We are SMT avatar

Noob to...

komaung

Published: 02 Jun 2018 › Updated: 02 Jun 2018Noob to...

Noob to...

Self - learning , self-study လုပ်ဖို့ဆိုတာ လွယ်ကူပါ့မလား ?

Self-study ဆိုတာ ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း မလွယ်ကူတာတော့ မဟုတ်ဘူးဗျ ... အခုခေတ်လို Online media တွေထွန်းကားလာတဲ့ခေတ်မှာ မခက်ခဲတော့ပါဘူး ။ ကိုယ်သင်ယူလိုတာကို ရှာဖွေပြီး မှတ်သားလေ့လာနိုင်တယ်လေ။ ဒါဖြင့် ကိုယ်တိုင်လေ့လာခြင်း ဆိုတာဘာလဲ ၊ ကိုယ်တိုင်လေ့လာခြင်း ဆိုတာ လေ့လာသင်ယူမှုတစ်ခုပါပဲ ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျ သင်ပြပေးမယ့် ဆရာတော့ မရှိဘူးပေါ့။ ကိုယ်ကိုယ်တိုင်ရဲ့ကြိုးစားအာထုတ်မှုသာ အဓိကကျပါတယ်။ မင်းကိုယ်ပိုင်အားနဲ့ လေ့လာသင်ယူတော့မယ်ဆိုရင်ဖြင့် …

မင်းဘယ်လိုအရည်အသွေးတွေလိုချင်တာကြောင့် ဒီလိုလေ့လာရတာလဲဆိုတာနဲ့စတင်လိုက်ပါ
မင်းဒီလိုသင်ယူတာနဲ့ပတ်သက်ပြီး ရည်မှန်းချက်တွေထားရှိလိုက်ပါ
မင်းရဲ့အချိန်တွေကို ဘယ်အပိုင်းတွေလေ့လာမှာနဲ့ ကုန်ဆုံးစေမလဲသတ်မှတ်ထားပါ
မင်းဘယ်နေရာတွေကနေလေ့လာမလဲ (ဥပမာ- Online Media ကနေလား၊ ကိုးကားစရာ စာအုပ်တစ်ခုခုကနေလား) ၊ မင်းဘယ်သူတွေနဲ့အတူတူ Online ကနေလေ့လာနိုင်မလဲ ရှာဖွေထားပါ
မင်းဘာကိုသင်ယူလေ့လာမလဲဆိုတာပေါ်မူတည်ပြီး အပြောင်းအလဲတော့နည်းနည်းရှိနိုင်ပါတယ် ။

ဥပမာ - မင်းက english စာကိုတက်ကျွမ်းချင်တယ် အပြင်မှာသင်တန်းတက်ဖို့အချိန်လည်းမရှိဘူးဆိုပါစို့ ဒါဆိုမင်းဘာလုပ်ရမလဲ ?

