Golden Future avatar

Today Clouds are so Beautiful!

golden.future

Published: 16 May 2026 › Updated: 16 May 2026Today Clouds are so Beautiful!

Today Clouds are so Beautiful!

May you all be blessed!

The clouds are so beautiful today.
It's peaceful and pleasant to see the white clouds under the blue sky.
It's also cool and pleasant to see the white clouds above the green trees.

Actually, I can't be happy all the time.
I went to another village on a motorcycle in the afternoon for work.
The afternoon sun was very hot.
It was not comfortable to ride a motorcycle in the hot sun.
The sand on the forest road was also hot.

At this time, when the sun is completely covered by clouds, it becomes cloudy and the temperature drops.
So, traveling while looking at the clouds is hot and pleasant.

In any case, if we can enjoy the beauty of nature, our pain will be relieved, right?

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ!

ဒီနေ့ တိမ်တွေ အလွန်လှပနေကြပါတယ်။
ကောင်းကင်ပြာပြာ အောက်က တိမ်ဖြူဖြူတွေကို ရှုမြင်ရသည်မှာ ငြိမ်းချမ်းသာယာဖွယ်ပင်။
သစ်ပင်စိမ်းစိမ်းတွေပေါ်က တိမ်ဖြူဖြူတွေကို ကြည့်မြင်ရသည်မှာလည်း အေးချမ်းသာယာဖွယ်ပင်။

တကယ်တော့ ကျွန်တော် အချိန်ပြည့် သာယာနေနိုင်သည်တော့ မဟုတ်ပါ။
ကျွန်တော် အလုပ်ကိစ္စဖြင့် နေ့လည်ခင်းမှာ အခြားသောကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားဖြစ်ခဲ့ပါတယ်။
နေ့လည်ခင်းနေက အလွန်ပူပါတယ်။
နေပူထဲ ဆိုင်ကယ်စီးရတာ မသက်သာလှပါဘူး။
တောလမ်းက သဲများသည်လည်း ပူနေပါတယ်။

ဒီလို အချိန်မှာ နေလုံးကို တိမ်တွေက ကွယ်လိုက်သည့်အခြေအနေမှာတော့ မိုးအုံ့သွားပြီး အပူသက်သာသွားပါတယ်။
ဒီတော့ တိမ်တွေကို ကြည့်ရင်း ခရီးသွားရတာ ပူလိုက် သာယာလိုက်ပါပဲ။

မည်သို့ပင်ရှိစေ သဘာဝ၏ အလှတရားကို ခံစားတတ်ပါလျှင်ဖြင့် ဝေဒနာတွေ သက်သာရာရပေမည်၊ ဟုတ်တယ်မလား။

Leave Today Clouds are so Beautiful! to:

Written by

I am a Golden Future Creator and Founder of Honey Hunters.

Read more #hive-197685 posts


Best Posts From Golden Future

We have not curated any of golden.future's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Golden Future