စ ဓ ဗ ဝ
စက္ခုမာစရမာစိဏ္ဏော
ဓမ္မညူ ဓမ္မသာမိကော
ဗလူပေတော ဗလဓရော
ဝရဒေါ ဒေတု မေ ဝရံ။
စက္ခု မာ-မံသ,ပညာ နှစ်ဖြာသောစက္ခုနှင့် ပြည့်စုံတော်မူထသော!စရံ - စရဏတရား တစ်ဆယ့်ငါးပါးကို!အာစိဏ္ဏော - အမြဲမပြတ် လေ့ကျင့်တော်မူအပ်ပြီးထသော! ဓမ္မညူ - တရားအားလုံးကို သိမြင်တော်မူပြီးထသော! ဓမ္မသာမိကော - တရားပိုင်ရှင် ဖြစ်တော်မူပေထသော ! ဗလူပေတော - ဥာဏ်တော်အင်အား ဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူပေထသော ! ဗလဓရော - ကိုယ်တော်အင်အား ဆယ်ပါးကိုလည်း ဆောင်တော်မူထသော ! ဝရဒေါ - မြင့်မြတ်သမှု နိဗ္ဗာန်ဆုကိုလည်း ပေးတော်မူတတ်သော မြတ်စွာဘုရားသည် ! မေ - တပည့်တော်အား ! ဝရံ -ကောင်းကျိုးစုစု မြတ်သောဆုကို ! ဒေတု - လျင်စွာမနှေး ပေးသနားတောမူပါ့အရှင်ဘုရား။
Leave စ ဓ ဗ ဝ to:
Read more #myanmar posts
Best Posts From အရှင်ဩဘာသ
We have not curated any of chirstonawbatha's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.