
ဘဝဆိုတာ အချစ်ပါပဲ
လူတွေ ဘာ့ကြောင့်အလုပ်လုပ်နေကြတာလဲ......?
လူတွေ ဘာ့ကြောင့် ပူလောင်မယ်မှန်းသိသိကြီးနဲ့
သံယောဇဉ် ထားကြတာလဲ.......?
လူတွေ ဘာ့ကြောင့် နာကျင်နေရတာလဲ.......?
လူတွေ ဘာ့ကြောင့် ပျော်ရွှင်ကြရတာလဲ......?
ပြန်ဖြေပါ့မယ်.....😃😃😃
၁)လူတွေဘာ့ကြောင့်အလုပ်လုပ်နေကြတာလဲ.....
လူတစ်ယောက်က ကိုယ့်တကိုယ်ရည်အတွက်ဆိုရင်
အလုပ်ကို ကြိုးစားလုပ်ကိုင်နေစရာမလိုပါဘူး
မတော်လောဘတွေထားပြီး မတရားမှုတွေကိုလည်း
လုပ်စရာအကြောင်းမရှိပါဘူး။
ဘာ့ကြောင့် အလုပ်တွေနေ့မနားညမနား လုပ်နေရသလဲဆိုတော့ သံယောဇဉ်တွေကြောင့်ပါပဲ
ကိုယ့်မိသားစုအတွက် ၊ ကိုယ့်သား ကိုယ့်မယားအတွက် ၊ ကိုယ့်ဆွေမျိုးတွေအတွက် ၊ ကိုယ့်နောင်ရေးအတွက် အလုပ်လုပ်နေကြခြင်းပါ။
ဒါတွေအားလုံးက အချစ်ဆိုတဲ့ သံယောဇဉ်တွေကြောင့်ပါ။
၂)လူတွေ ဘာ့ကြောင့် ပူလောင်မယ်မှန်းသိသိကြီးနဲ့
သံယောဇဉ်တွယ်ကြတာလဲ.......
သံယောဇဉ်ဆိုတာ အတ္တများလာရင် ပူမယ်ဆိုတာ
အရွယ်ရောက်ပြီးသူတိုင်း သိပြီးသားပါ
ဒါပေမယ့် ပူမယ်သိသိကြီးနဲ့လည်း ချစ်နေကြတာကို
ဘယ်သူမှ တားလို့မရခဲ့ပါဘူး။
တကယ်ချစ်လာရင် အတ္တမကင်းဘူးဆိုတာ
သာမန်လူသားတွေအဖို့ ရှောင်လွှဲဖို့မလွယ်တဲ့အရာပါ
အတ္တကြောင့်ပူလောင်ရသလို လောဘတွေကြောင့်လည်း ပူလောင်နေရတတ်ပါတယ်။တချို့သောလောဘတွေက ကိုယ့်အတွက်မဟုတ်ပေမယ့် ကိုယ်တန်ဖိုး
ထားရသူတွေအတွက် မဖြစ်မနေ ထားလိုက်ရတဲ့
လောဘတွေလည်း ရှိနေပါတယ် ။
အရွယ်ရောက်လာပြီဆိုတာနဲ့ သွေးသားဆန္ဒအရရော
နှလုံးသားဆန္ဒအရပါ အချစ်ဆိုတဲ့ ဘဝသစ်ပင်ကြီးကို
စိုက်ပျိုးဖို့ အစပြုခဲ့ကြတာ အမှန်တရားပါ။
ကိုယ်အရမ်းချစ်ပါတယ်ဆိုတဲ့ မိဘနှစ်ပါးနဲ့ ဆွေမျိုးတွေထက် ပိုချစ်နိုင်တဲ့သူကို ရှာဖွေခဲ့ကြတာလည်း
အမှန်တရားပါ။
အချစ်ဆိုတဲ့အရာကို ဘာ့ကြောင့် ရှာဖွေခွင့်ပြုခဲ့သလဲဆိုရင် ကိုယ်ပိုင်တဲ့ဘဝသစ်တစ်ခုကို ကိုယ့်ချစ်သူနဲ့
တည်ထောင်ချင်တဲ့သဘောဆိုတာ ငြင်း၍မရသော
အမှန်တရားတစ်ခုပါပဲ။
၃)လူတွေ ဘာ့ကြောင့် နာကျင်ခဲ့ကြတာလဲ.......
