
ဘေး အန္တရယ် လေးမျိုး
......................
လောကမှာ လူဖြစ်လာတိုင်း
လူ့ကျင့်ဝတ်နှင့်မညီလျှင်
လူဟူ၍ မသတ်မှတ်နိုင်သေးချေ
ဒီတော့ မကောင်းတဲ့အကျင့်ကို
ပြုလုပ်မိပြီး မှားမှန်သိလို့ ပြန်ပြင်တာထက်
မှားမှန်းသိလျှက် ဆက်လက်ကျင့်သုံးနေတာလောက်
မိုက်တဲ့သူတွေရှိပါဦးမလား
ဘာသာတစ်ခုဆိုတာ
လူသားတွေရဲ့ အဓိကအခြေခံဖြစ်တယ်
မိမိ ယုံကြည်နေတဲ့ဘာသာက
လွဲမှားနေရင် လွဲမှားမှန်းလည်းသိရင်
စွန့်လွတ်နိုင်ရမယ်
တစ်ချို့ဘာသာက နွားကိုသတ်ရင်
အကုသိုလ်ကံကြီးတယ်လို့ယူဆတယ်
တစ်ချို့က ကုသိုလ်ရတယ်လို့သတ်မှတ်တယ်
ယုံကြည်ချက်တွေက ဆီနဲ့ရေ ပဲ
အဓိက ကိုယ်ချင့်စာကြည့်ရုံနဲ့ တိုင်းတာလို့ရပါတယ်
ဥပမာ ကိုယ့်ကို နည်းနည်းထိရင် မခံချင်ကြသလို
တစ်ခြားသတ္တ၀ါမှာလည်း ဒီစိတ်ရှိကြပါတယ်
မေတ္တာဓာတ်တွေခမ်းခြောက်နေကြရင်
မိမိရော သူတစ်ပါးရော ပူလောင်နေကြမှာပဲ
ဘာပဲဖြစ်ဖြစ် အပြစ်ကို
မသိ မကြောက်တတ်တဲ့သူတွေအဖို့ ဘေး ၄-ရှိတယ်
၁။ ကိုယ့်ကိုကိုယ် စွပ်စွဲကဲ့ရဲ့မကြည်ညိုတဲ့
အတ္တာနုဝါဒဘေး။
၂။ သူတစ်ပါးက စွပ်စွဲကဲ့ရဲ့မကြည်ညိုတဲ့
ပရာနုဝါဒဘေး။
၃။ ထောင်ဒဏ်ကျပြီး အပြစ်ပေးခံရတဲ့
ဒဏ္ဍဘေး။
၎။ အပါယ်လေးပါးကျရတဲ့
အပါယဘေး။ ဆိုတာပါပဲ
အပြစ်ဟာ အကြီးအသေး
အဆင့်လိုက်သတ်မှတ်လို့ ရှိသလို
ဘေးဒဏ်မှာလည်း သူကံအလိုက်
သင့်စေမှာပဲပေါ့
အဓိက စာရှုသူတို့
ဘေးအပေါင်းမှ လွတ်ကင်းစေလိုလျှင်
မကောင်းတဲ့ အပြစ်မှန်သမျှ
ရှောင်းရှာဖို့လိုပါတယ်လို့
ဆန္ဒပြုလိုက်ပါတယ်။
Leave ဘေး အန္တရယ် လေးမျိုး to:
Read more #myanmar posts
Best Posts From letwethondara
We have not curated any of letwethondara's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.