Don Jaun avatar

My Favorite Magisk Modules (Viper4android)

donjaun

Published: 24 Sept 2023 › Updated: 24 Sept 2023My Favorite Magisk Modules (Viper4android)

My Favorite Magisk Modules (Viper4android)

ကဲ မပြီးပြတ်သေးတဲ့ Modules တွေ အကြောင်းပဲ ဆက်လိုက်ရအောင်။ မကြာခင် Appeal ကာလလည်း လွန်‌မြောက်တော့မယ်ဆိုတော့ ရေးရတာ ပိုလို့ တက်ကြွလာခဲ့၏။ blacklist တော့ လွတ်မယ် ထင်ပါရဲ့။ ဒီကြားထဲ အကောင်းဆုံး ကြိုးစားခဲ့တာ ဆိုတော့လေ။

Viper4AndroidFX Repackaged

Module တွေမှာ ကျနော် အကြိုက်ဆုံး module တခု ဖြစ်၏။ phone ၏ audio ပိုင်းကို လုံးဝ အသစ်တခုလေ အလား ပြောင်းလဲ သွားစေ၏။ သီချင်း နားထောင်ရတာ ကြိုက်သူများအဖို့ တကယ့်ကို အဆင်ပြေ‌သည့် app (module) ဖြစ်၏။ audio ပိုင်းကို software နဲ့ ပြောင်း ပြင်ပေး လိုက်ခြင်း ဖြစ်၏။ နားကြပ် အကောင်းစားတွေ မလိုဘဲ တကယ့် နားကြပ် အကောင်းစားတွေနဲ့ နားထောင်ရသည့်အလား ထင်မှတ်မှားရလောက်အောင် အသံပိုင်းက လုံးဝ ပြောင်းလဲ သွား၏။ ထို အချက်က တကယ့်ကို သဘောကျချင်စရာပင်။

ယခု ကိုင်နေသည့် mi 9 lite phone မှာတင် မကဘဲ ယခင် ကိုင်ခဲ့ဖူးသည့် phone အဟောင်းလေးတွေမှာ ကတည်းက ယခု module ကို သုံးခဲ့၏။ Android 13 ထွက်စမှာတုန်းကတော့ ယခု module ကို သွင်းမရ၊ သွင်းပြီး သုံးမရတာမျိုး ရှိခဲ့ဖူး၏။ solution ရှာကြည့်ရင်း အဆင်ပြေတာလည်း ရှိသလို၊ မပြေတဲ့ အခါလည်း ရှိ၏။ တခါတလေ မိမိ သုံးနေသည့် custom ROM နဲ့ မကိုက်လို့ သုံးမရတာမျိုးလည်း ရှိတတ်ပြန်သေး၏။ ဟို custom ROM ဒီ custom ROM မကြာခဏ ပြောင်းလဲ သုံးတတ်သူအဖို့ Viper4android မရတာက အတော်ဆိုးလှ၏။

နောက်ပိုင်းမှာတော့ Viper4android အပြင် Dolby Atmos module ပါ တွဲဖက် သုံးဖြစ်သေး၏။ နားကြပ်နဲ့ နားထောင်ဖို့ အတွက်ဆို Viper4android, ဒီအတိုင်း ရုပ်ရှင်ကြည့် social သုံးချိန်ကြ Dolby နဲ့ ရှယ်ပဲ။ ဒါပေမယ့် နောက်ထွက် custom ROM တွေမှာ အဆိုပါ နှစ်ခုလုံး တွဲပြီး သွင်းမရတော့ပေ။ Dolby ရရင် Viper4android မရ၊ Viper4android ရရင် Dolby မရ ဖြစ်နေတတ်၏။ Viper4android ကို ပိုကြိုက်သူမို့ Dolby ကို လက်လွှတ်လိုက်၏။

နဂို Viper4android module က နောက်ပိုင်း အဆင်မပြေလာတော့ repackaged ဆိုပြီး version တခု ထပ်ထွက်လာခဲ့၏။ ယခင် original version ထက် ပိုမိုက်ပြီး MB လည်း ပိုများ၏။ original ထက် သာသွားတာက sound mode (sound system) ပိုင်း အတွက် ရွေးစရာတွေ အများကြီး ပါလာခဲ့ခြင်း ဖြစ်၏။ music crazy သမားတွေ အကြိုက်ပေါ့။

ကျနော် custom ROM သုံးလာတဲ့ ကာလ တလျောက် အမြဲပါသည့် module တွေထဲ Viper4android ကလည်း တခု အပါအဝင်ပေါ့။ custom ROM တင်၊ Magisk သွင်း၊ သုံးနေကြ Modules တွေ flash ဒါက custom ROM တနည်းအားဖြင့် firmware အသစ် ပြန်တင်တိုင်း ကျနော် လုပ်နေကြ လုပ်ငန်းစဉ် ဖြစ်၏။

ဒီနေ့တော့ module တခုထဲနဲ့တင် စာလည်း အတော် ရှည်သွားခဲ့ပြီ။ (တမင် ရှည်ပစ်) နက်ဖြန်မှ တွေ့ကြရအောင်ဗျာ။

Road to Appeal (26)

Leave My Favorite Magisk Modules (Viper4android) to:

Written by

You are Never Fully Dressed Without A Smile

Read more #hive-122133 posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun