နွေအကုန် မိုးအကူး
နွေရာသီက နေ၏ အပူရှိန်ကြောင့် ညှိုးငယ်ခြောက်သွေ့ကာ အိပ်ပျော်နေသော မြက်ပင်ကလေးများသည် နယုန် မိုး သေး ပက်ဖျန်းလိုက်သဖြင့် အိပ်ရာမှ နိုးထလာကြလေသည်။ မြက်ပင်ကလေးများသည် ခေါင်းကြွကာ ဆာဝေဝေ နှင်လောကတစ်ခွင် အလှင်ဆင်၍ နေလေသည်။ မြစိမ်းရောင်လွင်ပြင် ဆင်မြန်းထားသောမြေပြင်သည် မြသားကမလာခင်း၍ ထားသကဲ့သို့ စိမ်းလဲ့လျက် ရှိပေသည်။ မြက်ခင်းလဲ့ မြေညီညီ တွင် မိုးပုလဲများ စီရီ တွဲခိုလျက်ရှိပေသည်။ မြေပြင်အနှံ တွင် ပန်းပင်ကလေးများသည်လည်း လန်းရွှင်၍ လာကြသည်။ မိုးကြိုးကာလ နယုန်လတွင် ရွှေရွှေ ဝါဝါ ပြာပြာ လဲ့လဲ့ နွဲနွဲ စိမ်းစိမါး ပန်းခပ်သိမ်းတု့ သည်လည်း အညီ ကြိုင်နံ လှိုင်ပျံ တစ်ခြား ကြည်ဖွယ် များသော မြသားအခိုင် ပန်းစုမြိုင် ဖြစ်၍ နေပေသည်။မြစ်ခေောင်းတို့၌လည်း တန် ခူးရေကုန် ကဆုန်ရေခန်း ဆို သကဲ့သို့ ရေတို့ ခန်းခြောက်နေလေသည်။
Leave နွေအကုန် မိုးအကူး to:
Read more #steemit posts
Best Posts From beelin
We have not curated any of beelin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.