chitminthu330 avatar

မေတ္တာတရား

chitminthu330

Published: 20 Jul 2018 › Updated: 20 Jul 2018မေတ္တာတရား

မေတ္တာတရား

#မေတ္တာပေး အေးပါတယ် #


လူတစ်ဦးတစ်ယောက်ကို အနိုင်ယူချင်တာနဲ့
အားနည်းချက်ကို မိမိရရ ဆုပ်ကိုင်ပြီး မထိုးနှက်ပါနှင့် ။
နိုင်လိုဇောနဲ့ ပြို င်တဲ့အခါ
အမှားဆိုတာ ရှိလာတတ်တယ် ။
မပြောသင့် မပြောအပ်တဲ့ စကားတွေ သတိလက်လွတ် ထွက်သွားတတ်ပါတယ်
အရှက်ရနာကျင်စေတဲ့ စကားတွေကို
ပြောဆိုခံရတဲ့အခါ ဘယ်သူမဆို ခံစားကြရမှာ အမှန်ပါ ။

လဲနေသူကို ကူ ထူပေးပါ
အားငယ်သူတွေကို အားမငယ်ရအောင်
နှစ်သိပ့်စကား ပြောပေးပါ
နိမ့်ကျနေသူတွေကို မနှိမ့်ချပါပဲ လမ်းညွှန်ပြသပေးပါ
လူအချင်းချင်း လေးစားပြီး ထောက်ထားငဲ့ညှာ စာနာသနားပြီး ဖေးမ ကူညီပါ
အတိတ်ကံဆိုးဝါးသူတွေကို စိတ်မာန်အငြိုး မထားပါနှင့် ၊
ကိုယ့်အားမဖြည့်ပေးနိုင် အားပြည့်စေတဲ့ စကားတွေပြောပြီး လူတစ်ယောက်ရဲ့ စိတ်ဒဏ်ရာ အနာသက်သာပါစေ ။

ကိုယ့်ကြောင့် တစ်ခြားသူတွေ ကိုယ် , စိတ်
ပင်ပန်းဆင်းရဲခြင်း ဝေးပါစေ
နှလုံးစိတ်ဝမ်း အေးချမ်းနိုင်ပါစေ ဆိုတဲ့ စိတ်ထား နှလုံးသားထဲ ထားမယ်ဆိုရင်
တစ်ခြားသူလည်း အေးချမ်းမှုတွေ အပြည့်ရသလို
ကိုယ်လည်း ငြိမ်းချမ်းမှုတွေ အပြည့်ရပါတယ်
မေတ္တာအသံ ဘဝဂ်ညံနိုင်ကြပါစေ … ။ ။
image

Leave မေတ္တာတရား to:

Written by

Read more #love posts


Best Posts From chitminthu330

We have not curated any of chitminthu330's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From chitminthu330