dawdawwin avatar

ငွေ

dawdawwin

Published: 21 May 2018 › Updated: 21 May 2018ငွေ

ငွေ

image
ငွေလိုချင်ရုံနဲ့ တော့ စီးပွားရေးမလုပ်နဲ့ 
ခဏနဲ့ ပြန်ပြုတ်သွားမယ်
အလုပ်မလုပ်ရရင် မနေနိုင်တဲ့
ရောဂါရှိမှ စီးပွားရေးလုပ်
ငွေက နောက်ကိုလိုက်လာလိမ့်မယ် ...

ငွေအရင်းအနှီး နည်းသွားလို့ 
အလုပ် မဖြစ်တာ မဟုတ်ဘူး
ဦးနှောက် ရင်းနှီးတာနည်းသွားလို့ 
အလုပ်မဖြစ်တာ
သေချာ မစဉ်းစားဘဲ
ငါးပွက်ရာပဲ ငါးစာလိုက်ချခဲ့လို့ 
အလုပ်မဖြစ်တာ ...

မြန်မာလူမျိုးမို့  ပေါင်းလုပ်လို့ မရတာ
ကွဲကြတာ မဟုတ်ဘူး
လုပ်ပိုင်ခွင့်၊ ခံစားခွင့်နဲ့ တာဝန်ယူမှုတွေကို
အစထဲက ရှင်းရှင်းလင်းလင်းမခွဲဘဲ
လုံးချခဲ့လို့  ကွဲကြတာ ...

လုပ်ငန်း ဆုံးရှုံးသွားတာ
ဝန်ထမ်းတွေ ညံ့လို့ မဟုတ်ဘူး
ပြိုင်ဘက်တွေ ညစ်လို့ မဟုတ်ဘူး
ကိုယ်စီမံခန့် ခွဲတာ လိုသွားလို့  ...

အလုပ်တွေ များလို့  မပြီးတာမဟုတ်ဘူး
အချိန် နဲ့  တာဝန် ခွဲဝေဖို့ 
စီမံခန့် ခွဲမှု မလုပ်လို့  မပြီးတာ
တစ်ယောက်ထဲ လုပ်လို့ ရတဲ့ ကိစ္စတွေကို
နှစ်ယောက် လိုက်လုပ်နေလို့ 
အလုပ်တွေ မပြီးပြီးတာ ...

အသုံးစရိတ်များလို့ 
အရှုံးပေါ်တာ မဟုတ်ဘူး
အဖြုန်းစရိတ် များသွားလို့
အရှုံးပေါ်တာ ...

လုပ်ငန်းကို သေးသေးပဲစခဲ့လို့ 
ခင်ဗျား မအောင်မြင်တာ မဟုတ်ဘူး
အိမ်မက်သေးသွားလို့  မအောင်မြင်တာ ...

လုပ်ငန်းကို ကြီးကြီးစနိုင်လို့ 
သူအောင်မြင်နေတာ မဟုတ်ဘူး
အိမ်မက်ကြီးကြီးနဲ့ စခဲ့လို့ 
သူအောင်မြင်တာ ...

အရင်းအနှီးများတဲ့သူနဲ့ 
လက်တွဲတိုင်း အောင်မြင်မှာ မဟုတ်ဘူး
ရလဒ် ထွက်အောင် လုပ်မယ့်
တာဝန်ယူမယ့်၊ တာဝန်ခံမယ့်သူနဲ့ 
ဦးစားပေး လက်တွဲမှ အောင်မြင်မှာ ...

ဝန်ထမ်းတွေရဲ့ ဘဝနဲ့ အရည်အသွေးကို
တိုးတက်အောင် မပြောင်းလဲပေးနိုင်ရင်
ကြီးကျယ်တဲ့ အလုပ်တွေကို
ဖန်တီးလို့ မရဘူး ...

မိုးထဲလေထဲရောက်ရင် ရှောင်နေတဲ့
အချောင်သမားတွေကို လက်တွဲဖြုတ်
အပြောသမားကို လက်တွဲဖြုတ်
ရလဒ် မထွက်တဲ့သူကို လက်တွဲဖြုတ်
သူများအပြစ်ပဲမြင်တတ်တဲ့သူဆို လက်တွဲဖြုတ်
Theory နဲ့  Strategy တွေပဲ ထိုင်ရွတ်နေပြီး
မြေပြင်မှာ ဝင်မကူတဲ့သူဆို လက်တွဲဖြုတ် ...

အသေးစိတ် အလုပ်တွေကို တာဝန်ခံပြီး
ကျားစီးဖားစီး လုပ်တဲ့သူကို လုပ်ပိုင်ခွင့်ပေး
အမြဲတက်ကြွနေတဲ့သူကို လက်တွဲထား
အလုပ်ကို ရူးသွပ်တဲ့လူကို ပံ့ပိုး
ဒါဆို ရလဒ်ထွက်မယ် ...

အောင်မြင်တဲ့ စွန့် ဦး ဆိုတာ
အိမ်မက် ထိုင်မက်နေတဲ့သူတွေ မဟုတ်ဘူး
မရပ်မနားကို လဲကျလိုက်
ပြန်ထလိုက် လုပ်နေတဲ့သူတွေ ...

ခင်ဗျား အလုပ် ဘယ်လောက်ရှုပ်ရှုပ်
ဘယ်သူမှ စိတ်မဝင်စားဘူး
ခင်ဗျား ရလဒ် ထွက်အောင် လုပ်ပြမှ
အားလုံးက စိတ်ဝင်စားတယ် ...

နောက်ဆုံးပြောရရင်
စီးပွားရေး လုပ်တယ် ဆိုတာ
ခင်ဗျားအကြောင်း
သူများတွေသိဖို့ ထက်
သူများတွေ အကြောင်းကိုသာ
ခင်ဗျားသိဖို့  ပိုအရေးကြီးတယ် ...

Leave ငွေ to:

Written by

Read more #esteem posts


Best Posts From dawdawwin

We have not curated any of dawdawwin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From dawdawwin