နေရာဟောင်း
April 13, 2016 •
နေရာဟောင်း
===========
အပိုင်း (၁)
"ဟေ့ ငတိုး ကျောင်းပြေး လာတာမဟုတ်လား"
"ဟုတ်တယ် သိန်းဝင်း"
"ဒါဆိုခါတိုင်းလိုပဲ၊ တစ်ခြားကျောင်းသားတွေကမင်းကို 'အဖေမရှိ ငတိ အမေမရှ ငတိ'လို့  စ၊မင်းကမခံနိုင် စိတ်ဆိုးပြီး ရန်လုပ်၊ဟိုကောင်တွေက ဆရာ/မ သွားတိုင်၊ဆရာတွေကလည်း မစစ်ဆေးပဲမင်းကိုရိုက်၊ ဒီတော့ကျောင်းပြေးလာတာပေါ့"
"မင်းတို့  သိပြီးသားပဲကွာ"
"ဒါဆို ငါတို့ နဲ့လိုက်ခဲ့ငတိုး"
"ဘယ်လဲ အောင်ပု"
"ဈေးထဲသွား နဲနဲလေးလှုပ်ရှားမလို့ "
"မလိုက်ပါရစေနဲ့ကွာ၊ငါ့ဦးလေးသိသတ်ခံရလိမ့်မယ်၊ သူ့ အိမ်ကပ်နေရတာ မင်းတို့ လည်းသိသားနဲ့"
"အေး မင်းမလိုက်ရင် မင်းကျောင်းပြေးတာ
မင်းဦးလေးတိုင်ပြောမယ်ကွာ"
"ခက်ပါတယ်ကွာ၊မလုပ်ပါနဲ့စိုးတင့်ရာ"
"ကဲ ငြင်းမနေနဲ့၊လိုက်ခဲ့တော့။မင်းကဈေးပေါက်ဝနား မှာရပ်နေခဲ့၊ငါတို့ အဆင့်ဆင့်ယူလာတဲ့ ပစ္စည်းကို မင်းနားချထားခဲ့မှာ၊ ဈေးထဲကလူတွေငါတို့ နောက်လိုက်တုန်း မင်းကခပ်တည်တည်နဲ့ပစ္စည်းယူထွက်သွား၊ ငါတို့ ဘုရားကုန်းဘေးက ဇရပ်မှာဆုံမယ်၊အောင်ပုစိုးတင့် စီစဉ်ထားတဲ့အတိုင်း လှုပ်ရှားကြစို ၊သ့စ္စာ ဖောက်ရင်တော့ ငတိုးရယ်လက်သီးပဲ"
ပိုင်း (၂)
ဖြန်းးးး
ဖြန်းးးး
ဖြန်းးးးးဖြန်းးးးဖြန်းးးးး
"ကြောက်ပါပြီ ဦးလေးရ၊နောက်မခိုးတော့ပါ
ဘူးဗျ ၊သူတို့ ကခေါ်တာမလိုက်ရင် လက်သီး
နဲ့ဝိုင်းထိုးမှာဆိုလို့ လိုက်ရတာပါ ဟီး ဟီး ဟီး"
"ဘာအခုမှကြောက်ပြီလဲ၊ကျောင်းထားတာ
ကျောင်းမနေပဲ သူခိုးလုပ်နေတယ်။ခွေး
ခွေးကောင် ၊အကျင့်ကိုမကောင်းဘူး"
"တော်ပါတော့ ကိုမြင့်၊ကလေးကအမှန်တိုင်း ပြောနေ တာပဲ၊ရှင်က ကိုယ့်ဘက်ကပါလာတာ မဟုတ်တော့ ရိုက်ရက်တယ်ပေါ့၊ ကျုပ်တူက ဒိလောက်ဆိုးတဲ့သူ မဟုတ်ဘူး။မိဘမဲ့ကိုမစာနာပဲ ဝိုင်းအနိုင်ကျင့်ရက်ကျ တယ်"
"အေး မိခိုင် မင်းတူကိုမင်း ဘယ်ထားထားဒီအိမ် အရိပ်မနင်းစေနဲ့ဒါပဲ။ သူမျက်နှာမမြင်ချင်ဘူး။သူ့ အတု ခိုးပီး ငါ့သားသမီးတွေ အပျက်ဆီးမခံနိုင်ဘူး။ မင်း လည်း သားသမီးနဲ့တူ ကြိုက်ရာရွေး"
အပိုင်း (၃)
