ANSOE avatar

စိတ်လက်ချမ်းသာ ကိုယ်ကျန်းမာ

ansoe

Published: 27 Sept 2022 › Updated: 27 Sept 2022စိတ်လက်ချမ်းသာ ကိုယ်ကျန်းမာ

စိတ်လက်ချမ်းသာ ကိုယ်ကျန်းမာ

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ကျွန်တော်တို့ဟာ "မြစ်ကမ်းစပ်နားမှာ ထိုင်နေပြီးတော့ ရေငတ်နဲ့တဲ့သူတွေနဲ့ တူနေပြီ"လို့ ထင်ပါတယ်... ဘာကြောင့်လဲဆိုတော့ လောကီ လောကုတ်နှစ်ဖြာလုံးကို အကျိုးရှိစေနိုင်တဲ့အရာတွေကို ပြစ်ချထားကြလို့ပဲဖြစ်ပါတယ်... လောကီ နဲ့ လောကုတ္တရာ နှစ်ခုစလုံးကို အကျိုးရှိစေတယ်ဆိုတဲ့အလုပ်တွေဟာ ကောင်းမွန်တဲ့ အကုသိုလ် ကင်းတဲ့ ကုသိုလ်အလုပ်တွေကို ဆိုလိုခြင်းဖြစ်ပါတယ်...

ဆို‌တော့ ကောင်းမွန်တဲ့အလုပ်တွေကို ကျွန်တော်တို့မေ့လျော့ထားတာလား မသိကျိုးကျွန်ပြုနေခဲ့ကြတာလားဆိုတာတော့ ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး... ပညာရှိ သူတော်ကောင်း‌တွေ မြန်မာနိုင်ငံကြီးမှာ အများအပြား‌ရှိနေသေးတယ်လို့ ကျွန်တော်ထင်ပါတယ်... မကောင်းမှုအကုသိုလ်အလုပ်တွေကို လူအများစုက လုပ်ကိုင်လာကြတဲ့အခါမှာ ကောင်းမှုကုသိုလ်တွေ ဘေးဖယ်ပေးလိုက်ရပါတယ်... ကျင့်ဝတ် သီလတွေကို သိပင်သိသော်ငြားလည်း မိုက်မိုက်မဲမဲနဲ့ အကုသိုလ်အလုပ်တွေကိုပဲ ဆက်လုပ်နေကြမယ်ဆိုရင်တော့ လူ့ဘောင်လောကကြီးက ကောင်းလာမယ်လို့မထင်ပါဘူး...

ဆေးအိတ်ကိုလွယ်ထားပါရက်ကယ်နဲ့ ဆေးတွေကို အသုံးမချတတ် အသုံးမချကြတော့ သေဆုံးနေတဲ့ အသုဘကောင်တွေနဲ့များတူနေလေမလားရယ်လို့လည်း စဉ်းစားမိပါတယ်... ရောဂါကုဖို့အတွက် ဆေးတွေပါတဲ့ ဆေးအိတ်ကို လွယ်ထားပေမယ့် ဆေးတွေကိုနားမလည်လို့လား အသုံးမချသင့်ဘူးထင်လို့လားလို့လဲ ထင်မိပါတယ်... ဆေးရှိပါရက်နဲ့ မကုစားပဲ အသေခံကြမယ်ဆိုရင်တော့ ဆေးအိတ်လွယ်ထားပြီး သေနေတဲ့ အသုဘအလောင်းကောင်တွေ ဖြစ်နေကြတော့မှာပါပဲ...

ကောင်းတာလေးမှ စားချင်တယ် ကောင်းတာလေးမှ ဝတ်ချင်တယ် ကောင်းကောင်းလေးနေချင်တယ်ဆိုရင် ကောင်းတဲ့အလုပ် အကုသိုလ်ကင်းတဲ့အလုပ်တွေကို လုပ်မှ စိတ်လက်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နေနိုင်ပါလိမ့်မယ်... မကောင်းမှုအကုသိုလ်အလုပ်တွေနဲ့ ကောင်းတာတွေစားနေလည်း စိတ်မချမ်းသာနိုင်သလို ကိုယ်လည်းမကျန်းမာနိုင်ပါဘူး... ကောင်းတာလေးတွေ လုပ်မှ ကောင်းတဲ့အကျိုးကို ခံစားကြရမှာပဲဖြစ်ပါတယ်... ဒါတွေက စာထဲမှာပဲ ရှိတယ်လို့ မထင်မှတ်လိုက်ကြပါနဲ့...



ခိုးယူလို့ပဲဖြစ်ဖြစ် လုယက်လို့ပဲဖြစ်ဖြစ် လိမ်လည်လှည့်ဖြားလို့ပဲဖြစ်ဖြစ် ရလာတဲ့ စည်းစိမ် ဥစ္စာပစ္စည်းတွေက ရေရှည်တည်တံ့နိုင်မယ်လို့ထင်မှတ်ပါသလား... စိတ်ချမ်းသာ လက်ချမ်းသာနဲ့ နေနိုင်မယ်လို့ ယုံကြည်နိုင်ပါသလား... သက်ရှိသတ္တဝါတွေကို ညှဉ်းဆဲ သတ်ဖြတ်ခြင်းကနေ ရရှိနေတဲ့ စည်းစိမ်ချမ်းသာများကကော စိတ်လက်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နေထိုင်နိုင်ပါ့မလား... မလား?တွေများနေပြီဖြစ်တော့ ဒီလောက်နဲ့ပဲ နားလိုက်ပါတယ်...


အားလုံးကို လေးစားလျှက် -


ansoe@ansoe

Leave စိတ်လက်ချမ်းသာ ကိုယ်ကျန်းမာ to:

Written by

Myanmar Hive Community(Zeyar Shwe Myay)

Read more #hive-122133 posts


Best Posts From ANSOE

We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ANSOE