တရားသဘော . . .သဘောတရား
တရားသဘော . . .သဘောတရား
အတိတ်က အကြောင်းဆက် ကံတွေနဲ့ ရုပ်နဲနာမ် ရကာ လူဖြစ်လာခဲ့ကြရတယ်။
ရရှိထားသော ရုပ်နဲ့နာမ်ကို အစွဲပြုပြီး ငါ့ခန္ဓာ ငါ့စိတ် ငါပိုင်သော ငါ ငါနဲ့ တငါထဲ ငါပြီး ငါ့ရုပ်လေး ကြည့်ကောင်းအောင်လို့ လူတောတိုးအောင်လို့ ပြင်ကြ ဆင်ကြ ခြယ်မှုန်းကြရ ! ငါ့ခန္ဓာလေး အများအမြင်မှာ လှပတင့်တယ်နေအောင် ဆင်ယင်ထုံးဖွဲ့ ဝတ်စားကြရ !
အမယ်လေးး လေး ငါ့မျက်နှာမှာ ဝက်ခြံတွေပ့လား ? အမယ်လေး ငါ့မျက်နှာလေး နေလောင်လို့ မည်းနေပေါ့. . . မဖြစ်သေးပါဘူး ဝက်ခြံပျောက်အောင် လုပ်အုံးမှ ! မဖြစ်သေးပါဘူး နေလောင်ထားတော့ (SLလို) မည်းညိုနေပေါ့ အသားအရေ ဝင်းပနေအောင် ပြန်လည်ပြုပြင်အုံးမှ . . . ။
ဟင်း. .ငါ့ဗိုက်ခေါက်ကြီးက ထူလိုက်တာ . .. ဗိုက်ပူကြီးဖြစ်ပြီး မလှမပ ဖြစ်နေပ့လား စိတ်ညစ်ပါတယ်ဟယ်. . .ဟင်း ငါ့ကိုယ်လုံးကလည်း ခင်သန္တာသက်ချိုပြုံးကြီး ဖြစ်နေပာရောလား . . . အရင်လိုလည်း မလှတော့ဘူး ဘယ်လိုလုပ်ရပ့ . . . ဂျင် ဆော့ရင်ကောင်းမလား ? လမ်းလျှောက် လေ့ကျင့်ခန်းလုပ်ရင် ကောင်းမလား ? လားး လားး?
ဒါတွေက ဘာတွေလည်းဆိုတော့ ရရှိထားသော ခန္ဓာကြီးကို တွယ်ငြိစွဲမက်နေတော့ ရုပ်ခန္ဓာ၏ မတည်မြဲမှုသဘော . .ဖောက်ပြန်မှုသဘောတွေကို မမြင်မတွေ့နိုင်ပဲ. . ငါ့ခန္ဓာ ငါ့ရုပ်နာမ်ကြီးဆိုပြီး အစွဲကြီးစွဲမိကြပြီး
အများသူငှာ အမြင်မှာ တင့်တယ်လှပ ကျော့ရှင်းနေလိုသော လောကီဂုဏ်ကို မက်နေမိကြခြင်းပါ ။
ကိုယ့်ခန္ဓာကို ကိုယ်ပိုင်တယ်လို့ လောကီသဘောနဲ့ချည့် ခွမြင်နေကြတော့ မလိုလားအပ်သော သောကအပိုတွေ ပွားရပါတယ် ဒီလိုလူတွေဟာ ခန္ဓာကိုယ်ကြီး တစ်ခုခုဖြစ်ရင် ပိုစိတ်ဆင်းရဲသောက ရောက်ရပါတယ်။
ဥပမာ. . နေမကောင်းဖြစ်နေတဲ့သူတစ်ယောက် နလံပြန်ထ နေကောင်းလာပါတယ် ဆိုပါတော့ . .. ရုပ်နဲ့ခန္ဓာကို တပ်မက်မှုအားကြီးနေသူဆိုပါက . . မှန်လေး ကြည့်လိုက် နေမကောင်းထားလို့ ဂျုံးဂျုံးကျထားတဲ့ ကိုယ့်ရုပ်ကို မြင်လိုက် . . .ငါ့မျက်နှာလေး အရင်လို မဟုတ်ပ့လား . . .ငါ့ခန္ဓာကိုယ်လည်း အရင်လို မလှတော့ဘူး . .ချောင်ကျနေတာပဲ . . . ဒုက္ခပါပဲ. . . ဒီရုပ် ဒီပုံနဲ့တော့ အပြင်သိပ်ထွက်လို့ မဖြစ်သေးပါဘူး စိတ်ညစ်ပါတယ် . . .ဆိုပြီး သောကဆင့်ပွားခံစားနေရပါလိမ့်မယ်။
ရုပ်ခန္ဓာကြီးကို ကိုယ်က အမှန်တကယ် မပိုင်မှန်း အသိတရားရှိသူကတော့ . .. .သြော် မဖျားချင်လည်း ဖျားရ. . မနာချင်လည်း နာရသည်ကော . . .
