ရင်နင့်ကြွေ(10)ဇတ်သိမ်း
ရင်နင့်ကြွေ (1)အားဖတ်ရူ့ပါရန် link✅
ရင့်နင့်ကြွေ (2)အားဖတ်ရူ့ပါရန် link✅
ရင်နင့်ကြွေ(3)အား ဖတ်ရူပါရန် Link✅
ရင်နင့်ကြွေ(4)အား ဖတ်ရူပါရန် Link✅
ရင်နင့်ကြွေ(5)အား ဖတ်ရူပါရန် Link✅
ရင်နင့်ကြွေ(6)အား ဖတ်ရူပါရန် Link✅
ရင်နင့်ကြွေ(7)အား ဖတ်ရူပါရန် Link✅
ရင်နင့်ကြွေ(8)အား ဖတ်ရူပါရန် Link✅
ရင်နင့်ကြွေ(8)အား ဖတ်ရူပါရန် Link✅
အပိုင်း(10)ဇတ်သိမ်းပိုင်း
ဖြစ်နိုင်ရင်ဖြင့် ဒေါ်မိုးမိုးတစ်ယောက် ထိုရင်ခွဲရုံကို မဖွင့်ချင်ပါချေ...။ သမီးသည် ခေတ္တ အပြင်ခနသွားသည်။ တစ်ရက်ရက်တော့ ပြန်လာလိမ့်မည်ဟု မျှော်လင့်လို့ရသေးသည်။ ယခု တွေ့ရသည်က သမီးသာဆိုလျှင်ဖြင့် သမီးသည် မည်သို့မှ မိမိတို့ဆီ ပြန်မလာနိုင်တော့ဘူး မဟုတ်ပါလား..။ အားလုံး အတွေးကိုယ်စီနှင့် ဒေါ်မိုးမိုး တူမတွေက ရောအမျိုးတွေကပါဖြောင်းဖြ ဖြေပြော ပြောနေကြတာတောင် သူမ ရင်ပူ မလျော့ပါချေ..။
"မမိုးမိုးရယ် ဌေးဌေးဦး ဟုတ်ချင်မှ ဟုတ်မှာပါ အရမ်း မငိုပါနဲ့... ”
မည်သို့ဆိုစေ စိတ်ပူမူ့က လျော့မသွားပေ။
လာပါပြီ ရင်ခွဲရုံ ဖွင့်ပေးမဲ့သူ
ဒေါ်မိုးမိုး မကြည့်ရဲပါချေ..။
အတူပါလာသူ အမျိုးသမီးများ မည်သူမျှ မကြည့်ဝံ့ကြ။
မရဲတရဲနှင့် လှမ်းကြည့်သူက ဦးမောင်ဦး
"ဟာ..မိုးမိုးရ ဟုတ်တယ်ဟ ငါတို့သမီး ငါ မဖြစ်ပါစေနဲ့ ဆုတောင်းနေတာကိုဟာ..”
ဦးမောင်ဦးထံမှ မချိတင်ကဲ အသံနှင့်အတူ ဒေါ်မိုးမိုးတို့ မိန်းကလေးအုပ်စု ကြူကြူပါအောင် ငိုသံများ ထွက်လာလေသည်။
ဦးမောင်ဦး အနီးကပ် ဝင်ကြည့်မိသည်။ အေးစက်စပ် အထိတွေ့နှင့်တူ ရေနစ်သေသူတို့ ထုံးစံအတိုင်း ဖောင်းကားလျက် သမီး၏ ရုပ်ရည် ပျက်နေလေသည်။ နောက်ကျောဘက်တွင် အညိုစင်းရာများ ထင်နေလေသည်။ အကျီကြောင့်သာ သမီးဟု ပြောနိုင်တော့သည်။ သမီးဝတ်ထားသောနားကပ်လည်း မပါတော့ပေ။ ဖုန်းလဲ မတွေ့ခဲ့ပါပေ။ သမီးအဖြစ်က မည်သို့ သတ်မှတ်ရမည်နည်း။ မိခင်အား စိတ်ဆိုး၍ ကိုယ့်ကို ရေနစ် သတ်သေသည်လား။ သမီး အား ဆယ်ယူရခဲ့သည့် နေရာသည် ရေ ဒူးသာသာ နက်လေသည်။ နောက်ပြီးတော့ မိမိရွာနှင့် ကျောက်ဖြူတိုင်ဆည်သည် လမ်းသင့်သည်မဟုတ် တကူးတက သွားမှ ရောက်နိုင်သည်။ ရွာနှင့် ၈မိုင်လောက် ဝေးလေသည်။ သမီးဖြစ်သူ ခြေလျင် လျောက်သွားသလား..။ မည်သူကမျှ လဲ မမြင်လိုက်ကြပါချေ။ ငိုင်ငိုင်ကြီး ထိုင်နေသူများ ငိုနေသူများ အကြားသို့ ဆေးရုံအုပ်ကြီး နှင့် ရဲအရာရှိများ ရောက်လာလေသည်။
ဆေးရုံအုပ်ကြီးမှ
"ကျွန်တော်တို့လဲ စိတ်မကောင်းပါဘူးဗျာ မိဘပိုင်ရှင်တွေ အနေနဲ့ အလောင်းကို စစ်ဆေးချင်သေးရင် ကျွန်တော်တို့ စစ်ဆေးပေးပါ့မယ် ”
ရဲအရာရာရှိများမှလဲ အမူ့ဖွင့်ချင်သေးသလား ဟု မေးလေသည်။
ဆေးရုံနှင့် ရဲစခန်းပေါင်း၍ အလောင်းအား ပိုင်ရှင်မဲ့ဟူ၍ မြေချရန် စီစဉ်ပြီး ဖြစ်နေလေသည်။
"မမိုးမိုး ဘယ်လိုလုပ်ချင်သလဲ” ဆွေမျိုးများက မေးကြလေသည်။
ဦးမောင်ဦး နှင့် ဒေါ်မိုးမိုး တို့ တီးတိုး ပြောနေကြလေသည်။
"နင်ဘယ်လိုလုပ်ချင်လဲ အမူ့ဖွင့်မလား”
ဒေါ်မိုးမိုး ငိုရင်း
"နေပါစေတော့ ကိုမောင်ဦး ရယ် ကျုပ်တို့သမီး သူ့အဖို့ ပါလာတာကိုး ဒီဘဝ ဒီမျှ သာ ရှိပါစေတော့..”
