အရှင်ဩဘာသ avatar

ဖားနတ္သား

chirstonawbatha

Published: 30 Jul 2019 › Updated: 30 Jul 2019ဖားနတ္သား

ဖားနတ္သား

'' ဖားနတ္သား ''


မြတ်စွာဘုရားဂုဏ်တော် ကိုးပါးထဲက တစ်ပါးကိုထုတ်၊ နုတ်ပြချင်စိတ်ပေါက်လာခဲ့တာ ကြာခဲ့ပြီ မအားတာက တစ်ကြောင်း စာတွေဖက်နေရတာကတစ်ကြောင်းနဲ့ အချိန်မရလို့စာမရေးဖြစ်တာကြာခဲ့ပြီ အခုတစ်လော လူ နှင့် ရဟန်းတစ်ချို့ ပဋ္ဌာန်းကြောင့် ဆူညံမှုဖြစ်တယ်လို့ စကားစလာခြင်း တစ်ခုကြောင့် ဒီအကြောင်းကို မရေးလျှင်မဖြစ်ဟု မိမိဘာသာတွေးမိသောကြောင့် စတင်ရေးသားဖော်ပြလိုက်သည်။

အကြောင်းက အခုတစ်လောမှာ ပဋ္ဌာန်းရွက်တာကို အသံချဲ့စက်နှင့်ရွက်ဖတ်တော့ ဆူညံတယ်ဆိုပြီး လူတစ်ချို့က အိပ်မရ ဆူတယ် တိုးတိုးလုပ်လို့ပြေားလာတယ် ဒါကလည်းသူအပိုင်းနဲ့သူတော့လည်းမှန်သင့် သလောက်မှန်ပါတယ် ရဟန်းတစ်ချို့ကလည်း ဆူညံသံနှင့် ကျယ်လောင်သံကို ခွဲခြားပြလာတာ ကသိပ်မကွဲဘူး ထင်လို့၊ မြတ်စွာဘုရားက ကျယ်လောင်သံကို တစ်ဆယ့်နှစ်တောင် ထက်ကျော်လွန်သောအသံကို ကျယ်လောင်သံလို့ ဆိုလိုတာ ၊ ဆူညံသံလို့ ပြေားတာဟုတ်မယ်မထင်ဘူး....

ပဋ္ဌာန်းရွက်တာက မြတ်စွာဘုရားရဲ့တရားတော်တွေကို ရဟန်းတွေက ပြန်လည်ဖတ်ပြနေကြတဲ့ သဘောပါဘဲ နားလည်သူလဲရှိသလို နားမလည်ဘဲ နားထောင်နေတဲ့သူလည်းရှိတယ်၊ အမှန်ပြေားရလျှင် မြတ်စွာဘုရားရဲ့ တရားတော်တွေကို ရွတ်ဖတ်နေပါလားဆိုပြီးတော့ ကြည်ညိုတဲ့စိတ်ကလေး နှင့်နားထောင်လျှင် ကုသိုလ်ရစေပါတယ် နတ်ပြည်ရောက်စေနိုင်ပါတယ် နောက်ပြီး တရားထူးတွေရပြီး တမဂ်တစ်ဖိုလ် ဆိုက်နိုင်ပါတယ် .....

လင်းနို့သားငါးရာက ရိုးသွားပြီထင်တယ် တစ်ခြားဝတ္ထုရှာကြည့်တော့ မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးမှာ ရှင်းပြထားတာတွေရတယ် ဓမ္မသ၀နအကြောင်းပေါ့ ၊မြတ်စွာဘုရားက လူတွေတင်မက တိရိစ္ဆာန်တွေကိုပါ ဆုံးမဟောတော်မူခဲ့တယ် ၊ဇတ်တော်လေးအနည်းငယ်ထုတ်ပြဦးမယ်....

