သမိုင်းတင်နိုင်သည့် မြို့တော် စစ်ကိုင်း
.သမိုင်းတင်နိုင်သည့် မြို့တော် စစ်ကိုင်း
တကောင်းခေတ် ဘီစီ (၅၀၀)က တကောင်း သင်းတွဲပြည်မှ မျက်မမြင် မဟာသမ္ဘာဝ ၊စူဠာသမ္ဘ၀ ညီနောင်တို့အား ဧရာဝတီမြစ်ကျောတွင် မသိုးထမင်း ဟင်းလျှာများနှင့်အတူ ဖောင်မျှောရာ နံကိုင်းတောင် အနီး စန္ဒမုခီဘီလူးမသည် စစ်ပင်ကိုင်းမှ ညီနောင်တို့ကို တွေ့ မြင်သည် ၊ စန္ဒမုခီ ဘီလူးမစောင့်သော စစ်ပင်ကိုင်းကို အကြောင်းပြုလျက် (စစ်ကိုင်း) ဟုတွင်ခဲ့ ကြောင်း၊ စစ်ပင်ကိုင်းကြောင့် စစ်ကိုင်းတွင်သည်။ ထိုဒေသကို ပုဂံပုပ္ပါး စောရဟန်းဖြို သက္ကရာဇ် (၆၈၄)ခုနှစ်သို့ ရောက်လျှင် ပင်းယမြို့တည် တစီးရှင် သီဟသူ၏ မွေးရပ်ဇာတိ ၊(လင်းယင်ဖောက်သောက်ရွာသူ) မြောက်နန်းမိဖုရား သားတော် အသင်္ခယာ စောယွမ်းမင်း မြို့ တည်နန်းတည်၍ စိုးစံခဲ့လေသည် ၊မြို့တော်ကို အတုလ၀တီသမုတ်၍ ကိုးန၀င်းကြေ ၉-ဋ္ဌာန တပြိုင်နက်တည်၏
စစ်ကိုင်းမြို့
စစ်ကိုင်းမြို့ သည် ယေဘုယျအားဖြင့် မြေမျက်နှာပြန့်ဖြစ်၍ ၊ပင်လယ်ရေမျက်နှာပြင်ထက် (၆၉၉၁)မီတာခန့် မြင့်၏ ။ရေ၀င်မြေနိမ့်ပိုင်းကျသော မြေမျက်နှာပြင် နုန်းတင်မြေနုလွင်ပြင်များဖြစ်၍ အမြင့်ပိုင်းတွင်တော်ကုန်း တောင်တန်းများတည်ရှိလေသည် ။စစ်ကိုင်းတောင်တန်းသည် ထိုကုန်း မြင့်ပိုင်းတွင်ပါဝင်၍ပေ-၇၀၀ ကျော်မှ ၁၃၇၃ ပေထိမြင့်သည်။ စစ်ကိုင်းတောင်တန်းသည် သက်ဦး အကြိုကပ်သက်တန်းရှိ၍ ထုံးကျောက်များဖြင့်တည်နေသည် မင်းဝံနှင့် မင်းကွန်းတောင်တန်းငယ်တို့မှာ သက်နှောင်း ကျောက်လွှာများသာရှိသည်၊ ထုံးလုပ်ငန်းအများဆုံးလုပ်ရာဖြစ်သည် ။ (အခြေခံ ဘူမိဘေဒ - အတွဲ၊ ၁ -နှာ ၂၈၅)သက္ကရာဇ် ၉၀၀ ကျော်က စစ်ကိုင်းရတနာဗိမာန်ကျောင်းတော်တွင် ရှင်မဟာသီလ၀ံသ နောက်သီတင်းသုံးသော အရှင်ဣန္ဒဂုတ္တ ၊က မြစ်နှင့်တောင်များ ကျောခိုင်းနေသော စစ်ကိုင်းမြို့ကို “မြရေရိပ်ဆိုင်း ၊တောင်ရိပ်ခိုင်းသား စစ်ကိုင်းရွှေမြို့ ပြည်အောင်မျှို့” ဟူ၍ န၀ရတ်ပျို့ နိဂုံးတွင် စပ်ဆိုထားသည်။သက္ကရာဇ် ၈၅၉ ခုနှစ်ထိုး ရတနာဗိမာန်ကျောင်းတော် ကျောက်စာ တွင် စာကြောင်း ၁၇-၁၈ တွင် ရှေးကစစ်ကိုင်းကို (ဧရာဝတီ နဒီမည်သော ရေကြည်အေးမြလား ၊ မြစ်အခြားဖြင့် မြောက်တလွှားကား တမ္ပဒီပမည်သော တိုင်းနှစ်တိုင်းကို ကြပ်ဆိုင်းဖုံးအုပ် အာဏာ ချုပ်လျှက် )ဟူ၍ ရှင်မဟာသီလ၀ံသ ပုဂ္ဂိုလ်ကျော်က ကျောက်ထက်အက္ခရာ ရေး ထားခဲ့ရာ ဧရာဝတီမြစ်၏ မြောက်ဖက်ပိုင်းတွင် တည်သော စစ်ကိုင်းမြို့သည် သုဏာပရန္တတိုင်း အတွင်းပါဝင်၏ ။
