ANSOE avatar

My Entry For Around The World - Challenge #49/6 🌎

ansoe

Published: 15 Apr 2026 › Updated: 15 Apr 2026My Entry For Around The World - Challenge #49/6 🌎

My Entry For Around The World - Challenge #49/6 🌎

Hello everyone, have a nice day.


အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


This week I would like to share a marina with you. The name of the marina is "Namo Ghat". This marina is located on the banks of the Ganges River in Varanasi, India.



When our group reached the banks of the Ganges River, it started raining. We were a little wet but we went to the "Namoa Ghat". When we reached the marina, it stopped raining. There are many ghats on the banks of the Ganges River, but none are as famous as "Namo Ghat". "Namo Ghat" combines tradition and modernity. The most prominent feature of this ghat is the large statues in the shape of folded hands. The meaning of these folded hands is to express the cultural traditions of India, as well as to welcome visitors and offer prayers to the Buddha.




There is a children's playground, a food stall, and a library. It is clean and spacious, and you can also see the beautiful view of the Ganges River. It can be said to be a place to relax and unwind. Varanasi is full of ancient heritage. However, "Namo Ghat" is a place built in accordance with the times without damaging the ancient heritage.




There is also a large bridge on the right side of "Namo Ghat". The bridge is divided into an upper and lower side. The upper side is the road and the lower side is the railway. You can see many cars going by and trains going by frequently. This is a strange and beautiful sight for me.



It is a beautiful place where not only tourists but also locals come to relax. If you come to Varanasi, India, I recommend that you relax and enjoy the beautiful scenery of the Ganges River while studying.



ဒီတပတ်မှာ မိတ်ဆွေတို့ကို လှေဆိပ်တစ်ခုကို မျှ‌ဝေချင်ပါတယ်။ လှေဆိပ်ရဲ့နာမည်က "နမောလှေဆိပ်"လို့ခေါ်ပါတယ်။ ဒီလှေဆိပ်က အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့ရဲ့ ဂင်္ဂါမြစ်ကမ်းမှာတည်ရှိတာဖြစ်ပါတယ်။

ကျွန်တော်တို့အဖွဲ့ ဂင်္ဂါမြစ်ကမ်းဘေးရောက်တဲ့အခါ မိုးရွာလာပါတယ်။ မိုးရေအနည်းငယ်စိုပေမယ့် "နမောလှေဆိပ်"ကို သွားခဲ့ပါတယ်။ လှေဆိပ်ကိုရောက်တဲ့အခါမှာတော့ မိုးမရွာတော့ပါဘူး။ ဂင်္ဂါမြစ်ကမ်းမှာ လှေဆိပ်တွေအများအပြားရှိပေမယ့် "နမောလှေဆိပ်"လောက်နာမည်ကျော်ကြားမှုမရှိပါဘူး။ "နမောလှေဆိပ်"က ထုံးတမ်းအစဉ်အလာနဲ့ ခေတ်မီမှုတို့ကိုပေါင်းစပ်ထားပါတယ်။ ဒီလှေဆိပ်ရဲ့ အထင်ရှားဆုံးအမှတ်အသားကတော့ လက်အုပ်ချီပုံသဏ္ဍာန်ရှိတဲ့ ရုပ်ထုကြီးတွေပဲဖြစ်ပါတယ်။ ဒီလက်အုပ်ချီထားတဲ့ရုပ်ထုတွေရဲ့ အဓိပ္ပါယ်က အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံကို ဖော်ပြနေတာဖြစ်သလို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို ကြိုဆိုနှုတ်ဆက်ခြင်း၊ ဘုရားရှင်ကို ပူဇော်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ကလေးကစားကွင်း၊ အစားအသောက်ရောင်းချတဲ့ဆိုင်၊ စာကြည့်တိုက်တို့ရှိပါတယ်။ သန့်ရှင်းသပ်ရပ်ပြီး ကျယ်ဝန်းတဲ့အပြင် ဂင်္ဂါမြစ်ရဲ့ လှပတဲ့ရှုခင်းကိုလည်း မြင်တွေ့နိုင်ပါတယ်။ အနားယူ အပန်းဖြေစရာနေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဗာရာဏသီမြို့က ရှေးဟောင်းအမွေအနှစ်တွေနဲ့ ပြည့်နေ‌ပါတယ်။ ဒါပေမယ့် "နမောလှေဆိပ်"က ရှေးဟောင်းအမွေအနှစ်တွေကို မထိခိုက်စေပဲ ခေတ်နဲ့အညီ တည်ဆောက်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။

"နမောလှေဆိပ်"ရဲ့ ညာဘက်ခြမ်းမှာ ကြီးမားတဲ့ တံတားကြီးလည်းတည်ရှိနေပါတယ်။ တံတားကြီးမှာ အပေါ်ဖက်ခြမ်း နဲ့ အောက်ဖက်ခြမ်းကိုခွဲခြားထားပါတယ်။ အပေါ် ခြမ်းကတော့ ကားလမ်းဖြစ်ပြီး အောက်ခြမ်းကတော့ မီးရထားလမ်းဖြစ်ပါတယ်။ကားတွေက အများအပြားသွားနေကြသလို မီးရထား‌တွေကလည်း မကြာခဏ သွားနေကြတာကို မြင်ရပါတယ်။ ဒါကကျွန်တော့အတွက်တော့ ထူးဆန်းပြီး ကြည့်ကောင်းတဲ့မြင်ကွင်းတစ်ခုပါပဲ။

ခရီးသွားဧည့်သည်တွေသာမက ဒေသခံတွေပါ လာရောက်အပန်းဖြေကြတဲ့ လှပတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့ကို ရောက်ရှိခဲ့ရင် လေ့လာရင်း ဂင်္ဂါမြစ်ရဲ့လှပတဲ့ရှုခင်းကြည့်ကာ အပန်းဖြေအနားယူသင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။


The photo below is the contestant photo for this week's Around The World Challenge #49/6.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #49/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


ansoe@ansoe

15 APRIL 2026 WEDNESDAY

Leave My Entry For Around The World - Challenge #49/6 🌎 to:

Written by

Myanmar Hive Community(Zeyar Shwe Myay)

Read more #hive-125125 posts


Best Posts From ANSOE

We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ANSOE