mahaw avatar

ဟိုမရောက် သည်မရောက်

mahaw

Published: 18 May 2020 › Updated: 18 May 2020ဟိုမရောက် သည်မရောက်

ဟိုမရောက် သည်မရောက်

FB_IMG_1589141594941.jpg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။
ဘဝမှာ ခါးသီးမှုကို များများခံရတဲ့သူတွေဟာ တွန်းအားတွေဖြစ်ပြီး အောင်မြင်တဲ့သူတွေ ဖြစ်တတ်ကြတယ်။ လူတိုင်းမဟုတ်ပေမယ့် အထွဠ်အထိပ်ထိအောင်မြင်သူတွေဟာ ဆင်းရဲသား လူတန်းစားများတယ်။ဆင်းရဲသားတိုင်း မအောင်မြင်ပေမယ့် အောင်မြင်သူတော်တော်များများဟာ ငယ်စဥ်က ဆင်းရဲခဲ့ကြတယ်။ ကျွန်တော်ဘာကိုသတိထားမိလဲဆိုတော့ တွန်းအားဆိုသောအရာထက် ဟိုမရောက်သည်မရောက် အလယ်အလတ် အဆင့်သမားတွေကို သတိထားမိလိုက်တယ်။ ငွေကြေးချမ်းသာမှု အောင်မြင်မှု နယ်ပယ်အတွင်းသာ ဆိုလိုသာမဟုတ်ဘဲ နယ်ပယ်အားလုံးကို ဆိုလိုချင်ပါတယ်။ နယ်ပယ်တိုင်းမှာ ဟိုမရောက် သည်မရောက်သမားတွေများတယ်။ထူးချွန်တယ် ပိုတော်တယ်ဆိုတာ ဟိုမရောက်သည်မရောက် လူတွေထက် သာမန်လူတွေထက် အနည်းငယ်သာ ပိုတာပါ။ဥပမာပြောရမယ်ဆိုရင် ပြိုင်ပွဲတွေတိုင်းမှာ ပ ဒု တ သမားတွေဟာ အခြားပြိုင်ပွဲဝင်ထက် အပြတ်အသတ် မကွာပါဘူး။ မတိမ်းမယိုင် ပန်းဝင်တယ် အမှတ်ဆိုလည်း မတိမ်းမယိမ်းပါဘဲ။ ပြောရမယ်ဆိုရင် သီးခြားလူတန်းစားတွေ မဟုတ်ဘူး။ချမ်းသာတဲ့သူဌေးဘဲဖြစ်ဖြစ် နယ်ပယ်အရပ်ရပ်မှာ ဖြစ်ဖြစ် ထိပ်ရောက်နေသူတွေဟာ သီးခြားလူတန်းစား မဟုတ်ပါဘူး။ ဟိုမရောက် သည်မရောက် လူတွေရှိလို့သာ ပဒုတတို့ကို ဆုတစ်ခုအဖြစ် ခေါ်ဝေါ်သမုတ် ခြင်းဖြစ်ပါတယ်။ ကျွန်တော်ဘာကိုဆိုလိုချင်တယ်ဆိုတာ ထပ်ရှင်းပြပါ့မယ်။ ကျောင်းသားတွေကို ၅မှတ်တန် သင်္ချာတစ်ပုဒ် ဖြေခိုင်းတယ်ဆိုပါစို့။ တစ်တန်းလုံး အဖြေမှန်နေရင် ဒီထဲမှာ ပထမရတဲ့သူဆိုတာ ရှိပါ့ဦးမလား။
ကျွန်တော်ပေးချင်တဲ့ messageမှာ သိစေချင်တာ နှစ်ချက်ပါဝင်ပါတယ်။
၁။ပထမတန်းစားတွေဟာ ဟိုမရောက်သည်မရောက်လူတွေရှိလို့သာ ဖြစ်ခွင့်ရတာဖြစ်တယ်။
၂။သင်ဟာ ဟိုမရောက်သည်မရောက် အုပ်စုဝင် ဖြစ်နေသရွေ့ သင်ဟာ ပထမတန်းစား ဖြစ်လာမှာမဟုတ်ဘူး။
