dawdawwin avatar

ရည်ရွယ်ချက်

dawdawwin

Published: 15 May 2018 › Updated: 15 May 2018ရည်ရွယ်ချက်

ရည်ရွယ်ချက်

သင့်ရည်ရွယ်ချက်ကို သင်ယုံကြည်ဖို့လိုတယ်

လောကမှာ လူဖြစ်လာတဲ့လူတိုင်းဟာမိမိရဲ့ပင်ကိုယ်ရည်ရွယ်ချက်နဲ့ရည်မှန်းချက် ကိုယ်စီတော့ရှိကြမှာပါ ။ တစ်ချို့
သူတွေကတော့ ရည်ရွယ်ချက်လို့မသုံးနှုန်းဘဲ ဝါသနာလို့သုံးနှုန်းတဲ့သူတွေလည်းအများအပြားလောကမှာရှိကြပါ
တယ်ဘယ်လိုဘဲရှိကြရှိကြ လူတိုင်းမှာတော့ ပင်ကိုဖြစ်ခြင်စိတ်နဲ့ပင်ကိုယ်ဝါသနာ ကတော့ရှိကြမှာပါ ။
တစ်ချို့သောသူတွေရဲ့ဝါသနာနှင့်ဖြစ်ခြင်စိတ်တွေကအများကလက်မခံနိုင်သောအခြေအနေတွေလည်းများစွာရှိ
နေတတ်တယ် ။ ဘယ်လိုအခြေအနေတွေဘဲရောက်ရောက် ဘယ်လို့အတားအစီးတွေဘဲရှိရှိသင့်ဘဝကို ပုံဖော်ကမှာသင်
ကိုယ်တိုင်ဘဲဖြစ်ပါတယ် သင့်ကိုဝေဖန်ပုတ်ခက်သောဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်ဘဝကိုပုံဖော်မပေးနိုင်
ပါဘူး ။ မိမိရည်ရွယ်ချက်ကိုအကောင်အထည်ဖော်ခြင်တဲ့သူဟာ
(၁) မိမိရည်ရွယ်ချက်ကိုဟန့်တားလာသူတိုင်းနှင့်တိုက်ခိုက်နိုင်စွမ်းရှိကပါမယ်
တိုက်ခိုက်သည်ဆိုသည်မှာ မိမိ ကိုအပြစ်တင်လာသူများနှင့် အဆိုးဘက်မှပြောသူများကို ပြန်လည်၍ စောတက
တတ်ခြင်းထက်မိမိဖြစ်အောင်လုပ်နိုင်သည့်ကိုပြသရမှာဖြစ်ပါတယ် ၊ လုပ်ငန်းတစ်ခုခုသင်အောင်မြင်ပြီဆို (သို့)
အောင်မြင်တော့မယ်ဆို ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှလိုက်လံ၍မိမိအောင်မြင်နေပြီဟူ၍ရှင်းပြစရာမလို
အောင်ပင်ထိုသူတွေက သင့်ထက်စောလျှင်၍သိကြမှာပါ။
(၂) မိမိကိုယ်ကိုယ်ယုံကြည်မှုရှိကပါမည်
သင်သည့်ဘယ်အခြေအနေ ဘယ်နေရာမှာဘဲရောက်နေပါစေ သင့်ရောက်နေသောနေရာနှင့် သင့်လက်ရှိဘဝဟာ
သင့်အတွက်ဘာမှ အရေးမပါပါဘူး သင်ဘယ်နေရာသို့ရောက်ခြင်သည်ဆိုတာနှင့် သင့်အနာဂတ်ဘဝသာလျှင်သင့်
အတွက်အရေးအပါဆုံးဖြစ်မှာပါ ဘယ်သူ့မှသင့်ကိုမယုံကြည်ရင်နေပါ ငါအောင်မြင်နိုင်သည်ဟူ၍တော့ သင့်ကိုသင့်
ယုံကြည်မှုရှိဖို့ရန်လိုအပ်လှပါတယ်။
(၃) သေးငယ်လှသောအောင်မြင်မှုလေးတစ်ခုမှာတင်မရပ်တန့်လိုက်ပါနှင့်
သင်တို့ကျွနိုပ်တို့လူသားများသည်မိမိကိုယ်ကိုယ်အထင်ကြီးတတ်ကြပါသည် ၊ အလုပ်တစ်ခုကိုလုပ်၍အနည်းငယ်
မျှသောအောင်မြင်မှုလေးရလာပြီဆိုလျှင် မိမိကိုယ်ကိုယ်ငါအောင်မြင်နေပြီဟု့အထင်ကြီးကာဆက်လက်အရင်း
အနှီးပြုကြိုးစားခြင်စိတ်များမရှိတော့ဘဲရောက်နေရာ ဖားခြေရာခွက်ကလေးကို ပင်လယ်ပြင်ကြီးထင်မှတ်၍ပျော်နေ
တတ်ပါသည် ၊ တကယ်ကြယ်ဝန်းသောပင်လယ်ပြင်ကဲ့သို့ အကြီးမား ဆုံးသောအောင်မြင်မှုရသည်ထိဇွဲမလျော့ဘဲ
ဆက်လက်လျှောက်လှမ်းသင့်ပါသည်။
(၄) လူမှုဆက်ဆံရေးကိုအလေးပေးပါ
မည့်သည့်စီးပွားရေး မည့်သည့်လူမှုရေးနယ်ပယ်တွင်ဆို လူမှုဆက်ဆံရေးသည်အရေးကြီးလှပါသည် ၊ အရည်
အခြင်းရှိသောလူနှစ်ဦးတူပါလျှက် လူမှုဆက်ဆံရေးကောင်းမွန်သူနှင့် လူမှုဆက်ဆံရေးမကောင်းမွန်သူတို့ယှဉ်လာ
ပါက လူမှုဆက်ဆံရေးကောင်းမွန်သောသူသည်တစ်ပန်းသာနေမည်ဖြစ်ပေသည် ၊ အဘယ်ကြောင့်လူတွေနှင့်
ဆက်ဆံရေးသည်အရေးကြီးသည်ဟုဆိုရပါလျှင် ကျွနိုပ်တို့သည်ဘယ်နယ်ပယ်တွင်မဆိုလူများနှင့်သာပေါင်းသင်း
ဆက်ဆံနေရပါသောကြောင့်ဟု ဖြေရပါလိမ့်မည်………………………..
မည်သို့အခက်အခဲတွေဘဲရှိနေပါစေ သင့်ရည်ရွယ်ချက်ကိုသင်ကိုယ်တိုင်သာ ဖော်ဆောင်ရပေလိမ့်မည်။
image

Leave ရည်ရွယ်ချက် to:

Written by

Read more #esteem posts


Best Posts From dawdawwin

We have not curated any of dawdawwin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From dawdawwin