Ven Gunapeya avatar

ရိုးသားမှုနဲ့ ရှင်သန်ခြင်း

gunapeya

Published: 27 Apr 2020 › Updated: 27 Apr 2020ရိုးသားမှုနဲ့ ရှင်သန်ခြင်း

ရိုးသားမှုနဲ့ ရှင်သန်ခြင်း

စကားလုံးများစွာရဲ့
ဆွဲဆောင်မူ့အောက်မှာ
ဘဝဟာတစ်ခါတစ်ခါ
သာယာသွားတယ်

လွတ်သွားတဲ့သတိကို
အသိတရားကပြန်ချုပ်တယ်
ဘဝဟာရိုးရိုးရှင်းရှင်းလေးနဲ့
အသက်ပြန်ဝင်လာတယ်

မီးမှန်းသိတယ်
ပူလောင်မယ်ဆိုတာလဲသိတယ်
ပိုးဖလံလိုအသိဥာဏ်မနည်းဘူးဆိုတာလဲ
သိနေတာပဲလေ

သိသိကြီးနဲ့
ဇွတ်တိုးမိနေတာ
တစ်ခါတစ်လေ
ဆန္ဒဟာသိက္ခာကို
ပြန်ထိန်းနေရသလိုမျိုး
ဖရိုဖရဲနဲ့ကွဲလွဲနေတယ်

ကဲ.........
ဘဝကိုရိုးသားခြင်းတွေနဲ့ပဲ
ရှေ့ဆက်အသားကျအောင်နေရမယ်.....။

FB_IMG_1587955386921.jpg

Leave ရိုးသားမှုနဲ့ ရှင်သန်ခြင်း to:

Written by

Monk

Read more #myanmar posts


Best Posts From Ven Gunapeya

We have not curated any of gunapeya's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Ven Gunapeya