘာသာစီစဉ် စာတိုက်ကနေ စာအုပ်တွေပို့ဖို့လုပ်တာ ကြန့်ကြာမှုရှိခဲ့လို့ မယ် အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်ရှင်.

မယ့်မှာ ကွန်မန့်တွေပြန်ဖို့အကြွေး ...
ဖရန့်တွေလက်ခံဖို့အကြွေးတွေရှိပါသေးတယ် ...
ဒီအကြွေးတွေကိုလည်း တဖြည်းဖြည်းဆပ်နေပါတယ် ...
တနင်္လာကနေ သောကြာကို ရုံးသွားတဲ့လမ်း နေ့လည်စာထမင်းစားချိန် ညနေရုံးပြန်လမ်း အိမ်ရောက်ပြီး မအိပ်ခင်အချိန်လေးတွေမှာ မယ့် ကိုယ်ရေးကိုယ်တာလေးတွေလုပ် စာရေး စာပြန်လေးတွေလုပ်ရပါတယ်. စနေ တနင်္ဂနွေက လူမှုရေး တွေဘာတွေရှိတော့ စာရေးခြင်းဘက် အချိန်ပြည့်မရှိခြင်းပါ.

ဘယ်လိုဘဲဖြစ်ဖြစ် ...
မယ့် လိုအပ်ချက်တွေရှိရင် ဒါတွေဟာ မယ့် အားနည်းချက်မို့ မေတ္တာဖြင့်ခွင့်လွှတ်နားလည်ပေးပါရန် အနူးအညွှတ်တောင်းပန်အပ်ပါသည်ရှင်.

အားလုံးကိုကျေးဇူးတင်ပါတယ်.

Leave Thin Thin wai chit tel to:

Written by

Read more #esteem posts


Best Posts From We Love SMT

We have not curated any of moehein's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From We Love SMT