"ငါတို့သမီး သူ့ကိုယ်သူ သတ်သေတယ် မထင်ဘူးဟာ ဘယ်လိုလုပ်ရမလဲ သူ့ကိုယ့်ကို သတ်သေတယ်ဆိုရင် ဘယ်မှာလဲ သူ့နားကပ် သူ့ဖုန်း အဲ့ဒါတွေ မတွေ့ရဘူးဟာ ပြီးတော့ သမီးလေးမှာ အညိုအမည်းတွေ”
ပြောရင်း ဦးမောင်ဦး ငိုပါလေတော့သည်။
"ကိုမောင်ဦးရယ် ကျုပ်တို့သမီး ဘယ်သူနဲ့ပါသွားတာ ဘယ်သူမှ မသိပဲ ဘယ်လိုတိုင်ကြမလဲ ပြီးတော့ ခုက ကိုယ့်ကို သတ်သေမူ့ ဖြစ်နေတာ ထားလိုက်ပါတော့ ကျုပ်သမီးလေး အမေစိတ်မကောင်းဘူး သမီးရယ် ထားလိုက်တော့မယ် သမီးကို မြေချဖို့ပဲ ကျုပ်တို့ လုပ်ကြစို့ ကိုမောင်ဦးရယ်”
မချိတင်ကဲ ရေရွတ်သံအဆုံး ဦးမောင်ဦး သက်ဆိုင်ရာ ဆရာဝန်ကြီးနှင့် ရဲစခန်း အား မည်သို့မျှ အမူ့ မလုပ်တော့ကြောင်း ပြောပြီး သမီးအား မြေကျဖို့ လုပ်ကြတော့သည်။
သမီးအလောင်းအား ရွာပြန်သယ်ဖို့ မဖြစ်နိုင်သည့် အဆုံးမလို့ ဆားလင်းကြီးမြို့ သုသာန် တွင်သာ ချရပေတော့သည်..။
သစ်သားအခေါင်းထဲတွင် ကျွတ်ကျွတ်အိတ်အစ နှင့် ပတ်ထားတဲ့ သမီးအလောင်း မဆန့်သဖြင့် ပွင့်ထွက်လျက် ရှိနေလေသည်။ သစ်သားအခေါင်းထဲ ပါလာသော လုံချည်နှင့် အင်္ကျီအသစ်လေးတစ်စုံ ထည့်ရင်း သမီးရေ..ဟု အော်ငိုမိလေတော့သည်။
ဘုန်းကြီး တရားသံအဆုံး
" ဌေးဌေးဦးနှင့်တကွ အားလုံး ကြားကြားသမျှ အမျှ အမျှ ယူတော်မူကြပါကုန်တော်..”
"သာဓု သာဓု သာဓု..”
သာဓု ၃ကြိမ်ခေါ်ဆိုပြီး သမီးအား သုသာန်၌ ပစ်ခဲ့ရလေတော့သည်။
သမီးရယ် အမေကို ပွင့်ပွင့်လင်းလင်း ပြောပြပါတော့လား သမီးလုပ်ချင်သမျှကို သမီးကို သတ်သွားကြသည်ဆိုလျှင်လည်း ထို လူသတ်သမားများ ဝဋ်မလည်ကြစေဖို့ တွေးရင်း ယနေ့ထိ ဒေါ်မိုးမိုးတစ်ယောက် မျက်ရည် မဆယ်နိုင်ပဲ ဖြစ်နေပါလေတော့သည်။
ကျောက်ဖြူတိုင်ဆည်တွင် ရေနစ်သေဆုံးသူပေါ်ကြောင်း မူရင်း post link ပါ
Author @kyi
MSC 050
Leave ရင်နင့်ကြွေ(10)ဇတ်သိမ်း to:
Read more #myanmar posts
Best Posts From Kyi
We have not curated any of kyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.