သင်သိပါသလား
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မိသားစု အိမ်ထောင်ဦးစီး ဖခင်နေရာများကို အမည်မသိ အိမ်ထောင်ဦးစီးများ ၀င်ရောက်မွှေနှောက်နေသည်ကို သင်တို့သိကြပါသလား ။
ဒါဘာကြောင့် ဖြစ်ကြရတာလည်း........
စီးပွားရေးကြပ်တည်းလို့ မိန်းမများ လင်ငယ်နေကြတာလား .................
ဒါမှမဟုတ် ကလေက၀ အခြေအမြစ် မရှိကြလို့လား............
စည်းမဲ့ကမ်းမဲ့ ဘလေဗဇာ ကလေက၀ အုတ်ကြားမြတ်ပေါက် ဖြစ်နေကြပြီလား.......
အို....စုံလို့စုံလို့ ဒေါ်မြတ်လေး ပြေားသလို ပြေားချင်ဘူးပြေားချင်ဘူး....................
တကယ်တော့ ကျွန်တော်တို့ အိမ်တွေကို အမည်မသိ ဖခင်များဝင်ရောက်မွှေနှောက်မှုကို ဖြစ်စေတာက မူလတန်းမှ ဒဿမတန်းအထိ ပညာသင်ပေးတဲ့ ဆရာ/မ များကြောင့် တစ်နည်းတစ်ဖုံ ဖြစ်နေပါတယ်.......
အကြောင်းကား......
ကျွန်တော်တို့ ငယ်ငယ်က ပညာသင်ကြားခဲ့တဲ့အခါမှာ ကျောင်းမှာ English၊ မြန်မာ စာသင်တဲ့ဆရာကလည်း ၊မိမိတို့ပတ်ဝန်းကျင်အကြောင်း စာစီစာကုံးရေးပါလို့ပြေားတော့ ကျွန်တို့ ရေးခဲ့ကြတယ်....
အဖေနာမည် -ဦးဘ + အမေနာမည်- ဒေါ်လှ ဒါနဲ့ တက္ကသိုလ်အထိပါဘဲ ...
ဒါပေမည့် ......
ပထမတန်းမှ ဒဿမတန်းတိုင်အောင် ......
အဲ ကျွန်တော်တို့ အဖေ + အမေ နာမည်တွေကို အမှန်မရေးတက်ခဲ့ဘူး ...
မှတ်ပုံတင်မှာ လူတိုင်းလိုလို ဦးဘ + ဒေါ်လှ ဖြစ်နေတာကို တွေ့လာရတယ် အဲ့ဒီအထိအောင်ပါဘဲ.....
ကျွန်တော်တို့က တိုင်းရင်းသားဆိုတော့ ပိုဆိုးတာပေါ့ အဖေနာမည်က ဦးလဇိန်သောက်ဝ်+ အမေနာမည်က- ဒေါ်ကွီးချန်မား ကဲဘယ်လိုလုပ်မလည်း ဆရာမကလည်း ဗမာလူမျိုးဆိုတော့ ကျွန်တော်တို့ တိုင်းရင်းသားနာမည်ကို သူသိသလောက် ပေါင်းပေးလိုက်တယ် .......
မှတ်ပုံတင် ဌာနကလည်း ဗမာလူမျိုးဆိုတော့ သူသိသလောက်ဉာဏ်နဲ့ စာလုံးပေါင်းပေးပြန်ရော ....
ပြဿနာက စတက်ပြီ တက္ကသိုလ် ဘွဲ့ရ ဆရာ/မတွေ တက္ကသိုလ်ဘွဲ့ရ ဌာနဆိုင်ရာ ၀န်ထမ်းတွေက လူနာမည်ကို မှန်အောင်မပေါင်းတက်တဲ့ ဘွဲ့ရကြီးတွေဆိုတော့ကား.....
အလုပ်ကရှုပ်ရပြီ ဆယ်တန်းမှာ မိဘ မှတ်ပုံတင် မိတ္တူ တောင်းပြီ ....
ကျောင်းအပ်တုံးက ဆရာ/မ တွေကို ကျွန်တော်တို့ မိဘတွေက စာမတက်တော့ နှုတ်ကပြေားတာ ဆရာ/မ တွေက သူတို့ နားလည်းသလို ထင်ရာရေးလိုက်တာ၊ မှတ်ပုံတင်ထဲက နာမည်နဲ့ ၊ကျောင်းအပ်တုံးက ဆရာ/မတွေ ရေးခဲ့တဲ့နာမည်က ပြဒါးတစ်လမ်း သံတစ်လမ်းဆိုသလို တက်တက်စင်အောင်လွဲကုန်ရော ....
ကျောင်းက ဆယ်တန်းဆိုတာ ရောက်တာနဲ့ တိုင်းရင်းသားတွေကော နယ်ကစာသိပ်မတက်တဲ့ မိဘတွေကော ပြဿနာအကြီးကြီးစတက်ပါလေရော ......
အဲ့ ...... သားသမီးအရေးဆိုတော့ မိဘတွေမှာလည်း ငွေကုန် အချိန်ကုန် စိတ်ရှုတ်နဲ့ ဆင်းရဲပင်ပန်းလိုက်တာ သတင်းသမားတွေလည်း သတင်းမရေးရဘူး ဒါဘဲလုပ်နေရတယ် ၊ ဌာနတော်တော်များများလည်း တိုင်းပြည်အရေး တိုးတက်ဘို့ ရှေ့တိုးမည်ကြံတုံး ဒါဘဲ အလုပ်လုပ်နေရတယ် .....
ဒါကြောင့် သင်တို့ ဆရာ/မ တွေ ကျောင်းသားတွေကို စာတက်အောင် မသင်နိုင်ရင်နေပါစေတော့ ဖခင် အမည် မိခင် အမည်လေးတော့ မှန်အောင်ရေးတက်အောင်သင်ပေးကြပါလို့ တောင်းဆိုပါတယ်...
ဒီကလေးတွေက နောင်မှာဝန်ထမ်းလုပ်တဲ့အခါမှာ သင်တို့ဖခင်အမည် မိခင်အမည်တွေကို မှန်အောင်ရေးပေးနိုင်တဲ့ ဘွဲ့ရပညာတက် ဌာနဆိုင်ရာဝန်ထမ်းများ ထွက်ပေါ်လာစေမှာဖြစ်ပါတယ် ....
ကဲကဲ ....ပြေားတာလည်းများသွားပြီ
သင်မယုံလျှင် နေ့စဉ်သတင်းစာများကို ဖတ်ကြည့်ပါ ဖခင်အမည်မှန် ဘယ်လောက်ဒုက္ခပေးနေသလည်းလို့
@chirstonawba
Leave သင်သိပါသလား to:
Read more #myanmar posts
Best Posts From chirstonawba
We have not curated any of chirstonawba's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.