ဘဝတစ်ကွေ့က ချစ်ဦးသူ
( ဘဝတစ်ကွေ့က ချစ်ဦးသူ )
ကျွန်တော်မရေးဖြစ်ခဲ့တဲ့ စာတွေ
ကျွန်တော်မရေးဖြစ်ခဲ့တဲ့ ကဗျာတွေကို
ကျွန်တော်အခု steemit မှာ ဆောင်းပါးလေး
တစ်ပုဒ်အဖြစ်နဲ့ ။ ရေးချင်စိတ်တွေပေါ်လာတာနဲ့
ချရေးလိုက်ခြင်းပဲဖြစ်ပါတယ် ဘာရယ် ညာရယ်
တော့မဟုတ်ပါဘူး..။
ကျွန်တော်တို့တတွေ
မြင်တွေ့ ကြားနေရတဲ့ တစ်နေ့တာဆိုတဲ့ အချိန်
တစ်ရက်တာဆိုတဲ့ နေမင်းကြီးက နေကွယ်စ
ပြုလာပြီဆိုတဲ့ အချိန်ကိုရောက်တိုင်း
အမှောင်ကျသွားတဲ့ ကောင်းကင်းရဲ့အောက်မှာ
လမ်းလျှောက်နေသော်လဲ ဝိုးတစ်ဝါးမြင်ကွင်းတွေနဲ့
အတွေးတစ်စပေါ်တွက်လာတဲ့ ဆောင်းပါးလေးပေါ့ဗျာ..။
ကဲ..အခုကျွန်တော်ရင်ထဲမှာ ဖြစ်တည်လာတဲ့ အကြောင်းရင်းနဲ့ အကျိုးကြောင်းကိုတော့
စာဖတ်ပရိတ်သက်တွေ ကိုယ်တိုင်ပဲ
ဝေဖန် ထောက်ရှု့ပြီးတော့ သုံးသက်ပေးကြပါဦးဗျာ..။
ဖြစ်စဉ်က..တစ်နေ့မှာ ကျွန်တော်သည်ဆိုသော်
ကျွန်တော်ဟာ ရင်ခုန်တတ်စအရွယ်မဟုတ်တော့တဲ့
လူပျိုဟိုင်းတစ်ယောက်ဖြစ်နဲ့ ရပ်တည်ကာ
နုနယ်နေသော ကျွန်တော်ရဲ့နှလုံးသားလေးကို
မထိခိုက်အောင် မနာကျင်အောင်လို့
သိမ်းထားခဲ့သူတစ်ယောက်ပေါ့ သို့သော်လဲ
တစ်ချို့ တစ်ချို့သော သူငယ်ချင်းတွေက
မင်းမှာ ချစ်သူရှိလာလို့ မေးလာတဲ့အခါကြရင်တော့
ကျွန်တော့်ရဲရင်မှာလေ အဖြေချင်ဆုံးစကားလေးတစ်ခွန်က
အလိုချင်ဆုံးက ချစ်သူလေးတစ်ယောက်ပါကွာလို့
ဖြေလိုက်ချင်ပါတယ်။
ဒါပေမဲ့ ကျွန်တော်အဲ့ဒီအဖြေကို ကျွန်တော်မဖြေခဲ့ပါဘူး ။
မရှိပါဘူးဆိုတဲ့ စကားနဲ့ပဲ ကျွန်တော့်ကို ကျွန်တော်
ပြန်ပြီးအားပေးနေရတဲ့ စကားမျိုးတွေနဲ့
မျိုးသိပ်ထားခဲ့ရတဲ့ ရက်တွေကို ကျော်ဖြတ်ရင်း
ကံကြုံတော့ပြန်ဆုံရတဲ့ ငယ်ချစ်ဦးကို
ကျွန်တော်ပြန်တွေ့လိုက်ရတယ်။
မြင်တွေ့လိုက်ရတဲ့ ငယ်ချစ်ဦးရဲ့ မျက်နှာလေးက
အရင်ကလို ချိုသာတဲ့ အပြုံးလေးနဲ့ ကျွန်တော်ကို
ကြိုနေသလိုမျိုး ခံစားလိုက်ရပေမဲ့
ကျွန်တော်သိထားတဲ့ ဖူးစာရှင်က ဦးရာသူအတွက်
