Kyi avatar

Shop.com.mm ၏ (11.11) ဈေးရောင်းပွဲကြီး

kyi

Published: 10 Nov 2018 › Updated: 10 Nov 2018Shop.com.mm ၏ (11.11) ဈေးရောင်းပွဲကြီး

Shop.com.mm ၏ (11.11) ဈေးရောင်းပွဲကြီး

Screenshot_2018-11-10-22-18-00-447_com.shop.android.png

ဒီနေ့ မယ်ကြည့်အတွက်တော့ အလွန် စိတ်လှုပ်ရှားစရာ နေ့တစ်နေ့ ဖြစ်ပါတယ်..။ ဘာလို့ဆို shop.com.mm မှာ (11.11) အထိမ်းအမှတ် ဈေးတွေ လျော့ကြမှာဖြစ်လို့ပါ..။ ဒီည ၁၂ကျော်တာနဲ့ ဈေးချပေးတဲ့အပြင် ပို့ခ အခမဲ့ အနေနဲ့ ပို့ပေးအုံးမှာ ဖြစ်ပါတယ်..။ ည၁၂ မတိုင်ခင် cart ထဲ အရင်ထည့်ထားပြီး ဦးအောင် check out လုပ်နိုင်မှ ဖြစ်မယ်.. ။ ဘာတွေ ဝယ်မှာလဲ ဆိုတော့ redmi note6 pro လေး တစ်လုံး ရယ် နှုတ်ခမ်းနီ crazy မလို့ နှုတ်ခမ်းနီ ၄တောင့်ရယ် နောက် သင်တန်းသွားရမာမလို့ power bankရယ် ပြီးတော့ ပစ္စည်း နဲနဲ ပါးပါးပေါ့..။ redminote6 pro က global အလုံးဖြစ်ပြီး warranty တစ်နှစ်ပေးထားပါတယ်..။ ram 3 နဲ့ memory 32 ဖြစ်ပါတယ်။ သူ့မူရင်းဈေးက 299900ဖြစ်ပါတယ်..။ (11.11)မှာတော့ 111100 ထိ ဈေးချပေးမှာပါ..။ တန်မှတန်နော်.. ။သို့သော် onlin shopping ကနေ ဝယ်ရတာ ဖြစ်လို့ အနာအဆာ ပါမလား စိတ်ပူ မိပါတယ်..။ အပြင်မှာတော့ redmi 3/32 ကို 111100 နဲ့ ဘယ်မှာမှ မရပါဘူး..။

Screenshot_2018-11-10-22-17-38-423_com.shop.android.png

ဝယ်မယ်လေကွယ် ဝယ်မယ်လေကွယ်.. ။ တခြား Samsung ဖုန်းတွေလဲ ဈေးတွေ ချထားပါတယ်..။ အခြား ပစ္စည်းတွေလဲ အတော်စုံပါတယ်..။ ဝယ်မယ်ဆိုရင်ဖြင့် Facebookမှာ shop.com.mm လို့ ရှာပါ..။ page ကို တွေ့ပါလိမ့်မယ်.. ။ စိတ်ဝင်စားတာရှာဖတ်ရင်း apk download link,တွေ ပေးထားပါတယ်..။ play store မှာလဲ shop.com လို့ ရှာပြီး down,လို့ရပါတယ်..။ Apk,down ပိးရင် အကောင့် ကို fb နဲ့ ချိတ်ဆက်ပါ..။ ဝယ်ဖို့ ready ဖြစ်အောင် ကိုယ်ရေးအချက်လက်တွေ ဖုန်းနံပါတ်တွေ ဖြည့်ထားပါ..။ ကိုယ့်လိပ်စာရောပေါ့..။FLAT TV တွေလဲ ဈေးအတော်လေး ချပေးထားပါတယ်..။ မယ်ကြည်တော့ ဝယ်မယ်ကွယ် ဝယ်မယ်ကွယ်..။ မိတ်ဆွေတို့လဲ စိတ်ဝင်စားတာရှိ ရှာကြည့် အားပေးကြပါအုံး..။ အော်.. ခု cart ထဲ ထည့်ထားတာတွေက အရင်းဈေးတွေပါနော်..။ (11.11) ရောက်မှ လျော့ဈေး တွေ ပြောင်းမှာပါ..။ ဒီည ၁၂နာရီတိတိပေါ့နော်..။ ကိုယ့်လို စိတ်ဝင်စားကြသူရှိမလားလို့ မျှဝေလိုက်ပါတယ်..။

စိတ်မကောင်းစရာက ခု စာရေးနေရင်းပဲ ဝယ်ချင်တဲ့ ဖုန်းလေး ပျောက်သွားတာပါပဲ😞😞

Screenshot_2018-11-10-22-17-30-961_com.shop.android.png

Author kyi@kyi
Msc 050

Leave Shop.com.mm ၏ (11.11) ဈေးရောင်းပွဲကြီး to:

Written by

I love Hive-Myanmar

Read more #myanmar posts


Best Posts From Kyi

We have not curated any of kyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Kyi