CC9 (Chapter 2)
အများစုက phone ကို ဘာအတွက်ကြောင့်ရယ်ဆိုပြီး ရည်ရွယ်ချက် ဦးတည်ချက် မရှိသည်ကို တွေ့ရ၏။ ဒီဇိုင်း လှရုံလောက်နှင့် ရွေးချယ်လိုက်လျှင်တော့ ရေရှည်မှာ အဆင်ပြေနိုင်မည် မဟုတ်ပေ။ ယနေ့ ခေတ်မှာတော့ phone တွေက နေ့စဉ် လူမှု ဘ၀မှာ တော်တော်လေး နေရာ ရလာ၊ ယူလာခဲ့ပြီ ဖြစ်၏။ phone က အပန်းဖြေစရာ အဖော်အမွန် တခု ဖြစ်လို့ လာနေပြီ ဖြစ်၏။ တချို့တွေ အတွက်ဆိုလျှင် မရှိ မဖြစ် အရာ တခုအလားပင် ဖြစ်လို့ လာနေပြီ ဖြစ်၏။ ထိုသို့ ပြောရအောင်ပင် နေ့စဉ် လူမှု ဘ၀မှာ သူကား နေရာ အတော်လေး ရလာနေခဲ့ပြီကိုး။
အချို့က camera ကောင်းသည့် phone လေးဆိုပြီး ရှာကြ၏။ အထိုက်အလျောက် တော်တော်ကောင်းမွန်သည့် camera ပါဝင်သည့် phone များကို ရှာဝယ်နိုင်ပေမယ့် phone က phone, camera က camera ပဲ မလား။ တကယ် camera ကောင်းကောင်း လိုချင်က camera သာ ၀ယ်လိုက်ဖို့ ကောင်း၏။ မိမိက game ဆော့မည့်သူ ဖြစ်ပါက game ကောင်းကောင်း ဆော့ကစားလို့ ရမည့် cpu မြင့် phone မျိုးကို သုံးဖို့ လို၏။ ဒါကလည်း ကန့်သတ်ချက်တွေတော့ ရှိနေသေး၏။ ဘာပဲ ပြောပြော phone တလုံးသည် အကြောင်းအရာ တော်တော်များများ၊ ကိစ္စရပ် တော်တော်များများကို ဖြေရှင်းပေးနိုင်၏။ စိတ်ကျေနပ်စေနိုင်၏။
မိမိတို့ လုပ်ဆောင် အသုံးပြုလိုသည့် အရာအားလုံး နီးပါးကို phone တလုံးက ပေးနိုင်နေသည်ကိုး။ ရုပ်ရှင် ကြည့်မလား၊ internet သုံးမလား၊ ဂိမ်းဆော့မလား၊ ဓါတ်ပုံ ရိုက်မလား၊ social meida သုံးမလား အစရှိသဖြင့် လုပ်ဆောင်လို့ ရနေသည်ကိုး။ ကျနော်က Game အလွန်ဆော့သူ တယောက့် မဟုတ်ပေ။ online game အနေနှင့် ML တခုသာ ဆော့ပြီး offline game အနေနှင့် ဘောလုံးဂိမ်း အချို့ကို ကစား ဖြစ်၏။ ဓါတ်ပုံကလည်း အပျော်ရိုက် အဆင့်သာ ဖြစ်သောကြောင့် အတော်အသင့် camera ကောင်းလျှင် ရပြီ ဖြစ်၏။
လက်ရှိသုံးနေသည့် meizu mx6 က ထိုအချက်များကို ဖြည့်ဆည်းပေးနိုင်၏။ သို့ပေမယ့် အချိန်ကာလ အနည်းငယ် ကြာလာပြီ ဖြစ်သဖြင့် အချို့သော စွမ်းဆောင်နိုင်စွမ်းတွေမှာ Limit ရှိလာ၏။ အဓိကကတော့ battery ပိုင်းမှာ ဖြစ်၏။ ဂိမ်းဆော့လျှင် battery က အတော်လေး ကုန်သွား ကျသွား၏။ ယခင် ဂိမ်းမဆော့ခင်တုန်းက battery 3000 mph က မနည်းလှပေမယ့် ယခုအခါမှာတော့ အနှီ 3000 က သိပ်အဆင်မပြေချင်တော့ပေ။ လိုအပ်ချက်အရ ယခုထက် ပိုများသည့် battery ပမာဏ ပိုမို လိုအပ်လာခဲ့ပြီ ဖြစ်၏။
ဆက်ပါဦးမည်
Don Jaun
MSC 31
Leave CC9 (Chapter 2) to:
Read more #myanmar posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.