
မရှိလို့ မဟုတ်ပါဘူး
ငါ့မှာ ရွေးချယ်စရာမရှိလို့မဟုတ်ဘူး
ငါ့ နှလုံးသားရဲ့စေခိုင်းချက်ကြောင့်
ရွေးချယ်စရာတွေကို မမြင်တော့တာ
ငါ့မှာ အမှတ်သည်းခြေ မရှိတာမဟုတ်ဘူး
ငါ နာကျင်တိုင်း မင်းကိုချစ်တဲ့အချစ်တွေက
ငါ့ကို ထုံသွားအောင် လွှမ်းမိုးထားတာ
ငါ့မှာ ပြတ်သားတဲ့စိတ် မရှိတာ မဟုတ်ဘူး
ငါ ပြတ်သားမယ်ကြံတိုင်း
မမြင်ရတဲ့ ကြိုးတစ်ချောင်းက
ငါ့ခြေထောက်တွေကို တင်းကြပ်စွာ ချုပ်နှောင်ခံနေရတာ
ငါ ညံ့လို့ မဟုတ်ပါဘူး
မင်း လိမ်နေတာသိသိကြီးနဲ့
မင်းကို ပျော်စေချင်လို့ ကျေကျေနပ်နပ်
အလိမ်ခံနေရတာ
တကယ်တော့ ငါ ဆိုတာ
အခြားသူတွေနဲ့ ပတ်သက်ရင် မာနရှိပေမယ့်
မင်းနဲ့ ပတ်သက်လာရင်တော့
ရှိနေတဲ့ အရာတွေကို မျက်ကွယ်ပြုပြီး
ရေမြွေတစ်ကောင်လို အဆိပ်မရှိဘဲနေတဲ့
အကျဉ်းသား တစ်ယောက်ပါပဲ
Leave မရှိလို့ မဟုတ်ပါဘူး to:
Read more #esteem posts
Best Posts From herrysmit
We have not curated any of herrysmit's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.