Golden Future avatar

သစ်ပင် ငှက်ကျေး ဘဝအတွေး

golden.future

Published: 20 Jun 2026 › Updated: 20 Jun 2026သစ်ပင် ငှက်ကျေး ဘဝအတွေး

သစ်ပင် ငှက်ကျေး ဘဝအတွေး

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။

Hive ဈေးကလည်း နလံမထူနိုင် ဖြစ်နေတယ်။
ဒီတစ်ချီမှာတော့ ကျွန်တော် ငပျင်း ဖြစ်လို့နေပါပြီ။
ယခင်လို နေ့စဉ် ပို့စ်တင်ဖို့ ဝေးစွ၊ မတင်ဖြစ်တဲ့ ရက်တွေက ပိုများလာနေပြီ။
စာရေးဖို့ အကြောင်းအရာကလည်း ရှာရခက် ရှားပါးနေပြီလေ။
အလွယ်တကူ သဘာဝပုံလေးတွေနဲ့ ရေးတင်ဖြစ်ဖို့တောင် ပုံက ရှားပါးနေခဲ့ပြီ။

ကိုယ်တွေရဲ့ ဇွဲခက်ကြိုးပန်းနေကြတဲ့ အဖွဲ့တော်သားတွေကိုတော့ ချီးကျူးမိပါရဲ့။
ခုချိန် သူတို့က ကိုယ့်ထက် ဇွဲလုံ့လဝီရိယအားကောင်းနေကြတယ်။
ကြိုးစားအားထုတ်မှု အကျိုးကျေးဇူးတွေ ခံစားကြရပါစေဗျာ။

ထန်းပင်တွေက ရသော အရည်ကို ထန်းလျက် အဖြစ်ရအောင် ချက်လုပ်နေပုံကို မှတ်တမ်းဓာတ်ပုံရိုက်ယူထားတာ ရှိပါတယ်။
စာရေးပျင်းနေလို့ ဒီနေ့တော့ ထန်းတော ထဲက အုတ်သျှစ်သီးပင် အသီးတွေ ဝေဆာနေပုံကို ဖော်ပြပေးလိုက်ပါတယ်။
နောက်တစ်ပုံကတော့ ဗျိုင်းငှက်တွေပါ။
ဗျိုင်းငှက်တွေ အကြောင်း ဖော်ပြနေတာလည်း ခဏခဏ ရှိနေပါပြီ။
သို့ပေမယ့်လည်း ရှိတာလေး ပြနေမိတာပါပဲ။

မျှော်လင့်နေသော အချိန်ကာလ ရောက်လျှင် ကိုယ် မျှော်မှန်းထားတာလေးတွေ လုပ်ဆောင်ရနိုင်ဖို့ သည်းခံ ကြိုးစားကြရအောင်ပါ။

Leave သစ်ပင် ငှက်ကျေး ဘဝအတွေး to:

Written by

I am a Golden Future Creator and Founder of Honey Hunters.

Read more #hive-122133 posts


Best Posts From Golden Future

We have not curated any of golden.future's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Golden Future