Henry Aung avatar

ဥယျောဇဉ်

kachinhenry

Published: 03 Mar 2026 › Updated: 03 Mar 2026ဥယျောဇဉ်

ဥယျောဇဉ်

001.jpeg

စာပြန်ရေးမည်ဟုစဉ်စားလိုက်တိုင်း စာရေးရန် ဖုန်းအား လက်တွင်ကိုင်ထားပြီး ရေးရမည့် အကြောင်းအရာ အစရှာမရသည်က ခဏခဏ။ အမှန်တော့ ရေးစရာ အကြောင်းအရာ အတော်များများရှိနေပါသည်။ မည်သည့်နေရက စရမည် မသိခြင်းသာ။

နောက်ကိစ္စတခု။ စာမရေးသည်မှာကြာပြီဆိုတော့ အရေးအသား လက်ကွက် များ ရေးနည်းရေးဟန်များ မူမမှန်ချင် ဖြစ်နေပါသည်။ တကယ်ဆိုလျင်တော့ ရေစရာအကြောင်းအရာက ခေါင်းထဲတွင် အစီအရီရှိနေပါသည်။ ကိုဗစ်ကာလ / အာဏာသိမ်းသည့် အစပိုင်း ကာလများတွင် ကျွန်တော် မလေးရှားရောက်နေသည့် အကြောင်းအရာများကတော့ မိတ်ဆွေတို့ သိပြီးသား ဖတ်ဘူး ပြီးသား ဖြစ်ပါလိမ့်မည်။

၂၀၂၃ /၂၄ လောက်မှ စပြီး ကျွန်တော့ ဘဝတစစ်ချိုး ရန် အချိန်ရောက်လာခဲ့ပြီဟု ဆိုနိုင်ပါသည်။ ထို့နောက်တော့ ဘဝ အချိုးအကွေ့ များအတိုင်း လိုက်ပါစီးမျှောရင်း စာရေးခြင်း အလုပ်အား ခေတ္တရပ်နားထားခဲ့ရပါသည်။ကျွန်တော့ဘဝအား စင်္ကပူ တွင်နောက်တကြိမ် အားယူပြန်လည် တည်ဆောက်နေခဲ့ခြင်း ဖြစ်ပါသည်။ ယခုတော့ ကျွန်တော့ဘဝအတွက် ရောင်နီ အလင်းတန်းတွေ့နေရပြီမို့ စာရေးရန် အခွင့်အရေးလည်း ရလာပြီဟု ဆိုနိုင်ပါသည်။

Cryptocurrency ကတော့ ကျွန်တော့ အနေဖြင့် အတော်လေး အဆက်ပြတ်သွားသည်ဆိုတော့ မနည်းပြန်လေ့လာယူရပါအုံးမည်။ နောက်တခု လေ့လာရမည်က AI ဟူသော နည်းပညာအသစ်။ ရေးစရာ အကြာင်းအရာများကတော့ မပြီးနိုင်သေးသော စစ်ပွဲများ ၊ အသစ်အသစ်သော စစ်ပွဲများ အခြားသော စိတ်ဝင်စားစရာများထက် ပြောင်းလည်းလာနေသော လူနေမှူ ဘဝများ အကြောင်း ကပို၍ စိတ်ဝင်စားစရာကောင်းမည်ဟု ထင်ပါသည်။

လွန်ခဲ့သော ၁၀ နှစ်ကျော် ၁၅ နှစ် နီးပါး ကျွန်တော်ကျင်လည်လာခဲ့သော စင်္ကပူသည် ကျွန်တော် ယခု နောက်တကြိမ် ပြန်ရောက်ချိန်တွင် ရုပ်ပိုင်းဆိုင်ရာ အများကြီး တိုးတက်လာသည်ဟု ခံစားရသော်လည်း လုပ်ငန်းခွင် ယဉ်ကျေးမှု မှာ လုံးဝကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်ပါသည်။ ဆိုတော့ ကျွန်တော့ ရေးနည်းရေးဟန်အတိုင်း တခါတလေ ဟာသ ၊ တခါတလေ ဗဟုသုတ ၊ တခါတလေ စိတ်ဝင်စားစရာ တခါတလေတော့လည်း ကျွန်တော့ ရဲ့ မပြီးနိုင် မစီးနိုင် (ကျွန်တော်ပြောသော စင်္ကပူ )စီးရီး ပြန်ဆက်ရေးရသည်ပေါ့။

အသက်ကလည်း ရလာပြီဆိုတော့ ဘဝမှာ အများကြီး မချန်ထားခဲ့နိုင်ရင်တောင် ကိုယ်ရေးခဲ့တဲ့စာတိုပေစလေးတွေ Hive Platform မှာ ကျန်နေသေးတယ်ဆိုတာ သိရရင်ပဲ တမျိုးလေးကျေနပ်စရာပေါ့။ နေတတ်ရင် ကျေနပ်စရာဆိုတဲ့ စကားအတိုင်း တဖြည်းဖြည်းနဲ့တော့ နေတတ်လာပါပြီ။ သိပ်တော့ မကျေနပ်သေးပါ။

Henry Aung ( Kachin )

03/03/2026 Tuesday 09;05 AM

Leave ဥယျောဇဉ် to:

Written by

I love HIVE

Read more #sharing posts


Best Posts From Henry Aung

We have not curated any of kachinhenry's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Henry Aung