သားလို့တစ်ခါဘဲခေါ်ခံခဲ့ရဘူးတယ်
သားလို့တစ်ခါဘဲခေါ်ခံခဲ့ရဘူးတယ်
####################
ဘုန်းဘုန်း အဖေက ဘုန်းဘုန်းကို သားလို့ ..... တစ်ခါမှ မခေါ်ခဲ့ဘူး။ ဟဲ့ကောင်.. ဒါမှမဟုတ်ရင်
နာမည် ခေါ်တယ်။ ဦးဇင်းတို့ကိုယ်တိုင် ခံစားရတာနဲ့ပြောရင်၊ မှတ်မိသည့် အရွယ်ထိ အဖေကိုယ်တိုင် “သား” လို့
တစ်ခါမှ မခေါ်ဖူးဘူး။ အဖေ့ကို အပြစ်ပြောတာ မဟုတ်ဘူး၊ သူနေရတဲ့ ပတ်ဝန်းကျင်၊ သူရဲ့အသိုင်း
အ၀ိုင်း၊ သူနေရတဲ့ ရပ်ကွက်၊ သူနေရတဲ့ ရွာ၊..။ တစ်ခါမှ မခေါ်ခဲ့ဖူးဘူးဆိုတော့ လွန်လွန်းရာ ဖြစ်သွားမယ်။
တစ်ခါတော့ ခေါ်ခဲ့ဖူးပါတယ်။
အဲဒီအချိန်လေးတော့...
မှတ်မှတ်ရရ ရှိတယ်။ ဘုန်းဘုန်း ဆယ်တန်းဖြေခါနီးအချိန်
၁၉၉၉..ခုနှစ်။ ဆယ်တန်းဖြေဖို့ မတိုင်မီ တစ်ပတ်အလိုမှာ ဘုန်းဘုန်းမှာ သွေးပေါင်ကျတဲ့ရောဂါရှိတယ်။
၆၀း ၈၀ ပဲရှိတယ်။ ပြီးတော့ ဘုန်းဘုန်း ဗိုက်ကလည်းဆာတတ်တယ်။ စာ တိုးတိုးကျက်တာကို အမေက
အော်ကျက်ခိုင်းတော့ ပြဿနာ ဗိုက်ဆာလာတယ်။ အဲဒီတော့... မီးဖိုခန်းထဲ ၀င်သွားတယ်။
ည (၁၀)နာရီလောက်မှာ ထမင်းစားခန်းကိုဖြတ်၊ မီးဖိုချောင်ထဲကို ၀င်တော့၊ ထမင်း-ဟင်းရှိတယ်၊
ကဲ... စားမယ်ဟေ့ လို့ဘုန်းဘုန်းထိုင်ရာမှထ . ထမင်းပန်းကန်ကို အယူမှာ မူးပြီးယိုင်နဲ့သွားတယ် သွေးအားနည်းလို့
မူးအသွားမှာ ပန်းကန်စင် ကြောင်အိမ်ကြီးကို ကိုင်ထားလိုက်တယ်။ အိုး...ပန်ကန်စင်ကလည်း စီထားလိုက်တာ အများကြီး
မောင်နှမတွေများတော့ အများကြီး စီထားလိုက်တာ။ အဲဒီမှာတင် မူးပြီးလဲအကျ ပန်းကန်စင်ကလည်းလူနဲ့အတူ ကိုယ်ပေါ်ကိုအကျ ဒီပန်းကန်စင်ကြီးကို
ငါ ကိုင်ထားရမှာလား၊ လွတ်ချရမှာလားလို့ စဉ်းစားတာ။ ကိုင်ထားရင် ငါ့အပေါ်မှာကျ ငါလည်းသေ၊ အကုန်လုံး
လည်းကွဲ၊ ဒုက္ခရောက်မယ်။ ကဲ သေချင်သေ ဆိုပြီးတော့ လွတ်ချလိုက်တာ၊ လူကဘယ်လို ပြုတ်ကျ
သွားမှန်းမသိ၊..မေ့သွားတယ်။
ဘုန်းဘုန်းမေ့လဲသွားပြီး စ... သတိရလာတဲ့အချိန် ကြားရတဲ့အသံက " သား " ဆိုတဲ့အသံ။ မျက်လုံး
ကလေးဖွင့်ကြည့်တော့ အဖေ့မျက်နှာက အာဠ၀ကဘီလူးမျက်နှာ ဖြစ်သွားပြန်တယ်။ နောက်ကျမှ အမေ့ကို
တိုးတိုးကလေး လက်တို့ပြီးမေးကြည့်တော့... သား.. မင်းမေ့နေတုန်းက မင်းအဖေ တအားစိတ်ပူနေပြီး " သား "
လို့ခေါ်လိုက်သေးတယ်တဲ့။
အဖေရှိရင် ဘုန်းဘုန်းတို့ ဖြတ်မလျှောက်ရဲဘူး၊ လေးစားတာက သပ်သပ်၊ ချစ်တာက သပ်သပ်၊