လူ့ဘဝမှာ လူတော်တော်များများကတော့
လောကဓံကြောင့် နာကျင်ရတာထက် ကိုယ်ချစ်တဲ့
သူတွေကြောင့်ပဲ နာကျင်ကြေကွဲရတာ ပိုများပါတယ်
ဘာလို့လဲဆိုတော့ ကိုယ့်ကိုမျက်ရည်ကျအောင်
လုပ်နိုင်သူတွေက အခြားသူတွေ မဟုတ်ပါဘူး
"ကိုယ်မြတ်နိုးတန်ဖိုးထားရသူ”တွေပါပဲ။
အခြားသူက ကိုယ့်ကိုနာကျင်အောင်လုပ်တာထက်
ကိုယ်ချစ်ရသူတွေရဲ့ သံယောဇဉ်အပူမီးတွေက
ကိုယ့်နှလုံးသားကို ဒဏ်ရာနက်ရှိုင်းစွာပေးခဲ့တယ်ဆိုတာ ခံစားဖူးသူတွေ လက်ခံထားကြပါတယ်။
၎)လူတွေဘာ့ကြောင့် ပျော်ရွှင်ကြရတာလဲ.......
ပျော်ရွှင်မှုဆိုတဲ့အရာက ကိုယ်တစ်ယောက်တည်း
ပျော်ရတာမျိုးမဟုတ်ပါဘူး။
ကိုယ့်မိသားစု စီးပွားရေးအဆင်ပြေလာလို့
ပျော်ရွှင်ရတာ နှင့် ကိုယ်ချစ်တဲ့သူနဲ့ အတူတူနေခွင့်ရလို့
ပျော်ရွှင်ရတာတွေက သံယောဇဉ်ကြောင့်
ပျော်ရွှင်ရတာတွေချည်းပါပဲ။
ကိုယ့်သား ကိုယ့်သမီးလေး ဘဝမှာ အောင်မြင်မှုတွေ
ရလို့ ကြည်နူးလိုက်ရတဲ့ ပီတိနှင့်
ကိုယ့်အရမ်းတန်ဖိုးထားရသူ သေးဘေးကလွှတ်ကင်းခဲ့လို့
ကြည်နူးလိုက်ရတဲ့ ဝမ်းသာမှုတွေက သံယောဇဉ်
တွေကြောင့်ပါပဲ။
နောက်ဆုံး ပြောရရင်
ကိုယ်ကိုယ်တိုင်ပဲ လူ့ဘဝကို ရောက်လာရတာက
ကိုယ့်မိဘနှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်
သွေးသားချင်းရောစပ်ပြီး လူဖြစ်လာတယ်ဆိုတာကလည်း မငြင်းနိုင်တဲ့ အမှန်တရားပါ။
လူ့ဘဝဆိုတာ အချစ်နဲ့စတင်ပြီး အချစ်နဲ့အဆုံးသတ်ခဲ့ကြတယ်ဆိုတာ ကမ္ဘာဦးအစကတည်းက
ငြင်းဆန်လို့မရတဲ့ ဖြစ်တည်မှုတစ်ခုပါ
"ဘဝက အချစ်ဖြစ်သလို အချစ်က ဘဝပါ”
အချစ်ဆိုတဲ့အရာကို အတွေးအခေါ်ယှဉ်ပြီး
ကိုယ်ပိုင်တဲ့ဘဝသစ်လေးကို လှပအောင်တည်ဆောက်
နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါရစေနော်။
Leave ဘဝဆိုတာ အချစ်ပါပဲ to:
Read more #life posts
Best Posts From herrysmit
We have not curated any of herrysmit's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.