ရုပ်ခန္ဓာက မတည်မမြဲဖောက်ပြန်တတ်သော သဘောရှိပါတကား . .. . ဘယ်အရာမှ မတည်မြဲပ့လား . .. အခု မသေလို့ နေပြန်ကောင်းလာပြီဆိုတော့ ကိုယ်လုပ်စရာရှိတာတွေလည်း လုပ်ရင်း . .
ကုသိုလ်ကောင်းကျိုး အများအတွက်သယ်ပိုးသွားအုံးမှ . . .ဆိုသော အတွေးများနဲ့ . . . . ။
ရုပ်ခန္ဓာကို ပိုင်သည်ဆိုင်သည်ဟု ယူဆကာ
တဏှာသဘောဖြင့် တပ်မက်မောသူက အချိန်များစွာကို ဒီရုပ်ဒီခန္ဓာကြီး အတွက် ပြင်ဆင်ခြယ်မှုန်း ပြုပြင်ခြင်းတို့ဖြင့် အသုံးပြုကြတယ်။ ဟယ်ချောလိုက်တာ မှုန်နေတာပဲ . . .လှနေတာပဲ ဆိုသော ပြောစကားတွေကို ချီးကျူးသံတွေကို တပ်မက်မိကြတယ်။ လှပနေဖို့ ပြုပြင်ခြယ်မှုန်းလိုက်. . .လူတွေက လှတယ် ပြောလိုက် ..နဲ့ နောက်ဆုံးမှာတော့ လူတွေအမြင်မှာ လှပနေစေဖို့အတွက် ရုပ်ကြီးကို ပြင် ခန္ဓာကြီးကို ထိန်းသိမ်းရင်း နေ့စဉ်တိုင်ပတ်ကာ စွဲလမ်းမှုတရားနဲ့ ပူလောင်နေရ ။
လောကရဲ့မမြဲခြင်းသဘော ခန္ဓာကိုယ်၏ ဖောက်ပြန်ခြင်း သဘောကို သိသူကတော့ . . . ရရှိပိုင်ဆိုင်ထားသော ရုပ်နဲ့ခန္ဓာကို အလုပ်ပတ်ဝန်းကျင်နဲ့ လိုက်ဖက်ညီစွာရှိနေရုံလောက်သာ သင့်တင့်ရုံ ပြင်ဆင်ပြီး နေတတ်တော့ အပိုအပူသောကတွေကြား ဗျာများမှု ကင်းသဖြင့် အေးချမ်းလျှက်နေနိုင်ကြတယ်။
ခန္ဓာကိုယ်ကြီးကို ကိုယ်ပိုင်တယ်ထင်ပြီး တပ်မက်လွန်း စွဲလမ်းလွန်းရင် ဘာတွေဖြစ်လာသလဲ ဆိုတော့ . . .