မြတ်စွာဘုရားရှင်သည် စမ္ပာပြည်၌ တရားဟေားတော်မူစဉ် တရားဟောသောနေရာ၏ မနီးမဝေးသော နေရာ ဂဂ္ဂရာအမည်ရှိသောမိဘုရား၏ ပေါက္ခရဏီအမည်ရှိ လေးထောင့်ရေကန်ရှိသတဲ့၊ အဲ့ဒီရေကန်မှာ ဖားလေးတစ်ကောင်က မြတ်စွာဘုရားဟောကြားသော တရားသံကြောင့် ရေကန်အတွင်းကနေတက်လာပြီး တစ်ခုသောနေရာ၌ ဘုရား၏တရားသံကို နားစိုက်ထောင်ရင်းနေသတဲ့ ၊တရားသံကိုနားစိုက်ထောင်သာနေတာ သူခမျာ တရား၏အနှစ်သာရကို သူနားမလည်ရှာဘူး အဟိတ်တိရိစ္ဆာန်ကိုး လူစကားဘယ်နားလည်မလည်း နားမလည်သော်ငြားလည်း အသံကိုနားစိုက်ထောင်နေတယ်နော်၊ မြတ်စွာဘုရားအသံတော်ကလည်း ခြင်္သေ့ပျိုလေးဟိန်းဟောက်သည့်အသံလား သာယာတော်မူသတဲ့၊ ဒီအသံကို အာရုံစိုက်နားထောင်နေခိုက် သူ၏ရှေးကံအဆက်ကြောင့်၊ သြော်ဒါတရားတော်ပါလားဆိုတဲ့သဘောနဲ့ နာနေရင်းမှာ နွားကျောင်းသား တစ်ယောက်ကလည်း တရားပွဲလာသတဲ့ ၊သူကလည်း ဖားလေးနားရောက်လာသတဲ့၊ ဖားလေးရှိမှန်းလည်း နွားကြောင်းသားခမျာ မသိရှာဘူး။ ဖားကလေး၏ကျောပေါ်ကို နွားကြောင်းသား၏ တံဖျာကလေးက ထောက်မိသတဲ့၊ အဲ့ဒီခဏအတွင်းမှာဘဲ တရားနာရင်းဖားလေးက ကံတော်ကုန်ပြီး။ ချက်ခြင်းဆိုသလို တရားတော်၏ တန်ခိုးကြောင့် နတ်ပြည်မှာ ၁၂ ယူဇနာ ကျယ်ဝန်းသော ရွှေဖြင့်ပြီးတဲ့ဗိမာန်ပေါက်သတဲ့၊ အဲ့ဒီမှာ နတ်သမီးအခြံအရန်နှင့်တကွ ဖားနတ်သားလေးသွားဖြစ်ရှာသတဲ့။ မြတ်စွာဘုရား၏ သတ္တ၀ါတွေအပေါ် ထားရှိသော မေတ္တာတရားကြောင့် အလွန်အံ့သြဖွယ်ရာပင် အဟိတ်တိရိစ္ဆာန်တောင် နတ်သားဖြစ်စေတယ်နော်၊ ဖားနတ်သားကလည်း သူဘယ်လိုကုသိုလ်ကံကြောင့် ဒီလိုဘုံဘ၀ကိုရရှိသလည်းဆိုတာ ဆင်ခြင်နိုင်သောဉာဏ် ရတဲ့ နတ်ဘ၀ကိုရခဲ့ပြီ။ သူသည်မည်သိုသော ကုသိုလ်ကံကြောင့်နည်း။ သေခြာဆင်ခြင်ကြည့်တော့ မြတ်စွာဘုရား ဟောကြားသောတရားသံကို တရားဟောသောအသံပါတကားဟု နားစိုက်ထောင်ရင်း ကံကုန်ခဲ့ တဲ့ အကြောင်းကြောင့် ယခုလိုနတ်သားဘ၀ရခဲ့ခြင်းကို မြင်လာလေပြီ။ သူနတ်သားဖြစ်ကြောင်းကို သိစေခြင်သောကြောင့် ချက်ခြင်းဆိုသလို မြတ်စွာဘုရားခြေတော်ရင်းတွင် အခြံရံနှင့်တကွ အရောင်အဆင်းကိုဖြစ်စေ၍ ခြေတော်ဦးခိုက်ရှိခိုးလေသတဲ့။ ဘုရားရှင်တို့မည်သည် အကျိုးကိုမြင်တော်မူသော် ၊သိတော်မူသော်လည်း မသိသကဲ့သို့ မေးတော်မူ၏ ။ အသင်သည်အဘယ်သူနည်း ။သူသည် ဖားဘ၀မှ နတ်ဘ၀သို့ ယခုပင်တရားနာရင်း နွားကြောင်းသားကြောင့် ကံတော်ကုန်ပြီး။ နတ်ဘ၀ကိုရကြောင်း လျှောက်ထားသတဲ့။ မြတ်စွာဘုရား၏ အစွမ်းနှင့် ယခုမြတ်မှောက်ဘ၀ ပင်လျှင် အကျိုးရခြင်းကို သိစေလိုရှိခြင်းကြောင့် ရောက်ရှိကိုယ်ထင်ပြရခြင်းဖြစ်ကြောင်း လျှောက်ထားသတဲ့။ တရားတော်၏ အဆုံးမှာ ရှစ်သောင်းလေးထောင်သောသတ္တ၀ါတို့ သစ္စာလေးပါးသိမြင်ပြီး။ ဖားနတ်သားလည်း သောတာပတ္တိဖိုလ် တည်သတဲ့။ ကဲ ... မြတ်စွာဘုရား၏ တရားသံကို နာကြားရင်းခဏအတွင်းမှာတောင် ချက်ခြင်း လက်ငင်း အဟိတ်တိရိစ္ဆာန်ကိုတောင် အကျိုးထူးကိုပေးစေတယ်ဆိုတာကို ပြတယ်နော်....