စာရေးသူ - chirstonawba
သုဏာပရန္တတိုင်း စစ်ကိုင်းဇေယျာပူရ အတုလ၀တီ အတ္တုပ္ပတ္တိ အကြောင်း
ဂေါတမဘုရားအလောင်း ဖြစ်တော်မူသော ငါးရာငါးဆယ် ဇတ်တော် အပေါင်းတို့တွင် မဟာသုဒဿန စင်္ကြာဝဒေးလေးကျွန်းသနင်းမင်းဖြစ်တော် မူ၍ကုသ၀တီပြည်ကြီး၌ စတော်မူသော အခါအရှေ့ပြုပ္ပါ ဒေဟာကျွန်း မြောက်ဥတ္တရ ကုရုကျွန်း အနောက်အပယဃောယန်ကျွန်းသို့ စင်္ကြာရတနာနှင့်တကွ သုံးဆယ့်ခြောက် ယူဇနာ အ၀န်းရှိသောပရိသတ်ဗိုလ်ပါအများ ယောကျာင်္း မိန်းမပါလျှက် စကြာရှေ့တည်၍ လှည့်လည်တော်မူရာတွင် အရှေ့အနောက် မြောက်ကျွန်း တည်းဟူသော သုံးကျွန်းသားတို့သည် ။လိုက်လိုကုန်သောသူတို့ တူမကွာစုံရာပါကြသည်နှင့် ငါတို့ဇမ္ဗူဒီပါတောင်ကျွန်း သို့ ရောက်သောအခါ နေရာဌာနကျွန်းဒေသသို့ တဖန်မပြန်သောဆန္ဒရှိ၍ မဟာသုဒဿန စင်္ကြာဝဒေးမင်းကြီးအား အသနားတော်ခံလျှောက်ထားကြသော် ၊စင်္ကြာဝဒေး မင်းကြီးကလည်း သားတော်ဥပေါသဌကို အမိန့်ရှိ၍ မိမိတို့နေရာဌာနကိုညွန်ပြ၍ နေကြကုံသော အရပ်အပေါင်းတို့တွင် အရှေ့ပြုပ္ပါကျွန်းမှပါသောသူတို့နေရာအရပ်ကို ပြုပ္ပါဝိဒေဟာကျွန်းသားဖြစ်၍ ၀ိဒေဟတိုင်းသမုတ်သည်။ မြောက် ဥတ္တရာကုရုကျွန်းမှာ ပါသောသူတို့နေရာ အရပ်ကို ဥတ္တရာကျွန်းသားဖြစ်၍ ကုရုဇ်တိုင်းသမုတ်သည် ။ အပယဃောယာန် ကျွန်းမှပါသောသူတို့ နေရာအရပ်ကို အပယဃောယာန် ကျွန်းသားဖြစ်၍ အပယန္တတိုင်းသမုတ်သည် ။အသီးသီး စီးပွားဖြစ်ရာ ရှည်စွာသောကာလနောက် ကံကုန်သည်နှင့် နောင်သောအခါ ဂေါတမဘုရားရှင်သည် သုံးလောကအထဋ်သို့ ရောက်တော်မူသော အခါ ပထမ၀ါ ဗာရာဏသီပြည်`၌ ၀ါကပ်တော်မူသည် ။ ဒုတိယ၀ါ တတိတယ၀ါရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ ၀ါကပ်တော် မူသည် ။ ထိုအခါသုံးလောကတို့ကို ရွှေဉာဏ်တော်တည်းဟူသော ကွန်ယက်ဖြင့် ကျွတ်ထိုက်သောသတ္တ၀ါတို့ကို ကြည့်ရှုသောအခါ အနောက်ကျွန်းသားတို့၏ နေရာဌာ သုဏာပရန္တတိုင်း စစ်ကိုင်း၌ ရိုင်းပြတွေဝေ နေကုန်သော ကိုးကျိတ်ကိုးယောက်သော ကျွတ်ထိုက်သောဘီလူးတို့ကိုမြင်တော်မူ၍၄င်း ၊ညီတော်အာန္ဒာနှင့်တကွ ဇေတဘီလူးအစရှိသော