Don Jaun avatar

River overflows the Bridge

donjaun

Published: 10 Jan 2024 › Updated: 10 Jan 2024River overflows the Bridge

River overflows the Bridge

Hello, Nice to meet you all.

Is there anyone who think Middlesbrough can beat Chelsea? If have I think there is not too much, just Middlesbrough fans and some other supporters. I'm not both teams fan but I like Middlesbrough more because of Coach Michael Carrick (Man United old player).

Last season we already seen what Carrick can do. He leads the Team and try to build a better Team. Last season Middlesbrough standing 4 th place at Championship. Unfortunately they lose Coventry at play off stage and can't attempt to Premier League. Anyway last season performance is really nice. But this season Middlesbrough standing 12 th place with 36 points. They far 19 points with 1 st place and 4 points with 6 th place. So not too bad. They have still chance for play off stage. Come on Carrick, Come on Middlesbrough you can do it.

At early morning match, Chelsea get more chance than Middlesbrough but they can't finish it. Middlesbrough get only a little chance but they used it well. After the game Middlesbrough won Chelsea with 1-0. At Riverside Stadium Chelsea face with lose. Can they back at Stamford Bridge 2nd leg. Let see.

Tomorrow early morning there's another Semi Final match will play, Liverpool vs Fulham. Which team will win, Liverpool or Fulham? Let enjoy.

See you tomorrow guys. Have a great day.

ဒီရာသီ ချယ်လ်ဆီးက ဘာများ ဖြစ်နေသည် မသိပေ။ ကိုယ်တွေ မန်ယူနိုက်တက်ကို အားကျနေသည် ထင်ပါရဲ့။ နိုင်တလှည့် ရှုံးတလှည့်နဲ့ အသုံးတော်ခံနေလိုက်တာ ပရိတ်သတ်တွေမှာ ဟာခနဲ ဟင်ခနဲတွေ ဖြစ်ဖြစ်နေရတော့၏။ ကျေးဇူးပါ ရသစုံ ခံစားရအောင် စွမ်းဆောင် ပေးကြလို့။

EFL Cup ပထမကျော့ကို မစ်ဒယ်ဘရော့ အိမ်ကွင်းမှာ ကစား၏။ ချယ်လ်ဆီးတို့ 1-0 နဲ့ ရှုံးနိမ့်ခဲ့၏။ မစ်ဒယ်ဘရော့က ကောင်းလွန်းနေတာ မဟုတ်ဘဲ ချယ်လ်ဆီးကကို ချာနေတာဟု ပြောလို့ရ၏။ အခွင့်အရေးတွေ ရတာမှ အများကြီးရယ်။ ကောင်းကောင်း အသုံးမချနိုင်လို့ ခုလို အရှုံးနဲ့ ရင်ဆိုင်ရခြင်း ဖြစ်၏။ ဒုတိယကျော့မှာ ပြန်လာနိုင်မလားကတော့ တချက် စောင့်ကြည့်ရပေလိမ့်ဦးမည်။

ဟိုးယခင်ကတော့ EFL Cup ကို အသင်းကြီးတွေ သိပ်ပြီး စိတ်မဝင်စားကြပေ။ ဖာဂီတို့ ဝင်းဂါးတို့ လက်ထက်တုန်းကဆို အရံတွေ၊ လူငယ်ကစားသမားတွေကို အများဆုံး ထည့်သွင်းကစားလေ့ ရှိ၏။ နောက်ပိုင်းခေတ်မှာ အသင်းတွေကြား ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လာပြီး ဖလားကလည်း ရဖို့ခက်လာ၊ ရှားလာတော့ EFL ဖလားကိုလည်း အာရုံစိုက်လာကြပြီ ဖြစ်၏။ တမျိုးလည်း ကောင်းပါတယ်လေ။ EFL ပွဲတွေလည်း ကြည့်ကောင်းလာတာပေါ့။

ဒုတိယ အကျော့မှာသာ ချယ်လ်ဆီးတို့ မနိုင်ဘဲ သရေကျခဲ့မယ်ဆိုရင် မစ်ဒယ်ဘရော့တို့ ဖိုင်နယ် တက်သွားနိုင်၏။ မန်ယူကစားသမားဟောင်း မိုက်ကယ်ကာရစ်၏ ဦးဆောင်မှု နှင့်အတူ မစ်ဒယ်ဘရော့တို့ မထင်မှတ်တာတွေ လုပ်ပြနေ၏။ ဒီရာသီမှရယ် မဟုတ်၊ မနှစ်ကတည်းက သူတို့ ကြမ်းပြနေပြီးသား။ play off မှာ ရှုံးသွားလို့သာ EPL ကို ပြန်မလာနိုင်ခဲ့တာ။ ဒီရာသီ ချန်ပီယံရှစ်မှာ အဆင့် 12 နေရာမှာ ရပ်တည်နေတယ် ဆိုပေမယ့် အဆင့် 6 က အသင်းနဲ့ 4 မှတ်သာ ကွာတာမို့ play off ကစားခွင့် အတွက် မျှော်လင့်လို့ ရပါသေးတယ်။ မစ်ဒယ်ဘရော့ရေ၊ ကာရစ်ရေ လုပ်ပြ လိုက်စမ်းပါ။

နက်ဖြန် မနက်မှာတော့ နောက်ထပ် ဆီမီးဖိုင်နယ် ပွဲတပွဲဖြစ်တဲ့ လီပါပူးနဲ့ ဖူလ်ဟမ်တို့ ကစားသွားဖို့ ရှိနေပါတယ်။ ဘယ်အသင်း အနိုင်ရသွားမလဲ။ ဆက်လက် စောင့်ကြည့် လိုက်ရအောင်။

Photos from Carabao Cup Facebook Page

Leave River overflows the Bridge to:

Written by

You are Never Fully Dressed Without A Smile

Read more #hive-115900 posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun