Henry Aung avatar

သစ်ခွပန်းတွေကြည့်ရအောင် ( အပိုင်း - ၄ )

kachinhenry

Published: 20 Mar 2026 › Updated: 20 Mar 2026သစ်ခွပန်းတွေကြည့်ရအောင် ( အပိုင်း - ၄ )

သစ်ခွပန်းတွေကြည့်ရအောင် ( အပိုင်း - ၄ )

001.jpeg

မင်္ဂလာပါ။ ကျွန်တော် သစ်ခွပန်းပုံတွေတင်နေတော့ ကျွန်တော့မိတ်ဆွေများက အံ့ဩကြပါလိမ့်မယ်။ ကိုဟင်က ယောက်ျားကြီးတန်မဲ့ ပန်းတွေအကြောင်း စိတ်ဝင်စားနေတယ်ဆိုပြီးတော့။ တကယ်တော့ဒါဟာ ကျွန်တော့ အမေဆီကနေအမွေရတာပါ။ ကျွန်တော့အမေက အပင်ချစ်သူတယောက်ပါ။ ငယ်ငယ်က အိမ်မှာ အသီးအနှံအသီးအရွက်တွေက ဈေးကဝယ်စားစရာကိုမလိုခဲ့တာပါ။

အသီးအရွက်ကြီးပဲလားဆိုတော့ မဟုတ်ပါဘူး အိမ်မှာ ပန်းခြံလည်း ရှိပါတယ်။ ပိန်းပန်း အမျိုးမျိုး နှင်းဆီပန်း အမျိုမျိုးနဲ့ ဒေစီပန်းလိုတခြား ပန်းပင်တွေအများကြီးရှိခဲ့တဲ ပန်းဥယျာဉ် ကလေးလည်း ရှိခဲ့ပါတယ်။ ညနေခင်းရောက်ရင် အဲဒီစားသီးပင် တွေနဲ့ ပန်းဥယျဉ်ကို ရေလောင်းတဲ့ တာဝန်က ကျွန်တော့တာဝန်ဖြစ်ပါတယ်။

ဆိုတော့ ကြီးလာတဲ့အထိ ကျွန်တော့ စိတ်ထဲမှာ ပန်းပင်စိုက်တာ ဝါသနာပါနေခဲ့တာလို့ထင်ပါတယ်။ ကျွန်တော်တို့ သားသမီးတွေ အသက်ရလာပြီး ပိုက်ဆံရှာနိုင်လာလို့ အမေသုံးဖို့ ဆိုပြီး ပိုက်ဆံပေးရင် အမေက သစ်ခွပန်းတွေဝယ်တာများပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ရန်ကုန်အိမ်မှာ အမေ့ရဲ့သစ်ခွဥယျဉ် သေးသေးလေးရှိနေတာပါ။

ကဲကျွန်တော်ဘာကြောင့် အပင်တွေစိုက်တာ ပန်းပင်တွေစိုက်တာ ဝါသနာပါရသလဲဆိုတာ ကျွန်တော့ အမေကြောင့်ပါလို့။ အမေက တကယ့်ကို ပန်းချစ်သူပါ။ သူစိုက်ပျိုးထားတဲ့ ပန်းကို ဘယ်တော့မှ ခူးပြီး မပန်ပါဘူး။ ဒီအတိုင်းသဘာဝအတိုင်း ပွင့်ပြီး ကြွေကျသွားတဲ့အထိ သဘာဝအတိုင်းပါပဲ။ ဆိုတော့ စင်္ကပူသစ်ခွပန်းတွေ ဆက်ကြည့်ကြပါအုံးစို့။

image.png

image.png

ဒီသစ်ခွကတော့ Dancing Lady အမျိုးအစားပါပဲ။ အပွင့်ကြီးတာရယ် အရောင်မတူတာရယ်ပဲရှိပါတယ်။

image.png

image.png

ဒီသစ်ခွပန်းကတော့ ပုံစံတမျိုးလေးပါ။ မသိရင် သူ့ပွင့်ဖတ်တွေက ခြောက်နေတယ်လို့ ထင်ရပါတယ်။ တွန့်လိမ်နေတာက သူ့ပုံစံလေးပါ။

image.png

image.png

ဒီသစ်ခွပန်းလေးကတော့ မသိရင် စက္ကူဖြူပေါ်မှာ ခရမ်းရောင်ဆေးမှင်နဲ့ ခြယ်ထားတဲ့ အတိုင်းပဲ။ ပန်းချီဆွဲထားသလိုပေါ့။

image.png

image.png

ဒီသစ်ခွပန်းကြတော့ ပင်လယ်ထဲက ကြယ်ငါးလေးတွေနဲ့တောင်တူနေသေးရဲ့။ သဘာဝတရားရဲ့ အံ့ဩစရာများချက်ကတော့ သစ်ခွပန်း တမျိုးတည်းတောင် မတူညီတဲ့ မျိုးစိတ်ပေါင်း ၃ သောင်းနီးပါးရှိတယ်လို့သိရပါတယ်။

image.png

image.png

ဒီသစ်ခွပန်းကတော့ ပန်းဆိုတဲ့ အလှအပကိုမခံစားရပဲ အကောင်တကောင်နဲ့တူတယ်ဆိုတဲ့ ခံစားချက်မျိုးပဲ ဖြစ်လာစေတယ် ထင်ပါတယ်။

image.png

image.png

ဒါကတော့ Dancing Lady အမျိုးအစားပါပဲ။ အဖြူရောင်က ဂါဝန်ပုံလေးနဲ့။

image.png

image.png

image.png

မသိရင် ပန်းချီဆွဲထားသလား ထင်ရတယ်။ လှလိုက်တဲ့ သစ်ခွပန်းတွေ။ ဒီပန်းကို ဓါတ်ပုံ မရိုက်ခင် ဘေးမှာ ချာတိတ်မလေးတယောက် ဒီပန်းကို ပုံတူပန်းချီဆွဲနေတာ တွေ့ခဲ့တယ်။ ခဲပန်းချီပေါ့။သူဆွဲထားတာလှ လှနေရောပဲ။ တော်လိုက်တဲ့ ချာတိတ်မလေး။

ကဲဒီနေ့တော့ ဒီလောက်နဲ့ပဲတော်လိုက်ကြပါအုံးစို့။ အပိုင်း ၅ ကြရင်တော့ အံဩစရာကောင်းလောက်အောင် မယုံနိုင်လောက်အောင် လှပတဲ့ သစ်ခွပန်းတွေ အကြောင်း တင်ပေးပါ့မယ်။

Henry Aung ( Kachin )

20/03/2026 Friday 16;10 PM

Leave သစ်ခွပန်းတွေကြည့်ရအောင် ( အပိုင်း - ၄ ) to:

Written by

I love HIVE

Read more #flower posts


Best Posts From Henry Aung

We have not curated any of kachinhenry's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Henry Aung