တိုးတတ်ခြင်း၏ပြိုင်ဖတ်ကောင်း
တိုးတတ်ခြင်း၏ပြိုင်ဖတ်ကောင်း
အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင်
ကိုယ့်ရဲ့စိတ်ကို အရင်ဆုံးပြင်ဆင်မှုထားရှိရမယ်
၁ ။ အချက် ကိုယ့်ရဲ့စိတ်ကို ခြင်္သေ့တစ်ကောင်း
ရဲ့ အားမာန်တွေလို အဆင်မြဲဖြစ်အောင် မွေးမြူးထားရမယ် ။
၂ ။ အချက် ကိုယ့်ရဲ့အလုပ်ကို ယုံကြည်မှုအပြည့်နဲ့
ကျရှုံးနေတဲ့ကြားကနေ ရှေ့ဆက်နိုင်ရမယ်
ဆိုတဲ့ ခံယူချက်ရှိမယ် ။
၃ ။ အချက် ပင်ကူတစ်ကောင်းလိုဖောက်ထွင်းစား
သုံးနိုင်မဲ့ ချည်မျှင်အိမ်တစ်လုံးလို အဆင်မြဲ
ကိုယ့်ရဲ့ဦးနှောက်ကို ကျင့်သုံးတတ်ရမယ်
၎ ။ အချက် တိုက်ကြက်တစ်ကောင်းလို
အနိုင်မခံ အရှုံးမပေးတတ်တဲ့ စွဲစိတ်ကို ထားရှိရမယ် ။
၅ ။ အချက် မပျင်းမရိသော ပုရွတ်ဆိတ်
တစ်ကောင်းလိုပဲ လုံလ ဝီရိယတော့ ရှိစေရမယ် ။
အလုပ်တစ်ခုကို စိတ်ကူယဉ်အိမ်မက်တွေနဲ့တော့
လုပ်လို့မရနိုင်ဘူး ကိုယ့်လုပ်မဲ့အလုပ်တစ်ခုကို
ကိုယ်ကိုတိုင် လက်တွေ့ကျကျ လုပ်နိုင်အောင်
ဖော်ပြထားတဲ့ အချက် ၅ ချက်နဲ့လဲ ကိုက်ညီနေမယ်ဆိုရင်
ကိုယ်လုပ်တဲ့ အလုပ်တစ်က သူများထက်မမကျော်ရင်တောင်
နောက်တော့မကျဘူး
ပွဲထိုးစမ်း အလုပ်မျိုးဆိုရင်တော့ နောက် ဆိုတဲ့
စကားက ကိုယ့်အတွက်ဖြစ်သွားရမယ် ဒီတော့
ရှေ့ နဲ့ နောက် ကို သင်ဘယ်အရာကို ရွေးမလဲ
ဆိုတာကို ကိုယ်ရဲ့စိတ်ကပဲ ရွေးချယ်ရလိမ့်မယ်
စကားကြီး စကားကျယ်တွေနဲ့ လေလုံးထွာနေမယ်
ဆိုရင် ကိုယ့်ရဲ့အလုပ်ကလဲ လေလုံးလေလိုပဲ
ကွယ်ပျောက်သွားတတ်တယ် ကိုယ့်လုပ်မဲ့
အလုပ်တစ်ခုတွက် ကောင်းကျိုး ဆိုးကျိုးကို
ဒွန်တွယ်နေခဲ့မယ်ဆိုရင်တောင် ကောင်းကျိုးကို
အမှီပြုပြီး ဆိုးကျိုးကို တွန်းလှန်းတိုက်ထုတ်ပစ်
နိုင်ရမယ် ဒါမှလဲ အလုပ်တစ်ခုရဲ့ အကျိုးသက်ရောက်မှု့ကို
ပိုမိုမြင်တွေ့နိုင်ပြီး အကျိုးကျေဇူး
တွေကို ခံစားခွင့်ရှိလိမ့်မယ် ဒီနေရာ ကိုယ့်အတွက်
အရေးပါလှတဲ့ ကျေးဇူးတရားတွေရှိနေတတ်တယ်
အဲ့ဒီကျေးဇူးတွေကို ကိုယ့်ဖက်ကလဲ
အဆင်မြဲ သတိရပေးဖို့တော့ လိုလိမ့်မယ်
ဘယ်အတွက်ကြောင့်ဆိုသော် အလုပ်ဆိုတာ
တစ်ယောက်ထဲ လုပ်လို့ရတဲ့ အလုပ်ရှိသလို
အများနဲ့လုပ်ရတဲ့ အလုပ်မျိုးလဲ ရှိနေတော့
ကိုယ့်လျှောက်နေတဲ့ လမ်းမှာ ညွန်းပြ ဆုံးမမှု့
တွေနဲ့ လမ်းပြပေးတဲ့ သူတွေရှိနေတတ်တယ်