ဒါကိုလူတွေက ဘာကြောင့် မြတ်စွာဘုရားဟောကြားတဲ့ ပဋ္ဌာန်းတရားတော်ကို တရားတော်ကိုနာကြား နေရတယ်လို့မကြားဘဲ ဆူညံတယ်လို့ကြားနေကြသလည်း မေးခွန်းထုတ်ဘို့လိုအပ်လာပြီ။ လူနှင့် အဟိတ်တိရိစ္ဆာန် လူကပိုပြီးအသိဉာဏ်သာရမှာ အခုတော့ လူတွေက ဘုရားတရားနှင့်ဘုရားစကားကို မကြားချင်တော့ဘူးဆိုလျှင် ထိုပုဂ္ဂိုလ်သည် အဘယ်ဘုံကို သွားနေသလည်းဆိုတာ မိမိဘာသာဆုံးဖြတ်ကြည့်။ ဘုရားစကား ဘုရားတရား ဘုရားအကျင့်ကို မလိုချင်တော့လျှင် သူသည် အမှန်တကယ် ဘာသာရေးအသိ နည်းသူ အယူလွဲမိစ္ဆာဒိဋ္ဌိသာ ဖြစ်နေလိမ့်မည်ဟု မိမိထင်မိပါသည်။

ရေးသူ = chirstonawba( ခရစ်တွန်သြဘာ) 30-7-2019 /8 :49 PM

ကျမ်းကိုး= ပါရာဇိက အဋ္ဌကထာ(စာမျက်နှာ ၉၃/၉၄။ဂုဏ်တော်ကိုးပါးဖွင့်။ကော မေ ၀န္ဒတိ ပါဒါနိ၊။ ပ ။ဝစ္ဆပါလကောတိ။)

Leave ဖားနတ်သား to:

Written by

စစ်ကိုင်းမြို့ စိန်ကုန်းရပ် ပြဿဒ်ကျောင်းတိုက်

Read more #myanmar posts


Best Posts From အရှင်ဩဘာသ

We have not curated any of chirstonawbatha's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From အရှင်ဩဘာသ