"ကိုရင် ငတိုး အဲ ကိုရင်တေဇောပျော်အောင်နေနော်၊ အိမ်နေရင်နေ့ တိုင်းအရိုက်ခံနေရမှာစိုးလို့ သင်္ကန်းဝတ်ပေးတာ။ပြီးတော့ ဒီကျောင်းဆရာတော်က ဒီနယ်မှာ တန်ခိုးအကြီးဆုံးပဲ။ ဥက္ကဋ္ဌဆရာတော်ကြီး။ ကိုရင်
ကြိုးစားရင် တစ်နေ့ စာတတ်ပေတတ်ဆရာတော်ဖြစ် လာမှာ"
"ဟုတ် လေးလေးခိုင် ကျုပ်သဘောပေါက်ပါ
တယ်။စိတ်ချ လက်ချ သာပြန်ပါ။"
"တင်ပါ့ ။ဒါဆိုပြန်တော့မယ်ဘုရား။ လိုတာရှိ ဖုန်းဆက်ဘုရား"
အပိုင်း(၄)
"ဟေ့ တေဇော ဒီခဏလာစမ်း"
"တင်ပါ့"
"အခန်းထဲက စားပွဲပေါ်က တံဆိပ်တုံးသွား
ယူ"
"တင်ပါ့၊ရပြီဘုရား"
"အေး အဲဒီစာရွက်တွေပေါ်ရိုက်။အဲဒါ
တခြားမြို့ ရွာတွေ အလှူ ခံသွားရင် နယ်ခံ
သက်ဆိုင်ရာတွေပြဖို့  ထောက်ခံစာပဲ၊ဒါမပါ
ပဲ သွားရင် အဖမ်းခံရတယ်။ဟိုဘက်ရွာက
လာတောင်းထားတာ။ဥက္ကဋ္ဌလက်မှတ် တံဆိပ်ပါမှ။ မင်းလည်းမှတ်ထားဦး။ရေးတတ်အောင်ကျင့်ထား"
"တင်ပါ့"
"အေး တင်ပါ့ဆို ငါတို့ ကျောင်းလည်း အလှူ
ခံသွားရဦးမှာ၊ကျောင်းလိုအပ်တာ လုပ်ဖို့ ။
အဲဒါမင်းသွားရမယ်"
"မှန်ပါ့"
၅
"လေးလေးခိုင် လေးလေးခိုင်"
"အယ် ကိုရင်တေဇော။ဘာအခွင့်နဲ့လာတာလဲ"
"အခွင့်ဆို အလှူခံလေ။ဆရာတော်ကလွှတ်လို့ "
"ဆရာတော်က ကိုရင့်ယုံတယ်ပေါ့"
"ယုံတာပေါ့လေးလေးရ။ဘယ်လောက်ယုံသလဲဆိုရင် တံဆိပ်တုန်းတောင်ကိုရင်ကိုင်ရ ထုရတာ"
"ဟုတ်လှပါလားကိုရင်ရယ်။ဒါနဲ့ကိုရင် အသက် ဘယ်လောက်ရှိပြီလဲ၊ရဟန်းခံဖို့ နီးပီလား"
"၁၈ နှစ်ကျော်ပီလေ။နီးပီ။ကိုရင်ဝတ်တာ
တောင် ၅ ဝါ ရှိပြီလေးလေးခိုင်ရဲ့"
"ပျော်တယ်မဟုတ်လား" "ပျော်တယ်လေးလေး"
"ရဟန်းခံဖို့ အခုကတည်းက ပိုက်ဆံစုထားမယ်ကိုရင်။ ဘာမှအားမငယ်နဲ့" "ဟုတ်လေးလေးခိုင်"
အပိုင်း(၆)
"ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ သစ္စာရောင်ခြည်ကျောင်းတိုက်၌ နေထိုင်ကြကုန်သော ရဟန်းသံဃာတော်များ ပစ္စည်းလေးပါး အဆင် ပြေလွယ်ကူစေဖို့  သဒ္ဓါတတ်အား နဲများမဆို ပါဝင်လှူဒါန်းကြဖို့ 
နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်ရပါတယ် ခင်ဗျား"
"ဒကာကြီးတောင် အသံနေအသံထားတွေနဲ့အော်တတ်နေပါလား"
"နှစ်တွေဒီလောက်ကြာမှတော့ အော်တတ်ပြီပေါ့ ကိုရင်တေဇောရယ်"
"ဒီနှစ် အများဆုံးရတဲ့နှစ်ပဲဒကာကြီး။အင်း ရဆိုဒီနှစ်က အလှူ ခံရွာပိုတိုးလာတာပဲ"
