ANSOE avatar

My Entry For Around The World - Challenge #45/6 🌎

ansoe

Published: 20 Mar 2026 › Updated: 20 Mar 2026My Entry For Around The World - Challenge #45/6 🌎

My Entry For Around The World - Challenge #45/6 🌎

Hello everyone, have a nice day.


အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


It's been a while since I've not been able to write. I want to write letters, but I don't feel like writing for various reasons. As our friends in Myanmar know, nothing is certain. If the politics are bad, the economy is not good. If the economy is bad, the social situation is not good. Transportation is also unreliable, so I don't dare to go anywhere. Let's leave it.

The photos for this contest were taken while traveling in the Sagaing area. I didn’t travel to other areas, so I didn’t take any photos. I only took photos of things nearby. The pagoda seen in this contest photo is almost destroyed. It is an ancient pagoda, but it is not preserved. It is located next to the Mandalay-Monywa expressway. It is in the Sagaing area. This photo was taken from the car while visiting the Kaungmudaw Pagoda at dusk. I don't know the name of the pagoda either. I can see the beautiful colors of the beautiful evening twilight, but there is no clarity.





စာတွေရေးချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် စာရေးဖို့ စိတ်မပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံက မိတ်ဆွေတို့သိကြတဲ့အတိုင်း ဘာတစ်ခုမှ မသေချာဘူး။ နိုင်ငံရေးက မကောင်းတော့ စီးပွားရေးလည်းမကောင်းတော့ဘူး။ စီးပွားရေးမကောင်းတော့ လူမှုရေးလည်းအဆင်မပြေတော့ဘူး။ လမ်းပန်းဆက်သွယ်ရေးကလည်း စိတ်မချရတော့ ဘယ်နေရာကိုမှ မသွားရဲဘူး။ ထားလိုက်ကြပါစို့။

ဒီပြိုင်ပွဲအတွက်ဓာတ်ပုံကိုလည်း စစ်ကိုင်းမြို့ဧရိယာထဲမှာ သွားလာနေရင်းနဲ့ရိုက်ယူထားတာဖြစ်ပါတယ်။ အခြားဒေသတွေကို ခရီးမသွားဖြစ်တော့ ဓာတ်ပုံလည်းမရိုက်ဖြစ်ဘူး။ အနီးအနားမှာရှိတဲ့အရာတွေကိုပဲ ဓာတ်ပုံရိုက်ဖြစ်တယ်။ ဒီပြိုင်ပွဲဝင်ဓာတ်ပုံမှာမြင်ရတဲ့ စေတီတော်က ပြိုကျပျက်စီးလုနီးပါးဖြစ်နေပါပြီ။ ‌ရှေးဟောင်းစေတီတော်တစ်ဆူဖြစ်ပေမယ့် ထိမ်းသိမ်းထားခြင်းမရှိပါဘူး။ မန္တလေး မုံရွာသွား အမြန်လမ်းမဘေးမှာရှိနေတာဖြစ်ပါတယ်။ စစ်ကိုင်းမြို့ရဲ့ ဧရိယာထဲမှာပဲရှိနေတာပါ။ ညနေဆည်းဆာအချိန်မှာ ကောင်းမှုတော်စေတီကြီးကို သွားရောက်ရင်း ကားပေါ်ကနေ ရိုက်ယူထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။ စေတီတော်ရဲ့အမည်ကိုလည်း မသိတော့ပါဘူး။ လှပတဲ့ညနေခင်းဆည်းဆာရဲ့ လှပတဲ့အရောင်တွေကိုမြင်ရပေမယ့် ပီပြင်ပြတ်သားမှုမရှိဘူး။


The photo below is the contestant photo for this week's Around The World Challenge #45/6.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #45/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


ansoe@ansoe

20 MARCH 2026 FRIDAY

Leave My Entry For Around The World - Challenge #45/6 🌎 to:

Written by

Myanmar Hive Community(Zeyar Shwe Myay)

Read more #hive-125125 posts


Best Posts From ANSOE

We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ANSOE