အများနဲ့ ယှဉ်ရင် ပိုလှချင်လာတယ်. . ပတ်ဝန်းကျင်က ဂရုစိုက်တာ ခံချင်လာတယ်. . .ဘယ်နေ့ဘယ်အချိန်မှာ ပျက်ဆီးယိုယွင်းသွားမလဲ မသိနိုင်တဲ့ ရုပ်နဲ့ခန္ဓာကြီးကို မြဲမြံတယ်လို့ ထင်မှတ်ကာ ဂုဏ်မောက်မှုတွေနဲ့ ရှင်သန်နေထိုင်တယ်။
ဒီတော့ ဒီရုပ်ခန္ဓာကြီး ထိန်းသိမ်းရင်း အချိန်တွေကုန် . . .ကိုယ့်ထက် သူများသာ သွားမှာ မလိုစိတ်တွေဝင်လာပြီး သောကတွေ အဆင့်ဆင့် ပွားလာကြရော။ နောက်ဆုံးမှာတော့ ဘယ်သူတွေက "လှလိုက်တာနော် ဘာညာနဲ့ ဘယ်လို ချီးကျူး ချီးကျူး " ကိုယ့်မှာတော့ အလိုမကျမှုတွေ မောက်မာမှုတွေ မနာလိုမှုတွေ သောကတွေ အပူတွေနဲ့ အမှန်တကယ် လိုအပ်သော စိတ်ချမ်းသာမှု စိတ်ကောင်းထားမှုတွေ ပျောက်ဆုံး လူဖြစ်ရှုံးရမှုတွေ ဖြစ်လာရော။
ရုပ်နဲ့ခန္ဓာရဲ့ မတည်မြဲခြင်းသဘော ဖြစ်ခြင်း ပျက်ခြင်း သဘောတရားတွေကို နားလည်တဲ့သူကတော့
ဒီဘဝမှာ ရထားသော အငှားခန္ဓာရုပ်ကြီးကို သင့်တင့်ရုံ ပြင်ဆင်နေထိုင်တယ်။ မတည်မြဲသော ဘဝမှာ ကြိုမမြင်နိုင်သော အဆုံးသတ် နေ့စွဲတွေ မရောက်ခင်အထိ
ကိုယ်လုပ်စရာ ရှိတာတွေကို လုပ်ပြီး အများအတွက် ကိုယ်ကူညီနိုင်တာ ကူညီကာ နေထိုင်းရင်း ကိုယ့်ထက်သာသူတွေ့ပါက မုဒိတာပွား၊ နိမ့်ကျသူတွေ့ပါက ကရုဏာထားပြီး ဆက်ဆံဖေးကူရင်း အေးချမ်းစွာ ဖြတ်သန်းသွားကြလေ့ရှိတယ်. . .။ စိတ်ဟာ အေးချမ်းတဲ့အတွက် ရုပ်မှာ သွားပေါ်ပါတယ်။ ဒီတော့ အေးချမ်းတဲ့အလှတရားကို အလိုလို ပိုင်ဆိုင်သူအဖြစ် ဝံ့ထည်စွာ လူချစ်လူခင်များသော သူအဖြစ် ရောက်ရှိနိုင်ပါတယ်။
ဒါဟာ တရားသဘောရဲ့ အခြေခံ သဘောတရားလေး မျှသာပါပဲ. . . ! ဒီမမြဲခြင်း သဘောတရားလေး တစ်ခုကို အမှန်တကယ်သိရုံနဲ့ နားလည်ရုံနဲ့ ဘဝရဲ့နေ့ရက်တွေမှာ အေးချမ်းစေ ! အပိုအပူအပင်တွေ ထိုက်သင့်သလောက် ကင်းဝေးပြီး အေးချမ်းသော အလှတရားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါကြောင်း . နဲ့. . . ကျနော့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းများလည်း ပူပင်သောကကင်းဝေးသော အေးချမ်းသော အလှပိုင်ရှင်များဖြစ်ကာ လူချစ်လူခင်ပေါများနိုင်ကြပါစေကြောင်း မေတ္တာလောင်းလျှက်
MSC-253
@masterinnwa
Leave တရားသဘော . . .သဘောတရား to:
Read more #myanmar posts
Best Posts From Master InnWa
We have not curated any of masterinnwa's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Master InnWa
- Lucky သို့မဟုတ် ကျေးဇူးရှင်လေး (၅)
- Lucky သို့မဟုတ် ကျေးဇူးရှင်လေး (၄)
- Lucky သို့မဟုတ် ကျေးဇူးရှင်လေး (၃)
- Lucky သို့မဟုတ် ကျေးဇူးရှင်လေး (၂)
- Lucky သို့မဟုတ် ကျေးဇူးရှင်လေး
- ကော်ပီပို့စ် . . . ပို့စ်ကော်ပီ . .Copy Post . . . Post Copy
- အတွေးစများ အပိုင်း(၁)
- ကိုယ့်ဖုန်း ကိုယ့်ဘေလ်ဖြင့် စိတ်ချမ်းမြေ့စွာ နေထိုင်ပါ
- တရားသဘော . . .သဘောတရား
- ချစ်ခင်တွယ်ငြိမှု သံယောဇဉ် . . . . .