Kyi avatar

ရင်နင့်ကြွေ (7)

kyi

Published: 14 Sept 2018 › Updated: 14 Sept 2018ရင်နင့်ကြွေ (7)

ရင်နင့်ကြွေ (7)

ရင်နင့်ကြွေ (1)အားဖတ်ရူ့ပါရန် link✅

ရင့်နင့်ကြွေ (2)အားဖတ်ရူ့ပါရန် link✅

ရင်နင့်ကြွေ(3)အား ဖတ်ရူပါရန် Link✅

ရင်နင့်ကြွေ(4)အား ဖတ်ရူပါရန် Link✅

ရင်နင့်ကြွေ(5)အား ဖတ်ရူပါရန် Link✅

ရင်နင့်ကြွေ(6)အား ဖတ်ရူပါရန် Link✅

အပိုင်း(7)

ဒေါ်မိုးမိုး တစ်ယောက် မနက်ခင်းရောက်တာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမည်မသိ ဖြစ်နေတော့ တဘတ်လေး ခေါင်းပေါ်တင်ပြီး ရွာထဲက နတ်ကတော်ထံ ထွက်လာ ခဲ့လေတော့သည်။ နတ်ကတော်ထံ အကျိုးအကြောင်း ပြောပြ မေးမြန်းကြည့်ရလေသည်။ နတ်ကတော်မှ ခေတ္တအာရုံခံပြီးနောက်..

"သမီးတော်ကြီး နင့်သမီးက ယောက်ျားလေး တစ်ယောက်နဲ့မက ထွက်သွားတာပဲ အဲ့ ဒီယောက်ျားလေးက သူ့အပေါ် မေတ္တာ မစစ်ဘူးဟဲ့ ပြန်လာပါလိမ့်မယ် စိတ်မပူနဲ့ ဟုတ်ပီလား သူ့မွေးလ မကျော်မချင်း ဘယ်မှ ခရီး မသွားရဘူး ပြောထားတာ နားမထောင်ပါ့ဘဲ သမီးတော်ကြီး... သောကတွေ များနေရတယ် ကံတရား လို့သာမှတ် သမီးတော်ကြီး ....”

special-feature.jpg
Source

"သမီးလေး ပြန်လာမှာပါနော်..အမေကြီး...”

တော်ပါသေးတယ် ဟု
ဒေါ်မိုးမိုး အနည်းငယ် စိတ်သက်သာရာရပြီးနောက် အနည်းငယ် စကားပြောဆိုပြီး အိမ်ပြန်လာခဲ့လေတော့သည်။

ပထမတစ်ခါ သွားတုံးက ဌေးဌေးဦးပါ ပါသဖြင့် မေးမြန်းဖူးသည်။ ထိုအခါတုံးက ဌေးဌေးဦးအား မွေးလမကျော်မချင်း ဘယ်မှ မသွားရန်နှင့် ကံညံ့နေကြောင်း ပြောခဲ့ဖူးသည်။ ယခု သမီးသည် ဘယ်သို့ထွက်သွားသည်မသိ။ မိမိဆူပြောသည်ကလည်း အိမ်က ထွက်သွားရလောက်အောင် ရင့်ရင့်သည်းသည်း မပြောခဲ့ပေ။ ဒေါ်မိုးမိုးတစ်ယောက် သမီးအား စိတ်ပူလိုက်၊ ဒေါသတွေဖြစ်လိုက်နှင့်သာ တစ်နေ့လုံး ထမင်းလည်း မစားနိုင်ခဲ့ပေ။