ကြင်ဖော်ဖက်တစ်ယောက်နဲ့ ရွှေဂဟေဆက်လို့
ဘဝခရီးလမ်းကို လျှောက်လှမ်းနေကြပြီလေ။
ကျွန်တော်ရဲ့ နှလုံးသားလေး နာကျင်မှာကို
ကြောက်နေမိတဲ့အဖြစ်က အနာပေါ်ကိုဒုတ်ကျသလိုမျိုး
တစ်စက်စက်နာကျင်နေသော်လဲ
ချစ်ဦးသူလေးရဲ့ရှေ့မှောက်မှာဖြင့် မာကြောထားနိုင်ခဲ့တယ်
ချစ်ဦးသူလေးက ဖော်ရွေနေသလို
ကျွန်တော်ကလဲ အပြုံးလေးနဲ့ နူတ်ဆက်လိုက်ပါတယ်
မင်္ဂလာပါ သူငယ်ချင်းရေ ဆိုတဲ့စကားလေးနဲ့ပေါ့
ကျွန်တော် အဲ့ဒီလို နူတ်ဆက်မိလိုက်တဲ့အတွက်
ကျွန်တော် နာကျင်နေတဲ့ နှလုံးသားကို
ဖြေသိပ်ပေးလိုက်သလိုမျိုးပဲ စိတ်ရဲ့ခံစားချက်
တစ်ချို့ကို သက်သာစေခဲ့တယ် ဒါပေသိ
ပြန်ဆုံးလို့ လွဲခဲ့ရတဲ့ချစ်ဦးသူလေးရဲ့
မျက်နှာလေးကတော့ ကျွန်တော့်ကိုငေးမောစွာ
စိုက်ကြည့်နေရင်း မတုန်မလှုပ်တဲ့
မျက်ဝန်လေးရဲ့ တံခါးဝနားလေးမှာ
မျက်ရည်မိုးစလေးတွေ ၊ဆွေနေတာကို ကျွန်တော်
မြင်တွေ့လိုက်တဲ့အတွက် ကျွန်တော်ရဲ့ရင်ထဲမှာ
ကျေနပ်စွာပြုံးလိုက်မိပါတယ် အရင်ကသာ ငါချစ်ခဲ့သလိုမျိုး
မင်းသာ ပြန်ချစ်ခဲ့မယ်ဆိုရင် အခုလိုမျက်ရည်မိုးတွေ
ရွာဖို့အတွက် မင်းမှာ ဖြစ်လာစရာအကြောင်း
ရှိလာမှာမဟုတ်ပါဘူးလို့ ကျွန်တော်ရဲ့စိတ်ထဲမှာ
တွေးလိုက်မိတယ် ဒါပေသိ ကျွန်တော်ရှုံးသွားတယ်
ချစ်ဦးသူလေးကို ဒီတစ်ခေါက်တော့ ကျွန်တော်
အနိုင်ရသွားပြီလို့ တွေးထားမိတဲ့ မခံချင်စိတ်က
အရမ်းမှားသွားလို့ပါပဲလေ...ဒီတော့ ကျွန်တော်
ပြန်တွေးကြည့်တယ် သူ ဘာကြောင့် ကျွန်တော့်ရဲ့
ရှေ့ကျမှ မျက်ရည်မိုးတွေက
ရွာမလိုလိုမျိုး ဘာကြောင့်များ ဖြစ်နေရတာလဲလို့
ကျွန်တော်အဖြေရှာရင်းနဲ့ ကျွန်တော်ရဲ့
စာလေးကိုဆောင်းပါးအဖြစ်နဲ့သာ သိမ်းထားလိုက်
ပါတော့တယ်...။
@arkarsoe
Photo.google
Leave ဘဝတစ်ကွေ့က ချစ်ဦးသူ to:
Read more #myanmar posts
Best Posts From Ar Kar Soe
We have not curated any of arkarsoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.