ကိုးကျိတ်ကိုးယောက်သော ဘီလူးတို့ တရားတော်ကိုနာကြားရသောအခါ သောတာပန်တည်ခြင်း ဘုရားရှင်ကို သားပြွမ်းဆွမ်းဖြင့်ပြုစု လုပ်ကျွေးခြင်း ဘုရားရှင်ရေဆိပ်တွင်ရေသပ္ပယ်ခြင်း ရေသနုပ်တော်ကို ဇေတဘီလူးအမှူးရှိသော ပေးအပ်တော်မူ၍ နောင်လာနောက်သား လောကသားတို့ အတွက် ကိုးကွယ်ရစ်ဟု အပ်တော်မူသည်နှင့်အညီ ဇေတ၀န်ဘုရားတည်ခြင်း အစရှိသည် တို့ကို မှတ်သားသိရှိရပါသည်။
စစ်ကိုင်းအထုပ္ပတ္တိမျာ အဆိုအရ (၉)ကိုးလီဖြစ်သည်
၁။ မုဋ္ဌော ၉- ဆူ
၂။ ကူ(ဂူ) ၉- လုံး
၃။ ကျင်း ၉- ကျင်း
၎။ မှော် ၉- မှော်
၅။ ချောင်း ၉- ချောင်း
၆။ မြို့စောင့်နတ်ကြီး ၉- ပါး
၇။ တောင် ၉-တောင်
၈။ ရတနာ ၉-ပါး
၉။ ကုန်း ၉-ကုန်း
၁။မုဋ္ဌော ၉-ဆူ
က ။(အတွင်းမုဋ္ဌော)
၁။ ဇချမ်းမုဋ္ဌော
၂။ ရွှေတောင်ဦးမုဋ္ဌော
၃။ ခါဝဲတောင်မုဋ္ဌော
၎။ တောင်ငယ်မုဋ္ဌော
၅။ နံကိုင်းမုဋ္ဌော
၆။ လမ်းဦးမုဋ္ဌော
၇။ ကံအောက်မုဋ္ဌော
၈။ ဇီးတောမုဋ္ဌော
၉။ စေသာစေတီမုဋ္ဌော
ခ။ (အပြင်မုဋ္ဌော)
၁။ အပြင်ဇချမ်းမုဋ္ဌော
၂။ ရန်အောင်မြင်မုဋ္ဌော
၃။ သမန်းကြည်မုဋ္ဌော
၎။ သမန်မုဋ္ဌော
၅။ ငှက်မနားမုဋ္ဌော
၆။ ရှားတောင်မုဋ္ဌော
၇။ ချောက်ဘုရားမုဋ္ဌော
၈။ ပဲပုံမုဋ္ဌော
၉။ ပတ္တမြားမုဋ္ဌော
၂။ ကူ (ဂူ) ၉ လုံး
၁။ ကူနီ ၅ လုံး
၂။ ဆည်လည်းဘုရား ၁ လုံး
၃။ လက်ဝဲကူ ၁ လုံး
၎။ ရွှေကူကြီး ၁ လုံး
၅။ ပုပ္ဖါရုံ ၁ လုံး
၃။ ကျင်း ၉- ကျင်း
အတွင်း ကျင်းများ
၁။ ရွှေလောင်းသာကျင်း
၂။ ကြက်ဝက်ချေအင်ကျင်း
၃။ စေဿစေတီဘုရားအရှေ့ ကျင်း
၎။ စေဿစေတီဘုရားအနောက် ကျင်း
၅။ ခါဝဲတောင်မြောက်ကျင်း
၆။ တောင်ငယ်မြောက်ကျင်း
၇။ ရေ၀န်းကျင်း
၈။ ကူနီဘုရားအနောက်ကျင်း
၉။ လေးမျက်နှာဘုရားအရှေ့ ကျင်း
အပြင် ကျင်းများ
၁။ ကံငယ်ကျင်း
၂။ ဆတ်ဒါန်ကျင်း
၃။ လက်ပန်ကျင်း
၎။ သမန်ကြည်ကျင်း
၅။ ဆပ်ပြာကျင်း
၆။ လက်ကသည်းကျင်း
၇။ ဥယျာဉ်ကျင်း
၈။ မုတ္တမဥယျာဉ်ကျင်း
၉။ သစ်တုံအင်ကျင်း
၎။ မော် ၉-မော် (မှော်)
၁။ ရင်းရဲမော် (ခ)၀ရုံလဲမော်
၂။ အရှေ့စောယဉ်မော် (ခ) စကုမော်
၃။ ပြဿဒ်ကျမော် (ခ) ပြဿဒ်လှမော်
၎။ ရွှေတောင်ဦးမော်
၅။ နံကိုင်းမော် (ခ) ကင်းမော်
၆။ မဟာမော် (ခ)မဟမော်
၇။ ဖ၀ါးဦးမော် (ခ) သပိတ်လည်းမော်
၈။ တံခွန်တိုင်မော် (ခ) ဆုတောင်းပြည့်
၉။ ငစဉ်စပ်မော် (ခ) ကျောင်းမော်
၅။ ချောင်း ၉- ချောင်း
