Golden Future avatar

About Hunt , Daybit and Me

golden.future

Published: 18 Mar 2020 › Updated: 18 Mar 2020About Hunt , Daybit and Me

About Hunt , Daybit and Me

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဒီနေ့တော့ Online Cryptocurrencies Earning
နှင့်ပတ်သက်လို့ မိမိ၏ အတွေ့အကြုံ ဖြစ်ပုံလေးကို
မျှဝေချင်ပါတယ်။

မိမိသည် Steemit User တစ်ယောက်အနေဖြင့်
ရပ်တည်နေတာ နှစ်နှစ်ကျော်ခဲ့ပါပြီ။ SP တွေပဲ စုဆောင်း
နေလေတော့ အကျိုးအမြတ် mmk ငွေသားထုတ်သုံးတာ
ရှားရှားပါးပါးပါပဲ။

သို့ပေမယ့် Steemit ရဲ့ အနွှယ်ပွား Steemhunt
Platform ပေါ်လာတော့ Hunt tokens တွေ
စုဆောင်းခဲ့တာ 20000 ကျော်လောက်ထိပါ။ ထိုမှ
Metamask သို့ လွှဲယူကာ Hunt တွေကို
ရောင်းထုတ်ပြီး Steem ဝယ်ထည့်ခဲ့တာ ရှိသလို
မြန်မာငွေသား တစ်သိန်းခွဲလောက်တော့ ထုတ်သုံးခဲ့ဖူးပါတယ်။

ခုတစ်ဖန် Steemhunt မှနေ ReviewHunt ထပ်ပေါ်
လာတော့လည်း Quest လေးတွေ ဖြေရင်း USD $ စုခဲ့တာ
13$ ကျော်လောက် ရတာနဲ့ ထုတ်ဖို့ ကြံစည်မိပါတယ်။
မြန်မာငွေ ထုတ်သုံးဖို့တော့ မဟုတ်ပါ။

ယခုလတ်တလောအချိန်မှာ Cryptocurrencies အများစု
ဈေးကျနေတာမို့ BTC ETH ဝယ်စုဖို့ စိတ်ကူးရမိပါတယ်။
ဟဲ ဟဲ $ တွေ အများကြီးဆိုတော့။

ဒါနဲ့ပဲ Steemhunt မှ Hunt ‌လက်ကျန် 1700 ကျော်လောက်
ကို Metamask မှတစ်ဆင့် Daybit သို့ ပို့လိုက်ပါတယ်။
Daybit မှာ Hunt ဖြင့် BTC ကို Trade လိုက်ပါတယ်။
ပြီးတော့ တစ်နေရာသို့ Transfer လုပ်ဖို့ကြံစည်တော့
မရပါဘူး။ Minimum Withdrawal မမှီမရှိသေးလို့ပါ။

ဒီတော့တစ်ခါ ReviewHunt ထဲက USD $ တွေကို
ETH အဖြစ်နဲ့ Metamask မှတစ်ဆင့် Daybit သို့ ထပ်ပို့ရပြန်ပါတယ်။

Daybit မှာက ETH နှင့် BTC တိုက်ရိုက် trade လို့
မရလေသောအခါ KRW ပြောင်းရပါတယ်။ KRW မှ
ETH သို့ ပြန် trade ရပါတယ်။
g1poou.png
ကဲဗျာ။ ETH အဖြစ်ပဲ Transfer လုပ်ဖို့ စုစည်းလိုက်
သောအခါမှာတော့ ကျွန်တော်၏ ပိုင်ဆိုင်မှုလေးများဟာ
Daybit ထဲမှာ အတိုအစ အဖြစ် ကိုယ်မသုံးရဘဲ ကျန်ခဲ့
ပါရောလားဗျာ။

တန်ဖိုးများလို့ နှမြောမိသည်တော့ မဟုတ်ပါဘူး။ အဲဒီ
ကျန်ခဲ့တဲ့ ပမာဏလေးများ ရဖို့ Game တွေဆော့၊
Spin တွေလှည့် Airdrop တွေ လုပ်ရတာများ
အတော်အားထုတ်ခဲ့ရ မဟုတ်လားဗျာ။

ဒါကြောင့်သာပဲ ကျွန်တော်ရဲ့ Daybit မှာ Cryptocurrencies
Trade ဖူးတဲ့ အတွေ့အကြုံကို မျှဝေလိုက်မိတော့တာပါပဲ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

MSC 193
golden.future@golden.future

Leave About Hunt , Daybit and Me to:

Written by

I am a Golden Future Creator and Founder of Honey Hunters.

Read more #myanmar posts


Best Posts From Golden Future

We have not curated any of golden.future's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Golden Future