CC9 (Chapter 3)
ထို့ပြင် ကျနော်က ML ဂိမ်းဆော့တော့ ပိုပြီး သိသာ၏။ ယခင် Fyme 7 မှာ သိပ်မသိသာပေမယ့် ယခု Flyme 8 မှာတော့ တော်တော်လေး သိသာလာ၏။ ဂိမ်း တပွဲလောက် ဆော့လိုက်ရုံနှင့် battery က သိသိသာသာကြီးကို ကျသွားလေ့ ရှိ၏။ Flyme 7 ပြန်ဆင်းလျှင် ကောင်းမလားဟုတော့ တွေးမိသေး၏။ ဆင်းတော့ ဆင်းမှကို ရမည် flyme 8 က Performance ပိုကောင်းပေမယ့် battery drain နေတာက ဘယ်လိုမှ မကျေနပ် နိုင်စရာပင်။ ဒီအချိန်မှာ အကွက်ကောင်းက ဝင်သွားတော့၏။ အခြား မဟုတ် phone အသစ်ပြောင်းချင်နေသည့် အကွက် ဖြစ်၏။ လက်ထဲ ရှိသည့် ပိုက်ဆံလေးနှင့် phone ဝယ်ဖို့ ရှာဖွေ လေ့လာတော့၏။
လက်ရှိ အချိန်ထိ Huawei, Sony, Meizu ကိုင်ဖူးခဲ့၏။ အကုန်လုံးကို သဘောကျ၏။ sony က မြန်မာ ဈေးကွက်မှာ သိပ်မတွေ့ရတော့သဖြင့် Meizu ကိုသာ ကိုင်ဖြစ်တော့၏။ သို့ပေမယ့် ကိုရွေမိစုကလည်း မြန်မာနိုင်ငံကနေ ထွက်သွားပြန်၏။ ရွေးချယ်စရာက သိပ်မရှိတော့ပေ။ Meizu ကိုပဲ ကိုင်လိုက တရုတ်ပြည် တိုက်ရိုက် လှမ်းမှာပြီး ကိုင်လို့တော့ရ၏။ အပိုပစ္စည်း ရှားခြင်း မရှားခြင်းကို ကျနော်က အဲ့လောက်ထိ အာရုံမစိုက်ပေ။ သို့ပေမယ့် နောက်ပိုင်း Meizu ၏ privacy ပိုင်းကြောင့် ဖြစ်၏။ security ပဲ မြင့်လိုက်တာလား ဘာလားပေါ့။ ယခင် root လုပ်လို့ လွယ်သည့် meizu က ယခု flyme update မှာတော့ root လုပ်လို့ မလွယ်တော့ပေ။
ကျနော်ကလည်း ကလိချင်သူ တယောက်မဟုတ်လား။ အစပိုင်း phone ကိုင်စမှာတော့ သူ့ နဂိုမူလအတိုင်း သုံးပေမယ့် နောက်ပိုင်းမှာတော့ အပြောင်းအလဲလေးတွေ လုပ်ချင်မိသည်ကိုး။ ထို့ကြောင့် root လုပ်လိုခြင်း ဖြစ်၏။ ကျနော်ပဲ မရှာတတ်လို့လား၊ ညံ့ပဲညံ့နေလို့လား မသိ၊ လုံး၀ root လုပ်လို့ မရနေပေ။ phone တွေနှင့် ပတ်သက်သည့် ကလိစရာ တော်တော်များများ တင်ပေးထားသည့် xda site မှာလည်း meizu နှင့် ပတ်သက်လို့ သိပ်မတွေ့ရပေ။ ကျနော့် Mx6 အတွက် ပိုပြီးတော့တောင် နည်းနေသေး၏။
သို့နှင့် ဘာဆက်လုပ်ရမယ်မှန်းကို မသိတော့ပေ။ phone အသစ်ဝယ်မယ်၊ flyme version ပြန်ဆင်းပြီး အခြေအနေကို ကြည့်ပြီး meizu လေးကို ရောင်းထုတ်ရပေလိမ့်မည်။ မရောင်းချင်ပေမယ့်လည်း သူလည်း နည်းနည်းတော့ date out နေပေပြီကိုး။ သို့နှင့် phone ဝယ်ဖို့ စပ်စုရတော့၏။ Sony, Meizu က ရွေးလို့ မရတော့ပေ။ တကယ်ကိုင်ကြည့်ချင်သည့် phone က pixel phone ဖြစ်၏။ pixel ပြီးလျှင်တော့ one+ ကို တော်တော်လေး သဘောကျမိ၏။ one+ 7T လေးဆို မဆိုးလှပေ။ ဈေးလည်းလည်း သင့်၏။ သင့်သည် ဆိုပေမယ့် (၆) သိန်းတော့ ကျော်၏။ သူ့ brand သူ့ ဈေးတန်းမှာ (၆) သိန်းဝင်းကျင်နှင့် တော်တော်တန်သည်ဟု ပြောလို့ ရ၏။
ဆက်ပါဦးမည်
Don Jaun
MSC 31
Leave CC9 (Chapter 3) to:
Read more #myanmar posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.