၁။ ဇချမ်းပင်ချောင်း (မဟာစေတီမြောက်ဘက်)
၂။ ရေ၀န်းချောင်း (ရွှေတောင်ဦးမြောက်ဘက်)
၃။ သောတာပန်ချောင်း (နံကိုင်းမြောက်ဘက်)
၎။ ဥပါလိချောင်း (မဟာမော်မြောက်)
၅။ သရက်ချောင်း (တံခွန်တိုင်မော်တောင်ဘက်)
၆။ မကျဉ်းချောင်း (ငစဉ်စပ်မော်တောင်ဘက်)
၇။ ကင်းပွန်ချောင်း (ရှင်ဖြူရှင်လှတောင်ဘက်)
၈။ ပုပ္ပါချောင်း (ရှင်ဖြူရှင်လှအနောက်ဘက်)
၉။ မချောင်း (သရက်ကန်အနောက်ဘက်)
၆။ မြို့ စောင့်နတ်ကြီး ၉- ပါး
၁။ ဥဿရော
၂။ တာနော
၃။ ကုမ္ဘာန်
၎။ ယက္ခိုက် (ယက္ခ)
၅။ တပင်တိုင်
၆။ ဘုမ္မတီ
၇။ ၀တ်ရုံနတ်
၈။ အောင်စွာနတ်
၉။ ငါးစီးရှင်
၇။ တာင် ၉- တောင်
၁။ ရွှေတောင်ဦးတောင်
၂။ ခါဝဲတောင်
၃။ နံကိုင်းတောင်
၎။ ဘီလူးတာင်
၅။ ပဲပုံတောင်
၆။ ငဖားတောင်
၇။ ဗောဓိမဏ္ဍိုင်တောင်
၈။ လေးကျွန်းဆီမီးတောင်
၉။ ပတ္တမြားစေတီတောင်
၈။ ရတနာ ၉-ပါး
၁။ ရတနာမဉ္ဇူ
၂။ ရတနာဂီရီ
၃။ ရတနာပင်စည်
၎။ ရတနာပုံ
၅။ ရတနာစံကျော်
၆။ ရတနာစံဦး
၇။ ရတနာမုနိ
၈။ ရတနာထွဋ်ခေါင်
၉။ ရတနာမြစည်ကုန်
၉။ ကုန်း ၉-ကုန်း
အပြင်ကုန်းများ
၁။ ရန်အောင်မြင် ဘုရားကုန်း
၂။ သပန် ဘုရားကုန်း
၃။ မိကျောင်းတက်ကုန်း
၎။ သမန်ကြည်ကုန်း
၅။ ပိတောက်ကုန်း
၆။ မဲရိုင်းတောကုန်း
၇။ မီးသွေးကုန်း
၈။ ပေကုန်း
၉။ ငမိုးကုန်း
အတွင်း ကုန်းများ
၁။ မုန့်သည်းမကုန်း
၂။ လုလင်ကုန်း
၃။ ကျောက်စရစ်ကုန်း
၎။ ဓားသွေးကုန်း
၅။ မြေနီကုန်း
၆။ မြင်းသေကုန်း
၇။ နွားတည်ကုန်း
၈။ ကျက်တည်ကုန်း
၉။ မရိုးကုန်း
စစ်ကိုင်းမြို့ ကို ၉-ကိုးန၀င်းဖြင့် ကိုးကိုးလီဟုအဆိုဖြင့်တည်ခဲ့ကြောင်းမှတ်သားတွေ့ရှိရပါသည် ။
မူရင်း ဒုတိယ ပလ္လင်ခံ ပေစာများနှင့်တကွ အနာ ဂတ်ဘုရားသမိုင်းကိုပါ တင်ပေးထားပါသည် ကွန်ပျူတာဖြင့်ကြည့်မှ ပြက်သား စွာတွေ့ မြင်နိုင်ပါသည်။အတက်နိုင်ဆုံး ကြည်လင်အောင်ဆောင် ရွက်ပေးထား ပါသည်။ စစ်ကိုင်းသမိုင်းကိုဖက်ရှုရခြင်းဖြင့် ဗဟုသုတတိုးပွား .ရွှင်လန်းနိုင်ကြပါစေ ဆုမွန်ကောင်းပို့သလျှက်
ပြန်လည်ပြုစုသူ
ခရစ်တွန်သြဘာ
(စစ်ကိုင်းသား)
Leave သမိုင်းတင်နိုင်သည့် မြို့တော် စစ်ကိုင်း to:
Read more #esteem posts
Best Posts From chirstonawba
We have not curated any of chirstonawba's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.