နုပျိုတယ်လို့ထင်ကောင်းဆဲ
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
အူဝဲဆိုတဲ့မြည်တမ်းသံနဲ့အတူ လူရယ်လို့ဖြစ်လာခဲ့တဲ့အချိန်ကစလို့ သိတာတွေရှိသလို မသိတာတွေလည်း အများအပြားရှိနေခဲ့တယ်။ လူအဖြစ်ကို ရတဲ့အချိန်ကစလို့ အမှားမှား အယွင်းယွင်းနဲ့ လုပ်ခဲ့တာတွေရှိသလို အမှန်တွေကိုလည်း လုပ်ခဲ့ပါတယ်။ အမှန်နဲ့အမှား မှာ ဘယ်အရာကို ပိုလုပ်မိသလဲဆိုတော့ အမှားတွေကို ပိုလုပ်မိခဲ့တယ်လို့ ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမှား နဲ့ အမှန်ကို သေချာမသိပဲနဲ့ ရမ်းသမ်းလုပ်တာဖြစ်လို့ပါပဲ။ လူ့ဘဝဆိုတာက တိုတိုလေးလို့ ဆိုကြပေမယ့် အဆင်မပြေကြအချိန်တွေမှာတော့ ဘဝဆိုတဲ့အရာက အလွန်ရှည်လျားလှပါတယ်။
ဘဝရဲ့နေဝင်ချိန်ဆိုတာကလည်း တဖြည်းဖြည်းနဲ့ နီးကပ်လာခဲ့ပါတယ်။ အသိတရားတို့က ရင့်ကျက်သင့်သလောက် ရင့်ကျက်လာခဲ့တယ်လို့လည်း ထင်ပါတယ်။ ထင်တာပဲရှိတယ်။ အချို့အရာတွေက လက်တွေ့မကြုံသမျှတော့ တကယ်ရင့်ကျက်မှုရှိမရှိမသိပါဘူး။ ငယ်ရာက ကြီးရင့်လာတဲ့အထိ မပြောင်းလဲတဲ့အတွေးအခေါ်တွေ ရင့်ကျက်မှုမရှိတဲ့လုပ်ရပ်တွေနဲ့ လျှောက်လှမ်းနေကြတဲ့သူတွေကို မြင်ဖူးသလို အတွေးအခေါ်တွေ ပြောင်းလဲသွားကြတဲ့အပြင် ရင့်ကျက်တည်ငြိမ်သွားကြတဲ့ သူတွေကိုလည်း တွေ့ဖူးခဲ့ပါပြီ။ တစ်ရက်ထက် တစ်ရက် ပိုပိုပြီး အိုမင်းလာခဲ့တာ မသိချင်ယောင်ဆောင်နေခဲ့မိတယ်။
သေးသေးလေး အူဝဲကစလို့ တဖြည်းဖြည်း ရင့်ရော်လာတာကို ပျိုရွယ်နုနယ်နေဆဲပဲလို့ အမှတ်မှားခဲ့မိတာတွေလည်း ရှိသပေါ့။ အဲဒီလို အမှတ်မှားမိတယ်ဆိုတာကလည်း ကိုယ်တိုင်က သတိထား သတိရှိမှသာ သိနိုင်ပါတယ်။ သတိမထား သတိမရှိတဲ့သူတွေထဲမှာ အမျိုးသမီးများက ပိုဆိုးနေသလားပဲ။ အမျိုးသမီးတွေက ပိုဆိုးနေသလားပဲလို့ပြောရတဲ့ အကြောင်းရင်းကလည်း ရှိနေပါတယ်။ အသက်(၇၀)ကျော် (၈၀)ကျော်တဲ့တိုင်အောင် အလှတွေပြင် ဝတ်ကောင်းစားကောင်းတွေဝတ် အစားအသောက်မြင်ရင် မနေနိုင်မထိုင်နိုင်နဲ့ စားကြသောက်ကြတာကို အမြဲလိုလို မြင်တွေ့နေလို့ပါပဲ။ အလှအပတွေ ပြန်ရလာအုံးမယ် ပြန်လည်နုပျိုလာကြအုံးမယ်လို့များ ထင်မှတ်နေကြလေသလားတော့မသိပါ။
