Master InnWa avatar

အ​တွေးစများ အပိုင်း(၁)

masterinnwa

Published: 29 May 2018 › Updated: 29 May 2018အ​တွေးစများ  အပိုင်း(၁)

အ​တွေးစများ အပိုင်း(၁)

အ​တွေးစများ အပိုင်း(၁)

နှစ်​ရက်​ သုံးရက်​ခန့်​ ဆက်​တိုက်​ ရွာ​နေ​သော မိုး​ကြောင့်​ ​အေးစိမ့်​ကာ ချမ်းစိမ့်​စိမ့်​ဖြစ်​​​နေ၏. . သို့​ကြောင့်​ ​စောင်​​ခြုံကာ ​ကွေး ​နွေး​နွေး​လေး​နေ ​နေရ၏။

ဤသို့ ​အေး​ဆေး ​နွေး​ထွေးစွာ​နေ​နေကာမှ တစ်​​ယောက်​ပြီး တစ်​​ယောက်​ ​ခေါ်ဆို​နေသဖြင့်​ တစ်​​နေကုန်​ ဖုန်းသံမစဲ မနားတမ်း ​ဖြေဆို​နေရ​လေ၏။ အမယ်​​လေးနာ်​ . . ငါ့ရဲ့ သာယာ​နွေး​ထွေး​သော အချိန်​ကာလ​လေးကို ဖုန်း​ခေါ်ပြီး ဖျက်​လုပ်​ဖျက်​ဆီး လုပ်​​နေကြတယ်​ ဟု မ​ကျေမနပ်​​တွေး မိလိုက်​​သေးသည်​။

သို့​သော်​ ​စေ့​စေ့​တွေး ​ရေး​ရေး​ပေါ်ဆိုသလိုပင်​ . .. တကယ်​တမ်း​တော့ ဒီဖုန်း​တွေ ရှိကာ ဆက်​သွယ်​​ရေး ​ကောင်းမွန်​လာခြင်းသည်​ အလွန်​အင်​မတန်​မှ ​ကောင်း​ပေသည်​။

ဟိုးယခင်​ ကျ​နော်​တို့ ​ကျောင်းတက်​​နေစဉ်​ကဆိုရင်​ ​သူငယ်​ချင်း​တေ ဘယ်​လောက်​ပင်​ ခင်​မင်​ရင်းနှီးချစ်​ခင်​ကြသည်​ဖြစ်​​ပါ​စေ . .. ​ကျောင်းပြီး၍ ကိုယ့်​နယ်​ ကိုယ့်​​ဒေသ ပြန်​ကြပြီဆိုလျှင်​ အဆက်​အသွယ်​ပြတ်​​တောက်​ကာ ခင်​မင်​ရင်းနှီးမှုများ တစ်​ခန်းရပ်​ခဲ့ရသည်​ချည့်​ပင်​။

ထိုသို့ဖြင့်​ နယ်​မတူ မြို့အလှမ်း​ဝေးသဖြင့်​ ဆက်​သွယ်​ရ မလွယ်​ကူကာ အခင်​မင်ပျက်​ခဲ့ရ​သော အ​ပေါင်းအသင်းများမှာ များစွာ များစွာပင်​။ ​ကျောင်းတုန်းက အတူတူ ဆိုးခဲ့ ကဲခဲ့ ချစ်​ခင်​​ဖေးမခဲ့မှုပုံရိပ်​များသာ ရင်​ထဲ နှလုံးသားထဲတွင်​ အမှတ်​တရပုံရိပ်​များ အဖြစ်​သာ ​ထင်​ကျန်​​နေရစ်​ခဲ့ရ​ပေသည်​။

are-there-too-many-android-phones-video.jpg

ယခုကာလမှာ​တော့ ဆက်​သွယ်​မှု​တွေလည်း ​ကောင်းလာ လူတိုင်းနီးပါးမှာလည်း ဖုန်း​တွေ ရှိ​နေပြီမို့ မြို့ရွာနယ်​ပယ်​​ဒေသ မည်​မျှပင်​ ​ဝေးပါ​စေ အဆက်​အသွယ်​ မပြတ်​ ၊ အခင်​အမင်​ အရင်းအနှီး မပျက်​​တော့​ချေ။

မိသားစုကိစ္စ၊မိတ်​​ဆွေအ​ပေါင်းအသင်း အ​ရေး​ပေါ်ကိစ္စများဆိုလျှင်​လည်း ဖုန်းတစ်​ချက်​ ဆက်​ရုံဖြင့်​ သိလာနိုင်​သလို ​တော်​ရုံအလုပ်​ကိစ္စဆိုလျှင်​လည်း ဖုန်းတစ်​ချက်​ဖြင့်​ ပြီး​မြောက်​နိုင်​လာ​ပေသည်​မို့ ကျ​နော်​တို့ ငယ်​စဉ်​က ယခင်​​ခေတ်​ကာလ အချိန်​များနှင်​စာလျှင်​ များစွာ အဆင်​​ပြေ​ချော​မွေ့​လာ​ပေသည်​။

သို့​ကြောင့်​ မိုး​အေး​အေးနဲ့ ​စောင်​ခြုံ​ကွေး​နေရချိန်​ ဖုန်း​တွေ လာ​နေသည်​မှာ ဇိမ်​ပျက်​​သော်​လည်း တစ်​ခုခုဆိုလျှင်​ ယခင်​အချိန်​ကလို အဆက်​အသွယ်​မပျက်​​ လွယ်​ကူ​ချော​မွေ့​နေ ရှိ​နေရသည်​ကပင်​ စိတ်​ချမ်း​မြေ့စရာ​ပေတကား ဟု ​ဖြေ​တွေး​ကျေနပ်​ လိုက်​​လေရ​တော့သည်​တကား . . . ။

masterinnwa@masterinnwa
MSC-253
Photo Credit: Google Search

Leave အ​တွေးစများ အပိုင်း(၁) to:

Written by

Mutual reliance & Keep pace with modren age !

Read more #myanmar posts


Best Posts From Master InnWa

We have not curated any of masterinnwa's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Master InnWa