စေတနာနဲ့ မတန်သောသူ
ကူညီချင်စိတ်နဲ့ စိတ်အားထက်သန်စွာ
ကူညီလိုက်တယ်
ကိုယ့်တာဝန် သူများအပေါ်လွှဲချ
တွက်ကပ်တတ်ပြီး ရေသာခိုအချောင်လိုက်တဲ့
သူတွေအပေါ် ကျမဘယ်တော့မှ စေတနာမထားဘူး
ကူညီလိုက်ပါတယ် အဆင်ပြေချိန်
ချီမွမ်းသံ မကြားရဘူး
တစ်ခုခုမှားယွင်းပြီဆို မျက်နှာမထောက်
သူ့အမှားက ကိုယ်အမှားလုပ်
ပြစ်တင်ရှုံ့ချတတ်တဲ့ သူတွေအပေါ်
ကျမ စေတနာမထားဘူး
စေတနာဆိုတာ
ကိုယ်ထားတတ်ရင် ရောင်ပြန်ဟပ်တယ်ဆိုပေမယ့်
စေတနာ့တန်ဖိုးနားလည်တဲ့ သူတွေကသာ
တန်ဖိုးထားရမှန်းသိတာပါ
ကိုယ့်စေတနာ ဝေဒနာဖြစ်စေတဲ့
လူတွေအတွက်တော့ ကျမဝေးဝေးက
ရှောင်မိတယ် တစ်ချိန် အပြစ်တွေဖြစ်လာမှာ
ကြောက်မိလို့ ပါ
Leave စေတနာနဲ့ မတန်သောသူ to:
Read more #esteem posts
Best Posts From ညီခက်ဆစ်
We have not curated any of khatsis's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.