
ဆက်ရန်မရှိ
ခံနိုင်ရည်မရှိတော့တဲ့ အောက်ဆီဂျင်တွေက
ကမ္ဘာ့လေထုမှဟုတ်ပါလေစ
အိုးဇုံးလွှာအောက်မှ မီးခိုးငွေ့တန်းများနဲ့
သူစိမ်းသူရန် သီးသန့်ဆန်လွန်းတယ် ..
ရှုံ့ချ ပြစ်တင်နေရင်းမှ
မြေတွင်းတွေ၊ မြေကြွင်းတွေ
ရင်ပြင်ထက်ကမြေပုံတွေ ...
မြေချိုင့်ကြီးများက ၂၀၀ အား ၅၀၀ အား
ရဟန်းသံဃာလား လူနေအိမ်လား ဆေးရုံလား ..
မြေပြင်အောက်ကမဟုတ်ပဲ မြေပြင်ထက်မှ
မြေငလျင်တွေ ခနခနလှုပ်နေတဲ့ဒေသတွေက
ကလေး လူရွယ် လူကြီး
သေဖို့ပိုနီးနေကြတာလား ..
ယမမင်းက ကာလာဘလိုင်းပဲ
နွယ် မြတ် သစ်ပင် သူမမြင်ဘူးလေ ..
ဒီ အဆင်တွေနဲ့ ဒီအမြင်တွေနဲ့
ဒီမိုး ဒီမြေ ကနေ လက်ပြနှုတ်ဆက်ချင်မိပြီ ..
နာကျင်မှုတွေထမ်းပိုးရင်း
ဒီစာဆက်မရေးချင်တော့ဘူး ..
စိုင်းအယ်ပြည့်
Leave ဆက်ရန်မရှိ to:
Read more #hive-161465 posts
Best Posts From Ko Pyayt (Sai Al Pyayt)
We have not curated any of kopyayt's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.