♣ မင်းမသိသေးတဲ့ စကားလုံးအသစ်လေးတွေမြင်ရင် မှတ်သားထားမယ် (ဒါမှ တစ်နေ့ထက်တစ်နေ့ စကားလုံးတွေပိုမိုသိလာမှာ)
♣ မင်းစိတ်ဝင်စားတဲ့ English video တွေကို အင်တာနက်ကနေရှာဖွေကြည့်မယ် (ဒါကတော့ english အသံထွက်တွေနဲ့ ဆက်သွယ်ပြောဆိုပုံတွေကို လေ့လာနိုင်မယ့်အကောင်းဆုံးနည်းလမ်းပဲ)
♣ english သီချင်းတွေကိုနားထောင်ရင်း စာသား Lyrics တွေကိုမှတ်သားထားမယ် ( သီချင်းက လူတိုင်းကြိုက်တဲ့အရာဆိုတော့ သင်ယူရာမှာပိုမိုမှတ်မိစေနိုင်တယ်လေ)
♣ english ရုပ်ရှင်ကားတွေကို များများကြည့်ပေးမယ် (ရုပ်ရှင်ကားတွေကတော့ စကားပြောစွမ်းရည်နဲ့ ဘာသာစကားနားလည်မှုတွေကို မြန်ဆန်စေနိုင်တယ်)
♣ online မှာရှိတဲ့ English Grammar အမေးအဖြေလေးတွေကိုဖြေကြည့်မယ် (ဒါကတော့ ကိုယ်သိတာလေးတွေကို စစ်ဆေးနိုင်တယ်လေ)
♣ သူငယ်ချင်းနဲ့စကားပြောရင်တောင် english လိုပဲပြောကြည့်မယ် (စကားဆိုတာပြောပါများမှ ကိုယ်ဘာတွေမပြောနိုင်သေးဘူးလဲ သိလာနိုင်မှာ)
♣ english ဆောင်းပါးတွေ ၊ မဂ္ဂဇင်းတွေကို များများဖတ်ပေးမယ် (စာဖတ်ခြင်းကတော့ english စာသင်ယူရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်ပဲလေ)
♣ မင်းစဉ်းစားမိတာတွေကို ဘာဖြစ်ဖြစ်ချရေးကြည့်မယ် (ဒါကတော့ မင်းကိုယ်တိုင်စာရေးသားလာတတ်စေဖို့ အကောင်းဆုံးနည်းလမ်းပဲလေ)
နောက်ဆုံး စကားပြောရင်တောင် နီးစပ်ရာရင်းနှီးတဲ့သူတစ်ယောက်ရှေ့မှာ english လိုပဲပြောမယ် ၊ တစ်ယောက်တည်းလည်း မှန်ရှေ့မှာ english စကားပြော လေ့ကျင့်မယ် ဆိုရင် တစ်နေ့မှာတော့ မင်းအကောင်းဆုံးမဟုတ်တောင် အလယ်အလတ်လောက်တော့ မင်းနားလည်လာမယ်၊ပြောတတ်လာပါလိမ့်မယ်။

အဓိကကတော့ မင်းလေ့လာသင်ယူနေချိန်မှာ ကြိုးစားအားထုတ်မှုကို မလျော့ဖို့ပါပဲ ...မင်းတစ်ခုခုကို လေ့လာသင်ယူရတော့မယ်ဆို မင်းကတုံ့ဆိုင်းနေတတ်သူလား?