ကျွန်တော်အပါအဝင် လူတော်တော်များများဟာ ဟိုမရောက်သည်မရောက် အုပ်စုထဲမှာ ကျင်လည်နေကြတယ်။ မလုပ်ဘူးလားဆိုတော့ လုပ်တယ်။ လုပ်နေလားဆိုရင်လည်း မလုပ်ဘူးလို့ ဖြေရမယ့်သဘော ဖြစ်နေတယ်။ အမြဲမှ မလုပ်တော့ လုပ်နေလားလို့မေးရင် ဟင့်အင်းပေါ့။ မသိဘူးလားမေးရင် သိတယ် ၊တကယ်ထိထိရောက်ရောက်သိလားဆိုတော့ ဟင့်အင် ပေါ့။ ဟိုမရောက်သည်မရောက် ဖြစ်ရတဲ့အကြောင်းအရင်းက တစ်စိုက်မတ်မတ် မပြုလုပ်ခြင်းရဲ့ အကျိုးဆက်ပါ။ဟုတ်ပြီ ထိုသို့ဘာလို့ဖြစ်ရတာလဲ ကျွန်တော်တို့ စဥ်းစားဘို့ မကောင်းဘူးလား။ ဆောင်းပါးအစမှာ အဖြေရှိနေပါတယ်။ အောင်မြင်သူ တော်တော်များများရဲ့ ငယ်ဘဝဟါ ဆင်းရဲနေခြင်း။ သူတို့မှာ တွန်းအားတစ်ခု စိတ်ခွန်းအားတစ်ခုဟာ မပြတ်မောင်းနှင်ခြင်းခံရသလို ကြိုးစားလုပ်ကိုင်နေလေ့ရှိတယ်။ ဒါဆို ဟိုမရောက်ဒီမရောက်သမားတွေ အဓိကလိုနေတာက တွန်းအားဘဲ။တွန်းအားရှိမှ စိတ်ထက်သန်မှုတို့ ဝီရိယတို့ အမြဲရှိနေမှာဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း ကိုယ်ဖြစ်ချင်တဲ့နယ်ပယ်မှာ တွန်းအားတစ်ခုကို ဖန်တီးထားဘို့လိုပါတယ်။ ဘုန်းကြီးကျောင်းတော့ ဥပုတ်သွားစောင့်တာဘဲ ထမင်းလက်ဆုံစားပြီ ပြန်လာရင်တော့ ဘာတရားမှ ရမှာမဟုတ်ဘူး။ ကုသိုလ်ကို တကယ်လိုချင်စိတ်ဖြင့် ဥပုတ်သွားစောင့်မှသာ သီလကုသိုလ် ဘာဝနာကုသိုလ် ရမှာဖြစ်ပါတယ်။ မဟော်က ဘာသာရေးကိုဘဲ ပြောနေတာဖြစ်တယ်လို့ မထင်လိုက်ပါနဲ့ ။ဟိုမရောက်သည်မရောက်ဖြစ်နေတဲ့ နယ်ပယ်အားလုံးက အုပ်စုဝင်တိုင်းကို သတိပေးရခြင်းဖြစ်ပါတယ်။
fbထဲက ဟိုစာသားလိုဘဲ။ဘာတဲ့
"အရွယ်ရှိတုန်း ယောင်တောင်တောင်လုပ်နေရင် အသက်ကြီးရင် ကြောင်တောင်တောင် သေရလိမ့်မယ်တဲ့"။

မဟော် (ရှားကိုး)
18/5/2020
6:30 am

Leave ဟိုမရောက် သည်မရောက် to:

Written by

Read more #myanmar posts


Best Posts From mahaw

We have not curated any of mahaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From mahaw