ကြောက်တာက သပ်သပ်၊ အဖေ့မျက်နှာက အဲလိုမျိုး။
အဖေက အရက်သောက်တယ်။ အရက်သောက်တဲ့ အဖေတွေ ရှိပါလိမ့်မယ်။ ဘုန်းဘုန်းအဖေကို
မှီမယ်မထင်ဘူး။ အရက်သောက်တယ်ဆိုတဲ့သဘာဝက ထမင်းမစားမီနဲ့ စားပြီး ဘယ်ဟာ သောက်ကြတုန်း ?။
( ထမင်း မစားမီပါဘုရား..... )။ အိုး.. ဟောလိုလား ?။ ဘုန်းဘုန်းအဖေက ထမင်း မစားမီလည်းသောက်တယ်။
ထမင်း စားပြီးလည်းသောက်တယ်။ နောက်ဆုံး.. ဘာ အမြည်းမှ မရှိရင် ထမင်းကြမ်းနဲ့ ရေဖျော်ပြီးသောက်တယ်။
ဘုန်းဘုန်းအဖေ အရက်ကြောင့် အူအတက်ပေါက်ပြီး ဆေးရုံတင်လိုက်ရတယ် ဆရာဝန်တွေက အူဖြတ်ဆက်ရမယ်တဲ့ ၆ လက်မခန့်ဖြတ်ပြီး ဆေးကော်နဲ့ပြန်ဆက်တယ် ရှင်မယ်လို့ဘယ်သူမှအာမမခံဘူး ဘုန်းဘုန်းအဖေကလည်း သူမသေရင် လူဘဝမှာမနေတော့ဘူး သာသနာ့ဘောင်ဝင်မယ် တရားအားထုတ်မယ်ပေါ့ ဆေးရုံကလည်း ဆေးဘိုးမယူကြဘူး ဘာကြောင့်လည်းဆိုတော့ သူတို့စမ်းသပ်တာ အောင်မြင်လို့ သူတို့လည်းရာထူးတိုးသွားတယ် ဆေးပညာမှာ အူဖြတ်ဆက်လို့အသက်ရှင်တယ်ဆိုတဲ့ ပညာရလို့တဲ့ ဒါနဲ့ ဆေးရုံကဆင်းတော့ ရွှေစေတီသာသနာ့ရိပ်သာမှာဝါတွင်း တစ်ခုလုံး ရဟန်းဝတ်တရားအားထုတ်တယ် …
ဘုန်းဘုန်းအဖေ အရက်ဖြတ်ပါတယ်။ ကိုယ့်ဟာကိုယ်
အရက်ဖြတ်လိုက်တယ်။ သေလောက်အောင်ထိ ဝေဒနာ ခံစားရတယ်။
ဦးလေးတို့၊ အဒေါ်တို့က ပြန်ပြောပြတာပေါ့လေ....။ ဟာ... အသက်တော့ အသေမခံပါနဲ့၊ အရက်တော့
နည်းနည်းကလေး သောက်ပါ။ သူက .. သေချင်၊ သေပါစေ။ ငါမသောက်တော့ဘူး။ အရက်ဖြတ်မှာ။ ဘာဖြစ်လို့
အရက်ဖြတ်တာတုန်းဆိုတော့.. ငါ့သား စာရေးကြီးဖြစ်တော့မယ်။ စာရေးကြီးအလုပ်တွေ လုပ်တော့မယ်။
သူ့အသိုင်းအ၀ိုင်း သူ့ပရိတ်သတ်ထဲမှာ အရက်သမားရဲ့သားလို့ အဖြစ်မခံနိုင်ဘူးတဲ့။ သားရဲ့ ဂုဏ်သိက္ခာ..
အရက်သမားရဲ့သားလို့ အပြောခံရမှာ စိုးလို့တဲ့။
သာသနာ့ဘောင်မှာ ဘဲနေရင်းအရက်ကိုဖြတ်နိုင်ခဲ့တယ်
သာသနာမှာနေရင်းဘဲ ကံတော်ကုန်သွားခဲ့တယ်
မိဘဖြစ်ပြီးတော့ သားသမီးကို မေတ္တာထားနိုင်ကြပါစေ။
သားသမီးဖြစ်ပြီးတော့ မိဘကိုမေတ္တာ ပေးနိုင်ကြပါသဖြင့် ကြည်ကြည်ဖြူဖြူနဲ့ ဘ၀သံသရာ ခရီးကို
လျှောက်လှမ်းနိုင်ကြပါစေကုန်သတည်း။ ။
Leave သားလို့တစ်ခါဘဲခေါ်ခံခဲ့ရဘူးတယ် to:
Read more #myanmar posts
Best Posts From အရှင်ဩဘာသ
We have not curated any of chirstonawbatha's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.