chirstonawba avatar

The exam

chirstonawba

Published: 13 Jul 2019 › Updated: 13 Jul 2019The exam

The exam

စဉ်းစားချိန် တန်ပြီ
——————

ဝမ်းနည်းစရာ​ကောင်းတဲ့သတင်းတစ်​ပုဒ်​ဂုဏ်​ပြု စရာ​ကောင်းတဲ့စာ​အောင်​သံဃာများ။
ဘာလို့ဝမ်းနည်းစရာ​ကောင်းလဲဆိုတာ ​ပြောပြမယ်

စာချတန်းကို၂၂၈၄၄ပါး
ဖြေဆို​ပေမဲ့
အောင်​တာက၃၀၅၄ပါးထဲ​အောင်​တယ်​။
၁၈၀၀၀​ကျော်​က ကျစားရင်း။
အောင်​ချက်​ရာခိုင်​နူန်းက ၁၃။
ဘာလို့အ​လောက်​​တောင်​နည်းလဲဆိုတာစဉ်းစားမရဘူး။

ပထမပြန်​ကြည့်​ပြန်​​တော့
ပထမကြီးတန်း​ဖြေဘ၁၄၁၁၀
အောင်​၁၂၁၇ပါး။
၁၂၀၈၃ပါး​တောင်​ကျ တယ်​။

အောင်​ချက်​က
ဆယ်​ရာခိုင်​နူန်း​တောင်​မပြည့်

ပထမလတ်​တန်​​ဖြေ ၁၃၉၂၃ပါး
အောင်​၂၁၃၃ပါးပဲ​အောင်​တယ်​။၁၁၀၀၀​ကျော်​ကျတယ်​။အ
အောင်​ချက်​ ၁၄ပဲရှိတယ်​။

ပထမငယ်​တန်း​ဖြေ ၂၃၅၉၈ပါး​ဖြေ။
အောင်​၃၄၂၅ပါးပဲ​အောင်​တယ်
ဒါလည်းတကယ်​​တော့နည်းလွန်းတယ်​။
ဘာပဲ​ပြော​ပြောဒီအတိုင်းသာ
လုပ်​​နေလို့က​တော့ 
နောက်​ဆယ်​နှစ်​ဆိုတာအများဆုံးပဲ။
စာသင်​သားဆိုတာ
ရှိ​တော့မှာမဟုတ်​ မိမိအရင်​တုန်းက စာသင်​တိုက်​​နေဖို့ကို
ဘယ်​လို​ရှောက်​​ရှောက်
သံဃာပြည့်​​နေလို့လက်​မခံတာများတယ်​။အခုသုံးနှစ်​​လောက်​ရှိသွားပြီ။ စာသင်​သားက 
ရှောက်​စရာသိက်​မလို​တော့ဘူး။စာသင်​တိုက်​​တွေကကိုက
ပစ္စည်း​လေးပါး ပြည့်​စုံ​အောင်
ထားယေးမ်​ စာကြိုးစားဖို့ပဲလိုတာပါစသည်​ဖြင့်​​ခေါ်​နေရပြီ။

စာ​မေးပွဲ ကျလိုက်​လူထွက်​လိုက်​နဲ့ လက်​ရှိသံဃာက ​နည်းပါးလာ​နေတာဝမ်းနည်းစရာ​ကောင်းတယ်​။အဓိကက ဘုန်းကြီး ပညာ​ရေးစနစ်​ပြင်​ဖို့လိုတာ လူ​တွေက ပညာ​ရေးပြင်​မှဘုန်းကြီး​တွေက လိုက်​ပြင်​ဖို့လုပ်​​နေတာ ရှက်​စရာ​ကောင်းတယ်​...။

အခုလဲ သာသနာ​ရေးဝန်​ကြီးက
ထုတ်​တဲ့စာအုပ်​ပဲကိုင်​ရမယ်​ဆိုတဲ့ အာဏာနဲ့ထုတ်​ပြန်​လာတဲ့
ဇာတက စာအုပ်​​တွေဟာ ​ဈေးက ကြီးလွန်း​နေတယ်​။ အရင်​အကြီးတန်းစာအုပ်​တစ်​အုပ်​မှ
၂၀၀၀ပဲ​ပေးရတာ အခုကလုပ်​စား​ခေတ်​က ပြန်​​ရောက်​လာ​နေပြီ။ဒီလိုသာဆက်​သွား​နေရင်​...
နောက်​ဘယ်​နှစ်​နှစ်​ခံမလဲဆိုတာ စဉ်းစားစရာပဲ။

ကျတဲ့စာသင်​သား​တွေအတွက်​ ၀မ်းနည်း​ပေမဲ့​အောင်​တဲ့သံဃာ​တွေအတွက်​၀မ်းသာဂုဏ်​ယူပါတယ်​။သောင်း​ကျော်
ဖြေတာမှ​ထောင်​​ကျော်​​လောက်​​အောင်​တဲ့စာသင်​သား​တွေ
အတွက်​သိပ်​ဂုဏ်စရာ​ကောင်းတယ်​။ဒီလို ရာခို​င်​နူံးနည်းနည်း​လေး ထဲ ပါဖို့ဆိုတာ နည်းတဲ့
အရည်​ချင်းမဟုတ်​တဲ့အတွက်​ ၀မ်းသာပါတယ်​။
ကိုးဆယ်​ရာခိုင်​နူန်းကျတဲ့အထဲ ပါတဲ့သူ​တွေအတွက်​​တော့ ၀မ်းနည်းပါ၏ဘုရား...။
ယုန်​မရ ​တော​ကြေ ဆိုသလိုပါပဲဘုရား....။

Leave The exam to:

Written by

အရှင်သြဘာသ ၊စစ်ကိုင်းမြို့၊ ရေ၀န်းပြဿဒ်ကျောင်း ၊စိန်ကုန်းရပ်ကွက်၊၀၉-၄၀၀၅၃၂၇၉၃၊၀၉-၇၉၈၆၉၆၈၉၂၊ ပညာအရည်အချင်း ၊ ဓမ္မာစရိယ၊B.A(myanmar)၊စာရေးသားဝါသနာပါသည်။

Read more #partiko posts


Best Posts From chirstonawba

We have not curated any of chirstonawba's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From chirstonawba