ANSOE avatar

My Entry For Around The World - Challenge #12/7 🌎

ansoe

Published: 31 Jul 2026 › Updated: 31 Jul 2026My Entry For Around The World - Challenge #12/7 🌎

My Entry For Around The World - Challenge #12/7 🌎

Hello everyone, have a nice day.


အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


A few days ago, I went on a pilgrimage to Sagaing Mountain, which I had not been to for a long time. I had not been to Sagaing Mountain since the powerful earthquake on March 28, 2025. I was saddened to see the destroyed pagodas and monasteries, so I did not go to Sagaing Mountain. Even now, the pagodas and monasteries are still being repaired. There are still pagodas and monasteries that have not been completely repaired. Some organizations and countries have provided assistance, but they have not reached everywhere.

လွန်ခဲ့တဲ့ ရက်အနည်းငယ်က မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ စစ်ကိုင်းတောင်ပေါ်ကို ဘုရားဖူးရောက်ခဲ့တယ်။ ၂၀၂၅ ခု၊ မတ်လ ၂၈ ရက်နေ့ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းတောင်ပေါ်ကို မရောက်ဖြစ်ခဲ့ဘူး။ ပြိုပျက်နေတဲ့စေတီတော်တွေ ဘုန်းကြီးကျောင်းတွေကို မြင်ရတာ စိတ်မကောင်းလို့ စစ်ကိုင်းတောင်ပေါ်ကို မတက်ဖြစ်တာပေါ့။ ယခုအချိန်ထိလည်း စေတီတွေ ဘုန်းကြီးကျောင်းတွေက ပြုပြင်နေရဆဲဖြစ်ပါတယ်။ လုံးဝမပြုပြင်နိုင်သေးတဲ့ စေတီတွေ ဘုန်းကြီးကျောင်းတွေလည်း ရှိနေဆဲပါပဲ။ အဖွဲ့အစည်းတွေနဲ့ နိုင်ငံအချို့က အကူအညီတွေပေးကြပေမယ့် နေရာတိုင်း မရောက်ခဲ့ကြဘူး။


This week's entry was taken from the hill where the Swan Oo Ponnya Shin Pagoda is located in the Sagaing Hll in Myanmar. Among the destroyed pagodas is the Swan Oo Ponnya Shin Pagoda. The renovation of the Swan Oo Ponnya Shin Pagoda is also 60 percent complete.

ဒီတပတ်အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံကို စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတည်ထားတဲ့ တောင်ကုန်းကနေရိုက်ယူခဲ့တာဖြစ်ပါတယ်။ ပြိုကျပျက်စီးသွားတဲ့ စေတီတော်တွေထဲမှာ ဆွမ်းဦးပုညရှင်စေတီတော်ကြီးလည်းပါဝင်ပါတယ်။ ဆွမ်းဦးပုညရှင်စေတီတော်ကြီးကိုလည်း ပြုပြင်နေတာ ၆၀ ရာခိုင်နှုန်း ပြီးစီး‌နေပြီဖြစ်ပါတယ်။



I took pictures of the beauty of Sagaing Hill in the rainy season, avoiding as much damage as possible. Since it is the rainy season, the trees are green and there is no fog, so everything can be seen clearly. Under the cloudy sky, the Shan Yoma Mountains can be seen in the distance, along with the beauty of Sagaing Mountain and the Irrawaddy(Ayeyarwady) River.


စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရဲ့ မိုးရာသီအလှကို အပျက်အစီးတွေကို တတ်နိုင်သမျှမပါအောင်ရိုက်ယူခဲ့ပါတယ်။ မိုးရာသီကာလဖြစ်တဲ့အတွက် သစ်ပင်တွေကလည်း စိမ်းစိုနေသလို မြူ ဖုန် မရှိတဲ့အတွက် အရာရာကို ရှင်းရှင်းလင်းလင်းမြင်‌ရပါတယ်။ မိုးတိမ်တွေရှိနေတဲ့ကောင်းကင်အောက်မှာ အလွန်ဝေးကွာလှတဲ့ ရှမ်းရိုးမ တောင်တန်းကြီးကိုလည်း စစ်ကိုင်းတောင်အလှ၊ ဧရာဝတီမြစ်အလှနဲ့အတူ မြင်တွေ့ရပါတယ်။


❤️❤️❤️❤️❤️❤️ ​🌄🌄🌄🌄🌄🌄🌄 ❤️❤️❤️❤️❤️❤️

The photo below is the contestant photo for this week's Around The World Challenge #12/7.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #12/7. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


ansoe@ansoe

31 JULY 2026 FRIDAY

Leave My Entry For Around The World - Challenge #12/7 🌎 to:

Written by

Myanmar Hive Community(Zeyar Shwe Myay)

Read more #hive-125125 posts


Best Posts From ANSOE

We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ANSOE