ကောင်းကင်မှာ
ကောင်းကင်း၌ မိုးသားတိမ်လိပ်တို့ သည် တောင်ပြန်လေအဝှေ့တွင် ရွေ့လျားလျက်ရှိသည်။ လေဆောင်တိမ်သာ ဟိုသည်ရွေ့ လျားလျက်ရှိ၏ ။တိမ်တို့ သည် အရောင် အသွေးစုံလင်လှသည်။ ရောင်စုံ တိမ်တို့ ဖြင့် တင့်တယ်နေ၍ ကောင်ကင်ပြင်ရှုခင်းသည် နတ်ပန်းချီ ဆေးစုံကွန်သကဲ့သို့ အလွန့်အလွန်သာယာလှပေသည် တိမ်ပြေးသဖြင့် မှိန်မှေးသော အတွေးတို့ ပ်ါကာ ရေးခြယ်ရလျှင် တိမ်ပန်ချီ အလှတို့ သည်ကား စာသ၍ ကုန်နိုင်မည် မဟုတ်ပေ။မိုးကောင်းကင်မှာလွှမ်းခြုံ သင်တိုင် တိမ်အလှိုင်းဖြင့် ရှုလိုက်တိုင်း သာယာ၍ နေပေသည်။ တိမ်နီ တိမ်ဝါ တိမ်ပြာ တိမ်ပန်းတို့ ကြား၌ လျှပ်နွယ်များတနးလျက် ရှိနေ၍ လျှပ် ပန်းလျှပ်နွယ် တို့က လျှပ်စစ် လက်သည်း ပြက်ခနဲ လျှင်လျှင်မိုးမည်းမျက်နှာ ကုတ်ခြစ် နေသကဲ့သို့ ဖြစ်နေပေသည်။ နယုန်မိုးသေးဆို သကဲ့သို့ မိုးသေးမိုးမွှား ကလေးများက တစိမ့်စိမ့် တစွေတစွေဖြင့် ရွသွန်း၍နေပေသည်။သည်းလည်းမသဲ စဲလဲမစဲ တဖွဲဖွဲ ရွာသွန်းနေပေသည်။
Leave ကောင်းကင်မှာ to:
Read more #steemit posts
Best Posts From beelin
We have not curated any of beelin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.