တစ်ချို့ အလုပ်တွေမှာလဲ ကိုယ့်အလုပ်ကို
ညွန်းပြဆုံးမမှုတွေ မပေးပဲနဲ့ အတိုက်ခံ လုပ်တတ်
ကြတယ် အလုပ်တိုင်းမှာ အကျိုးအကြောင်း
ဆိုတာ ရှိကြစမြဲလေ သို့သော် တရားမျှတသော
အလုပ်တစ်ခုဖြစ်ဖို့အတွက် ကိုယ့်ရဲ့စိတ်ကို
ရှေ့တန်းမတင်ပဲနဲ့ ကိုယ့်ရဲ့ဦးနှောက်ကို ရှေ့တန်း
တင်ထားနိုင်ရမယ် ဘယ်အတွက်ကြောင့်
ဆိုသော အလုပ်တစ်ခုတွက် အတိုက်ခံရှိမှသာလျင်
ကိုယ့်ရဲ့အလုပ်က ပိုမိုအောင်မြင်နိုင်တဲ့
အစွမ်းစတွေကို ထွက်လာစေတယ် ။
အဲ့ဒီအတွက် ကိုယ့်စိတ်ကို ရှေ့မတင်ပဲနဲ့
ကိုယ့်ရဲ့ ဦးနှောက်ကို ရှေ့တင်လိုက်မယ်ဆိုရင်
ကိုယ့်ရဲ့အလုပ်တွက် အမှားနည်းစေမှာတော့
ဧကံမလွဲပေါ့ ဒီတော့ ကိုယ့်အပေါ်ကို
ပြုဖူးထားတဲ့ကျေးဇူးတရားတွေကို ကိုယ်ကလဲ
ပြန်ဆပ်ရာ ရောက်သလိုမျိုး ဖြစ်ရာရောက်ပါတယ်
ပြိုင်ဖက်ရှိမှ သာလျင် ပိုပြီးတိုးတတ်မှု့ရှိမယ်
ပြိုင်ဖက်မရှိရင် တိုးတတ်မှု့ဆိုတာ နှောက်နှေးတယ်
ဒီတော့ ကိုယ့်ရဲ့အလုပ်မှာ ပြိုင်ဖက်ကောင်းကောင်းဆိုတာ
ရှိတတ်စမြဲပဲ အဲ့ဒီအတွက်
စိတ်ဓာတ်ကို မြင့်တင်ရမယ် မတော်လောဘနဲ့
မတော်မတရားမလုပ်မိဖို့ပဲ အရေးကြီးတယ်
ဘာဖြစ်လို့လဲဆိုရင် မတော်လောဘနဲ့
မတော်မတရားလုပ်လို့ အနိုင်ရသွားတယ်ပဲထား
ကိုယ့်ရဲ့အပြုမှုတွေကြောင့် ကိုယ်က ကျရှုံးသူပဲ
လှေကားကို တစ်လှမ်းခြင်းလျှောက်ပြီး အမြင့်ကို
ရောက်တာနဲ့ ရောက်ချင်ဇောစိတ်နဲ့ လှေကားကို
ခုန်တက်တဲ့ အမြင့်ခြင်းက သက်ရောက်မှု
ကွဲပြားတယ် တစ်လှမ်းခြင်း လှမ်းပြီးတက်လာတဲ့
ခြေလှမ်းက မောပမ်းမှု့မရှိသလို လှေကားရဲ့
ယိမ်းနွဲ့ခြင်းကိုလဲ မခံရနိုင်ဘူး အမြင့်ကို
ရောက်ချင်ဇောစိတ်နဲ့ ခုန်တက်လာတဲ့ ခြေလှမ်း
ကတော့ မောပမ်းမှုနဲ့ လှေကားရဲ့ ယိမ်းနွဲ့ခြင်းကိုလဲ
ခံရနိုင်လို့ပဲ ဒီတော့ အလုပ်တစ်ခုအတွက်
လိုအပ်နေတဲ့ နေရာလေးတွေမှာ ကိုယ့်ရဲ့စိတ်ကို
ပြင်ဆင်ပြီး တက်လှမ်းသွားမယ်ဆိုရင်
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ဆိုတဲ့
စကားပုံအတိုင်း ကိုယ့်ရဲ့ခြေလှမ်းတွေ
ရောက်သွားစေမှာ အမှန်ပဲ.......။
@arkarsoe
photo.google
Leave တိုးတတ်ခြင်း၏ပြိုင်ဖတ်ကောင်း to:
Read more #myanmar posts
Best Posts From Ar Kar Soe
We have not curated any of arkarsoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.