"ဘယ်လောက်လောက်ရမလဲကိုရင်"
"သိန်းလေးငါးဆယ်ဖိုးတော့ရှိမှာပဲ"
"ဒါနဲ့ထောက်ခံစာပါရဲ့လားကိုရင်"
"ပါတာပေါ။ကျုပ်ကိုယ်တိုင်ရေး ကျုပ် ကိုယ်တိုင် တံဆိပ်ထုလာတာ၊ဘုန်းကြီးကအလုပ်ရှုပ်နေတယ်"
"ဘာအလုပ်ရှုပ်တာလဲ"
"နားမလည်ပါဘူး။ရွေးကောက်ပွဲဆိုလားဘာဆိုလား။ မျက်နှာကလည်း မကောင်းတော့မမေးရဲဘူး၊ တစ်ခုခု မကျေနပ်နေသလိုပဲ"
"ကဲ ရွာခံဆရာတော် နဲ့ရွာခံလူကြီးဆီ
ထောက်ခံစာသွားပြရအောင်"
အပိုင်း (၇)
"အရှင်ဘုရားတပည့်က ထောက်ခံစာအတု
နဲ့အလှူ လိုက်ခံနေတာ၊အရှင်ဘုရားဘယ်
လိုရှင်းမလဲ"
"ငါမသိဘူးကွ၊ငါ သူကိုအလှူ ခံလည်းမလွှတ်ဘူး ထောက်ခံစာလည်းရေးမပေးဘူး၊ တံဆိပ်လည်းထုမပေးဘူး"
"ကိုရင်တေဇော ဘာပြောစရာရှိပါသလဲ"
"ကိုရင်က ကိုရင်က မလိမ် မလိမ်ပါဘူး
ခါတိုင်းဒီလည်းဒီ အချိန်ဆိုဆရာတော်က အမြဲအလှူ ခံလွှတ်နေကြပါ။အခုလည်းသူ့ လျှောက်ပါတယ်။ မအားဘူး ကိုယ့်ဘာသာလုပ်သွားဆိုလို့  ထောက်ခံစာရေးလာတာပါဆရာတော့် ဥက္ကဋ္ဌသက်တမ်းကုန်တာလည်းမသိပါဘူး"
"ဟေ့ကောင် ငါ့ဆွဲမထည့်နဲ့။မင်းဘာသာထောက်ခံစာ အတုခုပ်အလှူ ခံထွက်တာငါနဲ့မဆိုင်ဘူး။ ကိုယ်လုပ်ကိုယ်ခံ"
"ကဲ ဖြစ်လာမှတော့ တာဝန်ခံမှုရှိရမှာ။ဘာပဲပြောပြော သက်သေ အထောက်အထား အရတော့ ကိုရင်တေဇောပဲအဓိက ဖြစ်နေတယ်။စည်းကမ်းအရ အလှူ ခံပစ္စည်းတွေကို သက်ဆိုင်ရာ ရွာတွေဆီ ပြန်အပ်ပါ။ကိုရင်တေဇောကအခုပဲလူထွက်ပါ"
"ကျုပ်မလိမ်ပါဘူး ဥက္ကဋ္ဌ ကြီးရယ်။
အမှန်ပြောတာပါ။ လူလည်းမထွက်ပါရစေနဲ့။ ဟီးဟီးးဟီးးးးးးးး"
အပိုင်း(၈)
"ဟေ့ ငတိုး မင်းလူထွက်လာပြီလားကွငါတို့ နဲ့လိုက်နေကွာ။ မင်းလေးလေးဆီသွားမနေတော့နဲ့။ သူ့ ယောက်ျားကမင်းကိုလက်ခံမှာမှမဟုတ်ပဲ"
"အေး ကျေးဇူးတင်ပါတယ် အောင်ပုတို့ ရာ"
"အဟေး ဒေါက်တာသိန်းဝင်းဆိုတဲ့ငါ့ရဲ့
စကားကိုမှတ်ထားဦး
#လောကကြီးကရိုးသာချင်တိုင်းရိုးသားလို့မရဘူးကွ အဟားဟားဟားးးးးးးးး"
Leave နေရာဟောင်း to:
Read more #myanmar posts
Best Posts From chirstonawba
We have not curated any of chirstonawba's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.