အသက်(၇၀)ကျော် (၈၀)ကျော် အမျိုးသားများကတော့ သူတို့ရဲ့ အလှအပလည်း စိတ်မဝင်စား ဝတ်ကောင်းစားလှလည်း သိပ်မဝတ်ချင် အစားအသောက်ဆိုလည်း သိပ်မဟုတ်တော့တာ ပတ်ဝန်းကျင်မှာ မြင်နေရပါတယ်။ အဲသူတို့ကျတော့ စိတ်ဝင်စားတာက လ္ဘက်ရည်ဆိုင်ထိုင်လေပန်းတာတို့ အပေါင်းအသင်းတွေနဲ့ ဟေးလားဝါးလားနဲ့နေချင်တတ်ကြပြီးတော့ လွတ်လွတ်လပ်လပ်နေထိုင်တတ်တာကို မြင်ရပါတယ်။ သေချာလိုက်ကြည့်တာမျိုးမဟုတ်ပဲ ပတ်ဝန်းကျင်မှာ မြင်တွေ့မိတာတွေကို ချရေးကြည့်ခြင်းပဲ ဖြစ်ပါတယ်။ အသက်ကြီးလာမှ ကျန်းမာရေးကောင်းချင်တဲ့သူတွေ အသက်ကြီးလာမှ လှချင် ပချင်တဲ့သူတွေ အသက်ကြီးလာမှ ဟိုဟာလိုချင် ဒီဟာလိုချင်တွေ အများကြီးတွေ့ရတဲ့အခါ စိတ်ထဲမှာ မိတ်ဆွေတို့ရဲ့ ဘယ်လိုယူဆကြမလဲ?
အသက်ကြီးကြီးမိန်းမကြီးတစ်ယောက် မိတ်ကပ်အဖွေးသား မျက်ခုံးမွှေးကလည်းဆွဲထားသေးရဲ့ လက်ကိုင်အိတ်အကြီးကြီး ပါးရည်နားရေတွေကတော့ တွန့်နေတာကို မြင်ရတဲ့အခါ အဒေါ်ဒီနေ့လှနေပါလားလို့ မသိမသာ မြှောက်ပင့်ပြောဆိုတာကို သိသိကြီးနဲ့ သာယာနေဆဲဖြစ်ပါတယ်။ ရင့်ရော်ပြီးရင် ကြွေကျရတာသဘာဝပဲဆိုတာကို မေ့လျော့ချင်ယောင်ဆောင်ထားတတ်ကြပါတယ်။ အမှန်တကယ် မမေ့မလျော့ မပေါ့မဆ သတိလေးများ လက်ကိုင်ထားတဲ့သူတွေကိုတော့ မြင်ရခဲမျှပါပဲ။ ရှိတော့ ရှိတယ် အတော်တော့ ရှားလိမ့်မယ်။ ဒီ ပို့စ်ကတော့ အတင်းပြောတဲ့ ပို့စ်လို့သာ မှတ်ပါတော့လေ 😂
"မိမိပြုလုပ်သော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏"
အားလုံးကို လေးစားလျှက် -
@ansoe
Leave နုပျိုတယ်လို့ထင်ကောင်းဆဲ to:
Read more #hive-122133 posts
Best Posts From ANSOE
We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From ANSOE
- My Entry For Around The World - Challenge #12/7 🌎
- My Entry For Around The World - Challenge #7/7 🌎
- My Entry For Around The World - Challenge #5/7 🌎
- My Entry For Around The World - Challenge #4/7 🌎
- My Entry For Around The World - Challenge #2/7 🌎
- My Entry For Around The World - Challenge #52/6 🌎
- My Entry For Around The World - Challenge #51/6 🌎
- My Entry For Around The World - Challenge #50/6 🌎
- My Entry For Around The World - Challenge #49/6 🌎
- My Entry For Around The World - Challenge #48/6 🌎