ဒါဆိုရင်တော့ မလေ့လာချင်တဲ့စိတ်တွေကို ကျော်လွှားရမယ် ပြီးတော့ စိတ်ထဲမှာဖြစ်နေတဲ့ အရှုပ်အထွေးတွေကို ဖယ်ထုတ်ပစ်ရမယ် …
ဘယ်လိုတွေလုပ်မယ်ဆိုတာတော့ အောက်မှာဆက်ကြည့်လိုက်တော့နော် …
• မလေ့လာချင်တဲ့စိတ်တွေကို ကျော်လွှားဖို့ ဒီအချက်လေးတွေလိုတယ်
၁) မင်းလုပ်နေတာတွေကို ရပ်လိုက်ပြီး ချက်ချင်းပဲလေ့လာသင်ယူဖို့စပြင်ဆင်လိုက်ပါ
ဒီလိုလုပ်ဖို့ဆိုတာ လွယ်ကူပါတယ်လို့မင်းထင်ကောင်းထင်နိုင်တယ်။ ဟုတ်ပါတယ်ဒါကလွယ်ကူတယ် ဒါပေမယ့်လည်းအစမှာတော့ မင်းခက်ခဲနေလိမ့်မယ် ။ မင်းတစ်ခုခုလေ့လာရမယ့်အချိန်မှာ တီဗွီပဲကြည့်တော့မလိုလို ဂိမ်းပဲကစားတော့မလိုလို ဖြစ်နေလိမ့်မယ်။ ဒီလိုဖြစ်နေတဲ့အချိန် အားလုံးကို ရပ်တန့်လိုက်ပြီး လေ့လာမယ့်အထဲမှာပဲ စိတ်ကိုအာရုံစုစည်းလိုက်ပါ ။ ပထမတခါလုပ်ဖူးတယ်ဆိုရင် နောက်ပိုင်းမှာဆက်လုပ်ဖို့လွယ်ကူသွားပါလိမ့်မယ်။
၂) မင်းတစ်ခုခုကိုလေ့လာနေရင်း သိရှိလာပြီဆိုချရေးထားလိုက်ပါ ။ဒါကမင်းကိုပိုပြီးမှတ်မိစေနိုင်သလို မမေ့သွားအောင်လည်းပံ့ပိုးပေးနိုင်တယ်။ ငယ်ငယ်က စာကျက်ရင်ရေးပြီး ကျက်တာနဲ့ သဘောတရားချင်း တူပါတယ် ။ မတူတာကတော့ မင်းက short point လေးတွေပဲချရေးမှာ ။ အရေးကြီးတဲ့အချက်ကတော့ မင်းချရေးထားတာတွေက မင်းအတွက် အသုံးမ၀င်တဲ့စာတွေဖြစ်နေပြီဆိုရင်တော့ မင်းပြန်ပြင်မှတ်ဖို့မပျင်းဖို့ပဲ။ ဒါကလည်း လေ့လာချင်စိတ်တွေကို ဖြစ်လာစေတယ်။
၎) မင်းကိုယ်မင်းဆုချီးမြှင့်ပါ ...ဒါကတော့ စိတ်ဝင်စားစရာအချက်တစ်ချက်ပဲ (ဥပမာ - ငယ်ငယ်က အမေရှေ့မှာစာဆိုပြလို့ အမှားမပါရင် မေမေက စားချင်နေတဲ့ ရေခဲမုန့်ကို ၀ယ်ကျွေးသလိုမျိုးပေါ့) မင်းလေ့လာဖို့သတ်မှတ်ထားတာ ပြီးမြောက်ခဲ့ရင် မင်းလိုချင်၊စားချင်၊ ကြည့်ချင်တာ တစ်ခုခုကို မင်းလုပ်ပေးလိုက်ပေါ့။ ဒါဆို မင်းတစ်ခုခုကို လေ့လာရာမှာပိုပြီး သွက်လက်လာလိမ့်မယ် (လူဆိုတာ တစ်ခုရမှ တစ်ခုလုပ်ချင်တဲ့ သဘာဝရှိနေတဲ့ အမျိုးကိုဗျ မဟုတ်ဘူးလား)
၅) မင်းဘာပြီးဘာကိုလေ့လာသင်ယူမယ်ဆိုတာ မင်းသိကိုသိနေရမယ် ... ဒါကို Plan ချတယ်လို့ပြောကြတာပေါ့။ ဒါမှလည်းတစ်ခုပြီးတစ်ခုလေ့လာချင်လာမှာ .. သတိထားရမှာကတော့ အများကြီး မနိုင်ဝန်ထမ်းသလိုတော့ ချမရေးမိစေနဲ့ များတယ်လုပ်နိုင်မှာ မဟုတ်ဘူးဆိုပြီး စိတ်ဓာတ်တွေမြေကြီးထိ ကျသွားလိမ့်မယ်။
• စိတ်ထဲမှာဖြစ်နေတဲ့ အရှုပ်အထွေးတွေကို ဖယ်ထုတ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်အားပေးရမယ် ... မင်းသင်ယူလေ့လာနေတာတွေကနေ အောင်မြင်မှုတွေရရှိဖို့ဆိုတာ စိတ်ဓာတ်က အဓိကကျတဲ့ နေရာတစ်နေရာပဲ ဖြစ်တယ်။ ဒါကြောင့် မင်းတစ်ခုခုလုပ်တော့မယ်ဆို တက်တက်ကြွကြွဖြစ်မယ့်သီချင်တွေနားထောင်တာ imageမျိုးတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာတွေ၊ မင်းကြိုက်တဲ့အစားအစာတစ်ခုကို ထစားတာမျိုးတွေ၊ မင်းရှိနေတဲ့နေရာမှာ မင်းပျင်းလာရင် ကိုယ့်အိမ်ထဲမှာပဲ စာလေ့လာလို့ကောင်းမယ့် နောက်တစ်နေရာကို ရွေ့တာမျိုးတွေစတဲ့ မင်းအတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းတွေကို ရွေးပြီးစိတ်ပိုမိုလန်းဆန်းအောင် လုပ်လို့ရတယ်။
ဒီနည်းလမ်းတွေက မင်းအိမ်မှာ ကိုယ်တိုင်လေ့လာသင်ယူနိုင်စေဖို့ အကူအညီဖြစ်နိုင်မယ်လို့တော့ မျှော်လင့်ပါတယ်ဗျာ။

Leave Noob to... to:

Written by

Read more #busy posts


Best Posts From We are SMT

We have not curated any of komaung's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From We are SMT