အလုပ်လုပ်ဖို့...
👉ဝင်ငွေရတဲ့အလုပ် လုပ်ဖို့
အချိန် မဆွဲပါနဲ့ ..
ကိုယ်ဝါသနာပါတဲ့ အလုပ်ရမှ
အဆင့်မြင့်တဲ့ အလုပ်ရမှ
တန်တဲ့ အလုပ်မှ လုပ်မယ်
စသဖြင့် ချေးများနေမယ့်အစား..
အလုပ် လုပ်ဖို့ နေ့ရွှေ့ညရွှေ့
အချိန်ဆွဲ နေမယ့်အစား ..
ခုလက်ရှိ ကိုယ်လက်လှမ်းမှီတဲ့
သမာအာဇီဝကျတဲ့ ဝင်ငွေရတဲ့
အလုပ်ကို လက်တွေ့ စတင်
လုပ်ကိုင်ကြည့်လိုက်ပါ..
ဒီလိုပဲ လုပ်ရင်းကိုင်ရင်း ဒီထက်
ကောင်းတဲ့ အခွင့်အလမ်းတွေ
ဆိုတာ ပေါ်လာရတာပါ. .
👉ရလာတဲ့ငွေကို မဖြုန်းတီးပစ်ပါနဲ့ ..
သေချာတဲ့ လုပ်ငန်းရင်းနှီးငွေ
အတွက်ကလွဲပြီး ဇိမ်ခံပစ္စည်း
ဝယ်ယူတဲ့အခါ ကိုယ်တတ်နိုင်တဲ့
ငွေအင်အားထဲကပဲ ဝယ်ယူပါ..
အကြွေးနဲ့ ဘယ်တော့မှ မဝယ်ပါနဲ့ ..
လက်ကိုင်ဖုန်း ဆိုင်ကယ်
အိမ်စီးကားစတဲ့ အရာတွေကို
နောက်ဆုံးပေါ် မော်ဒယ် ကိုင်ချင်ရုံ
စီးချင်ရုံနဲ့ ငွေအကုန်ခံပြီး
မော်ဒယ်နောက် မလိုက်ပါနဲ့ ..
ကိုယ် အသုံးပြုနေတာ ph ပါ
ကိုယ် စီးတာ ကား၊ ဆိုင်ကယ်ပါ
မော်ဒယ်ကို အသုံးပြုရတာ
စီးရတာ မဟုတ်ပါဘူး ..
မော်ဒယ်နောက်လိုက်ပြီး
ကိုယ် ပင်ပင်ပမ်းပမ်းရှာဖွေ
စုဆောင်းထားတဲ့ အမြတ်ငွေကို
အလဟဿ မဖြုန်းတီးပစ်ပါနဲ့ ..
ကိုယ့်လက်ထဲက ပိုက်ဆံ
ကိုယ့်အသားကို ကိုက်မယ့်အတိုင်း
သုံးပစ်တတ်တဲ့ အကျင့်ဟာ
ဆင်းရဲတွင်းနက်စေတဲ့ အကျင့်ပါ ..
အရင်းအနှီးပြုဖို့ အတွက်
အိုစာမင်းစာ အတွက်
နေ့ဖို့ညစာချန်ထားတတ်တဲ့
အကျင့်ကောင်းကို မွေးမြူထားပါ ..
ဒီကနေ့
ကိုယ့် လက်ဖျားက ငွေသီးနေပေမယ့်
နောက်တစ်နေ့ ဆက်သီးနိုင်မလား?
မသေချာတတ်ပါဘူး ..
နုပျိုစဉ်မှာ ဘာလုပ်ရ လုပ်ရ
အဆင်ပြေနိုင်ပေမယ့်
အရွယ်အိုကျချိန် စိတ်သွားတိုင်း
ကိုယ်ပါနိုင်တော့မှာ မဟုတ်ဘူး
ဆိုတာ မမေ့လိုက်ပါနဲ့ ..
Leave အလုပ်လုပ်ဖို့... to:
Read more #poem posts
Best Posts From chitminthu330
We have not curated any of chitminthu330's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.