ညီခက်ဆစ် avatar

mahattagandi

khatsis

Published: 16 Mar 2018 › Updated: 16 Mar 2018mahattagandi

mahattagandi

image

"သိပ်ကြိုက်လို့ အလွတ်ရနေမိတဲ့"
#ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာတွေ ပါ


သင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..
သူ့ကြောင့် သင်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်လာတာပါ..
သင့်အလှည့်ကျရင် နိမ့်ကျတဲ့သူတွေကို လက်တွဲခေါ်ပါ..

သင့်ကို ကဲ့ရဲ့ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..
သူ့ကြောင့် ကဲ့ရဲ့ခံရရင် ဘယ်လိုခံစားရလဲဆိုတာ သင်သိခဲ့တာပါ..
သင့်အလှည့်ကျရင် ဘယ်သူ့ကိုမှ ပြန်မကဲ့ရဲ့ပါနဲ့..

သင့်ကို အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်ပေါင်းပြီး လိမ်သွားခဲ့တဲ့သူကို ကျေးဇူးတင်ပါ..
သူက ဘဝရဲ့အရေးကြီးဆုံးသင်ခန်းစာကို သင်ပေးခဲ့တာပါ..
သူ့ကြောင့် သင်လူတစ်ယောက်ကို မျက်စိမှိတ်ယုံကြည်တတ်မှာ မဟုတ်တော့ဘူး..
ဒါပေမယ့် သင့်ကိုယုံကြည်တဲ့သူကို ဘယ်တော့မှမလိမ်ပါနဲ့..
အဲဒီခံစားချက်က ဘယ်လောက်ဆိုးတယ်ဆိုတာ သင်သိပြီးသားပါ..

သင်အကူအညီတောင်းခဲ့တိုင်း လှည့်မကြည့်ခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါ..
သူတို့ကြောင့် သင့်ကိုသင် အားကိုးတတ်လာတာပါ..
သင့်အလှည့်ကျရင် သူများအခက်အခဲကို ကူညီပါ..

သင့်ကို ခေါင်းပုံဖြတ်ခဲ့တဲ့ ခေါင်းဆောင်တွေကို ကျေးဇူးတင်ပါ..
ခေါင်းပုံဖြတ်တဲ့သူတို့က ခေါင်းရှောင်တစ်ယောက်အောက်မှာလုပ်ရတဲ့ လက်အောက်ငယ်သားတစ်ယောက်ရဲ့ ခံစားမှုမျိုးကို သင်နဲ့မိတ်ဆက်ပေးခဲ့လို့ပါ..
သင်ခေါင်းဆောင်ဖြစ်တဲ့နေ့ သင့်လက်အောက်ငယ်သားတွေ ဘယ်တော့မှ အဲ့ဒီလို မခံစားရပါစေနဲ့..

သင်အလုပ်ကို အဆပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် လစာနည်းနည်းက တိုးမပေးခဲ့တဲ့ အလုပ်ရှင်ကို ကျေးဇူးတင်ပါ..
သင်ကြိုးစားခဲ့လို့ သင့်မှာအရည်အချင်းတွေရှိနေရင် သင့်အတွက် အလုပ်မရှားတော့ပါဘူး..
အခွင့်အရေးပေါင်းများစွာက
သင့်ရှေ့လက်တစ်ကမ်းမှာ ရောက်နေပါပြီ..
သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့နေရာသို့ ပြောင်းလိုက်ပါ..
သင်အလုပ်ရှင်ဖြစ်တဲ့နေ့ သင့်ရဲ့လက်အောက်မှာ လုပ်နေတဲ့ ဝန်ထမ်းတွေကို တန်ဖိုးထားပါ..

သင့်ကို ပစ်ခွာသွားသူကို ကျေးဇူးတင်ပါ..
သင့်ကိုတန်ဖိုးမထားသူတစ်ယောက်ကို သင် စောစောစီးစီး သိလိုက်ရတာပါ..
နောက်ကျမှသိရင် အရာရာနောက်ကျနေပါလိမ့်မယ်..
သူ့ကြောင့် သင်နဲ့ထိုက်တန်တဲ့သူကိုတွေ့ဖို့ လမ်းပွင့်သွားတာပါ..
သင့်ကို တန်ဖိုးထားတဲ့လူတစ်ယောက်တွေ့တဲ့နေ့ကျရင်
သင့်ကို သူလုပ်ခဲ့တဲ့အမှားမျိုး ထပ်မလုပ်ပါနဲ့..

အထက်မှာဖော်ပြခဲ့တဲ့ လူမျိုးတွေကို ဘယ်တော့မှ မမုန်းပါနဲ့..
သူတို့က သင်မုန်းရလောက်အောင် မထိုက်တန်တဲ့သူတွေပါ..
သင့်ရဲ့စိတ်ထဲက နှမ်းတစ်စေ့စာနေရာလောက်နဲ့တောင် မထိုက်တန်တဲ့သူတွေပါ..

သူတို့ကြောင့် သင့်ရဲ့ရိုးသားမှုအကျင့်စာရိတ္တတွေ ဘယ်တော့မှ ပျက်မသွားပါစေနဲ့..
သူတို့ သင့်ကိုပြုမူခဲ့တဲ့အတိုင်း သင်လည်းပြုမူမယ်ဆိုရင်
သင်လည်း သူတို့လို ရွံစရာလူမျိုးဖြစ်လာပါလိမ့်မယ်..
သူတို့ သင့်ကိုပြောင်းလဲနေတာကို ဘယ်တော့မှ လက်မခံပါနဲ့..
သူတို့ကြောင့် သင်ကြိုးစားတာ ဘယ်တော့မှ ရပ်မသွားစေနဲ့..
သင့်ရဲ့ဖြူနေတဲ့စိတ်ထားကို သူတို့ကြောင့် အစွန်းမခံနဲ့..

#ဘယ်တော့မှလည်းကလဲ့စားချေဖို့မကြိုးစားပါနဲ့..
#မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး ဆိုတဲ့ အယူအဆက
#ကမ္ဘာကြီးကိုအမှောင်ကျစေလိမ့်မယ်..

                                                (မဟတ္တမဂန္ဓီ)

Leave mahattagandi to:

Written by

I'm joker

Read more #india posts


Best Posts From ညီခက်ဆစ်

We have not curated any of khatsis's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ညီခက်ဆစ်