images (16).jpeg
Source

သမီးဖုန်းအား မကြာခဏ ခေါ်ကြည့်ရင်းသာ အချိန်ကုန်လေသည်။ ခေါ်ကြည့်တိုင်းလဲ ဖုန်းလေးက စက်ပိတ်ထားပါတယ် ဟုသာ ဖြေလေတော့သည်။ သမီးကို နတ်ကတော်ကလဲ ပြန်လာမှာပါဟုပြောသဖြင့် ဘယ်ချိန် မိမိအား ဖုန်းဆက်မလဲ မျှော်ရင်း ဖုန်းလေးအား မိမိအနားသာ သွားလေရာ ယူသွားမိလေသည်။
နောက်တစ်ရက် တနင်္လာ နေ့မလို့ အလုပ်သွားရမည်ဖြစ်သည်။ ညဆင်းမလို့ နေခင်း၂ခွဲမှ အလုပ်ဝင်ရမည်။ မနက်ခင်းဖက်တွင်လည်း နေမထိ ထိုင်မသာ ဖြစ်နေရသဖြင့် တဘက်လေး ခေါင်းပေါ်တင်လျှက် နတ်ကတော်ထံ ထွက်ခဲ့ရပြန်သည်။

481px-Woman_crying_by_mimooh.svg.png
Source

နတ်ကတော်ကလည်း သူ့ကို မြင်မြင်ချင်း ပြောလေသည်။

"မိုးမိုးရယ် ငါမနေ့ညက ဌေးဌေးဦးကို စိတ်ပူလို့ အာရုံခံကြည့်တော့ ဌေးဌေးဦးကို မြစ်တစ်ဖက်ကမ်းတွင် တစ်ဝဲလည်လည်ဖြစ်နေတယ်အေ့ ငါအဲ့လိုမြင်ရတာ သူ့အတွက် နမိတ်မကောင်းဘူး ”

ဟု ပြောသဖြင့် ဒေါ်မိုးမိုး နေရာတွင် ချုံးပွဲချ ငိုမိပြန်သည်။ နတ်ကတော်မှ ဆက်၍

"မိုးမိုးရယ် မငိုပါနဲ့ ငါ အန္တရာယ် ကင်းအောင် ဆုတောင်းပေးခဲ့ပါတယ်အေ ညည်းအရမ်း စိတ်မပူပါနဲ့ ပြန်လာမှာပါအေ့...”

ဒေါ်မိုးမိုးတစ်ယောက် သမီးအား သူမနှစ်သက်သော ယောက်ျားကောင်းလေးနှင့်သာ တွေ့ဆုံ အိမိထောင်ကျစေချင်ခဲ့သည်။ ယခု မိမိသမီး လုပ်ပုံက သူ့ရည်းစားက မည်သူဟုပင် မိမိ မသိရပေ။ ကျန် သမီးနှင့် အလုပ်အတူလုပ်နေသူများလည်း မသိကြပေ။ မိမိသမီး မည်သည့်အတွက်ကြောင့် မြစ်တစ်ဘက်ကမ်းသို့ ရောက်နေရပါသလဲ စဉ်းစားမရပေ။ မိမိသမီးအား ထိုခေါ်သွားသူများက ရောင်းစားကြလျှင် .....မိမိ တစ်ကိုယ်တည်း စဉ်းစားရင်း သမီးအတွက် သောကပွေလျှက် ငိုကြွေးချင်းသာ အဖော်ဖြစ်နေရလေတော့သည်။ သမီးပျောက်သွားကြောင်းလည်း မည်သူ့မှ မပြောဖြစ်ပေ။ သမီးရေ..အမေစိတ်ပူနေရတယ် ဘာပဲ ဖြစ်နေနေ အမေ့ဆီသာ ပြန်လာပါတော့ဟုသာ အော်ဟစ် ပစ်လိုက်ချင်တော့သည်။

images (17).jpeg
Source

ဆက်ရန်......

(ဖြစ်ရပ်မှန် အဖြစ်အပျက်အား ဇတ်လမ်းသဖွယ် ရေးတတ်သလောက် ရေးဖွဲ့ ထားပါသည်။)

Author kyi@kyi
Msc 050

Leave ရင်နင့်ကြွေ (7) to:

Written by

I love Hive-Myanmar

Read more #myanmar posts


Best Posts From Kyi

We have not curated any of kyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Kyi